ပထမblog မရေးတော့ဘူးစိတ်ကူးထားတာ tag ထားတဲ့အမတွေကလည်းရှိ ပြီးတော့ အားလုံးကိုသတိရလာ
တာနဲ့ ပြန်ရေးဖြစ်သွားတာ။ အားလုံးနေကောင်းကြတယ်ဟုတ်။ စာတွေနဲ့အလုပ်ရှုပ်နေတာနဲ့ online
လောက်ဘဲတက်ဖြစ်တာ။ အားလုံးကိုတော့သတိရနေပါတယ်။ လောလောဆယ်တော့သီချင်းတွေရေး
ဖြစ်ဖို့ကများမယ်ထင်တယ်။ ပြောရင်းနဲ့လိုရင်းတောင်မရောက်တော့ဘူး။ မမီက အစားအသောက်တဲ့ရေးပြီး
နော်။ကျနော်အမြဲစားတဲ့ အစားအသောက်က ပီကေ :P အဲဒါအစားအသောက်လို့ခေါ်လားတော့မသိဘူး။
ကျနော်က မနက် 7:30 ထရတယ်လေ ကျောင်းတက်ရမှာမို့။ 7:30 ထတယ်။ 5 မိနစ်လို့ အဖွားကိုလက်
ငါးချောင်းထောင်ပြပြီး 35 ထိပြန်အိပ်တယ်။ ပြီးတော့ နာရီကို မျက်လုံးသေးသေးလေးနဲ့ဖွင့်ကြည့်လိုက်
တယ့်အချိန် လက်တံအရှည်ကြီးက 35 အတိဖြစ်နေတဲ့အချိန် မျက်လုံးပြူးမျက်စံပြူးနဲ့ထပြီး ရေချိုးခန်း
ထဲဝင်လိုက်တယ်။ ကျနော်ရေချိုးခန်းကထွက်လာပြီး ကျောင်းယူနီဖောင်းလဲပြီးတဲ့အချိန် အဖွားက
breakfast အဆင်သင့်ပြင်ထားပြီးသား ဖြစ်နေတယ်။ အလှပြင်ရင်းနဲ့ အဖွားခွံ့ကျွေးတဲ့ breakfast ကို
စားတယ်။ ပြီးတော့ ဖိနပ်စီးရင်းပီကေကို ပါးစပ်ထဲပစ်ထည့်လိုက်တယ်။ လမ်းလျှောက်ရင်း ipot နား
ထောင်ရင်း ပီကေ၀ါးရတာ အရသာဘဲ :) အဲ... ဘာလိုလိုနဲ့ကျောင်းနားတောင်ရောက်နေပြီ။ ပီကေကို
မြန်မြန်ထွေးပစ်ရတယ်။ ပီးတော့ ipot ကို အိပ်ထဲထည့် ဟမ်းဖုန်းကို ပိတ်။ ကုတ်အင်္ကျီ ကိုထပ်ဝတ်။
တယောက်ထဲ ကျောင်းနားမှာအလုပ်ကိုရှုပ်နေတော့တာဘဲ :P ပြီးရင်ကျောင်းမှာက ထမင်းကျွေးတယ်
လေ တခါလာလည်း mi so shi ru တခါလာလည်း mi so shi ru အဲဒါနဲ့ဘဲ 2 ပါးသွားရတာ သိပ်
တော့မမိုက်ဘူးဗျ။ ဒီလိုဘဲပေါ့လေ ကိုယ့်နိုင်ငံမဟုတ်တော့ ကျိတ်မှိတ်စားပေါ့။ ဟုတ်တယ်လေ မစားရင်
ကိုယ်ဘဲငတ်မှာ။ အငတ်တော့မခံနိုင်ပေါင် ။ ကျနော်က အစားသာဂျီးများတာ လိုက်ပွဲကတော့ဘာယူ
သလဲမမေးနဲ့ ဟီးး :P ဂျပန်ကျောင်းမှာ စားရတဲ့ထမင်းဆိုတာ က ဗျာ.. ထမင်းရယ်၊ဟင်းရည်တခွက်
ရယ်၊နွားနို့တပုလင်းရယ်၊ နောက် sarata လို့ခေါ်တဲ့ အသီးအရွက်သုတ်ရယ် ငါးတကောင်ရယ် အဲလို
ပုံမျိုး။ ဒီကိုရောက်ခါစကတော့ sarata အရမ်းမုန်းတာ အမြဲတမ်းချန်ချန်ထားတယ်။ ကိုယ့်နိုင်ငံကအရ
သာလောက်မှမကောင်းဘဲကိုး ;) မြန်မာနိုင်ငံမှာဆို ချင်ငံစပ် သိတယ်ဟုတ်။ ဒီမှာတော့ဗျာ ပေါ့ရင်ပေါ့
မပေါ့ရင် ငံပြာရည်ကိုဒီအတိုင်းလောင်းထားလားမှတ်ရတယ်။ ဒီရောက်ခါစကပါ ခုတော့နေသားကျ
သွားပြီး။ သိတယ်ဟုတ် ငတ်မယ့်ကိန်းကိုးး။ ကျနော့ရဲ့နေ့တိုင်းအစားအသောက်ကတော့ ဒါပါဘဲဗျာ။
မမီရေ ရေးပြီးပြီးနော်.. :)
Sunday, November 9, 2008
စားသုံးခြင်းများ
Saturday, August 16, 2008
ဘ၀ခြား
ထိုင်နေသောသူ။ သူမအရမ်းကြိုက်သည်ဆိုသည့် အဖြူရောင်လက်တိုရှပ်အကျီ င်္ကိုဝတ်ဆင်ထားပြီး ဂုတ်တွင်
သူ၏ ပျော့ပျောင်းသော ဆံပင်လေးများမဆိုသလောက်ဝဲနေသည်။ သူမလာရာ လမ်းအတိုင်းမျှော်နေသည့်
မျက်နှာလေးက ဘယ်လောက်တောင်ချစ်စရာကောင်းလည်း။ သူမကြည့်နေရင်းနဲ့ပင် ရင်ခုန်လာသည်။
“ဟိတ်...စောင့်နေရတာတော်တော်ကြာသွားပြီထင်တယ်။ ဆောရီးကွာ”
သူမ၏ အမေးကိုသူမဖြေပါ။ သူမအနားရောက်နေသည်ကို သတိထားမိပုံလည်းမပေါ်။ သူငိုနေသည်။ ဟုတ်ပါ
သည်မျက်ရည်များ ကျနေသည်။
“ဘာလို့ငိုနေတာလည်း။ မငိုနဲ့လေခု အနားရောက်နေပြီဘဲ ဟင်”
သူ့ကို မျက်ရည်သုတ်ပေးသည့်သူမလက်များကို သူမ မယုံနိုင်လောက်အောင်ပင်။
“ဟင်... ငါ ငါ..။ မဖြစ်နိုင်တာ”
သူမ၏ စိတ်များဆောက်တည်မရဖြစ်နေမိသည်။ သူများ၏ ခြေလှမ်းများကလည်း ပြည်လမ်းဆီကိုရောက်နှင့်
နေပြီ။
“ဟာ...ဘာတွေလည်း။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ငါဘာလို့သေရမှာလည်း”
သူမ၏ အသက်မဲ့နေသော ခန္တာကိုယ်က သူမကိုပြန်လည်ခြောက်လှန့်နေသလိုဘဲ။ သူမစိတ်တွေ ဂယောက်
ဂယက်နှင့်သူဆီသို့ပြေးသွားမိသည်။
“ကို နွေးမသေသေးပါဘူးနော်။ ကို နွေးပြောတဲ့စကားတွေ ကြားရတယ်မလား။ ကို...ကို ကျေးဇူးပြုပြီးကြား
ပေးပါ”
ကောင်းကင်မှ မိုးချိန်းသံကြားရသည်။ ဓါတ်ကြိုးပေါ်တွင်ဝဲနေသော ခိုများလည်းသူ့အသိုက်သူပြန်သွားကြ
သည်။ မိုးစက်တွေက ချစ်သူရဲ့ပုခုံးထက် ကိုတဖြည်းဖြည်းလိမ့်ဆင်းနေတယ်။ သူမတကယ်ဘဲမယုံကြည်
နိုင်ပါ။ ကံတရားရဲ့ လှည့်စားမှုကိုလည်းလက်မခံနိုင်ပါ။ ဘ၀တွေကတကယ်ဘဲ ခြားကုန်ကြပြီလား။ သူမခု
နေလိပ်ပြာလေး တစ်ကောင်သာဖြစ်မယ်ဆိုလျှင် ချစ်သူ၏ ဘယ်ဘက်ရင်ဘတ်ပေါ်တွင် ခဏလောက်မှေး
စက်နေမိပါလိမ့်မည်။ သူမဘယ်တုန်းကမှမတွေးခဲ့မိသည့် ဝေးရမယ်ဆိုသည့်အကြောင်း။ အခုတော့တကယ်
ပင်ဝေးရတော့ပါမည်။ သူမနှင့်သူ့အကြားမှာ ခုလို အဖြစ်ဆိုးမျိုးနဲ့ဝေးရမည်ဟုလည်း မထင်မိပါ။ ခုနေသူမ
အသက်ရှင်လျှက်ရှိမည်ဆိုလျှင် ဘုရားဆီကိုအပြေးအလွှားသွားပြီး ချစ်တဲ့သူနှင့်အသက်ရှည်စွာနေရပါလို၏
ဆိုပြီးဆုတောင်းမိလိမ့်မည်။ သူမချစ်တဲ့ သူ့ကိုလည်းဒဏ်ရာမပေးလိုပါ။
“နွေးကိုမေ့လိုက်ပါတော့ကိုရယ်....။ နွေးလေ ကို့ဆီတသက်လုံးပြန်လာနိုင်မှာမဟုတ်တော့ဘူး။ နွေးကို
မေ့လိုက်ပါတော့နော်။”
တဖွဲဖွဲစီးဆင်းနေသည့်မိုးများက အားမရနိုင် ပိုလို့ဖြင့်သည်းလာသည်။ သူမနှင့်သူ၏ မျက်ရည်များလည်းသည်
မိုးနှင့်အတူစီးဆင်းနေသည်။ ရက်စက်လှတဲ့ ကံတရားက ဘယ်အညှိုးနဲ့များ သေကွဲခွဲခဲ့ရသည်ကိုသူမနားမလည်
နိုင်။ သူမရင်ဘတ်ထဲတွင်လည်း သူ့ကိုပြောဖို့ စကားလုံးများပြည့်နှက်နေသည်။
“နွေးရက်စက်တယ်...။ နွေးအရမ်းရက်စက်တယ်ကွာ”
မိုးရေထဲအော်နေသော ချစ်သူကိုလည်းဖြေသိမ့်ပေးဖို့ သူမ မစွမ်းနိုင်တော့ပါ။ အရင်ကလို စိတ်ညစ်တဲ့အခါ
ကူညီနားထောင်ပေးတတ်တဲ့ သူ့ဆီသို့လည်းယခုအခါ သူမရဲ့ နားမလည်နိုင်တဲ့စကားတွေကိုလည်းထစ်ချုန်း
နေ သောကောင်းကင်ကြီးကို ဘာသာပြန်ခိုင်းရမည်လား။ သူမရဲ့ဝိဥာဉ်သည် ချစ်သူသိအောင်မည်သို့ပြော
ပြအံမည်နည်း။
Thursday, July 24, 2008
Sunday, July 20, 2008
ကျနော့ရဲ့ပျင်းခြောက်ခြောက်မွေးနေ့ပွဲ
ကျနော့ရဲ့မွေးနေ့ပွဲကို စတင်တော့မှာကြောင့်ခုံနေရာယူပေးကြပါ....







အမတွေအတွက်
မှတ်ချက်။ ။(အပြန်ကျ ဖိနပ်များသတိထားပါရန် အထူးသတိပေးအပ်ပါသည်) ပုံ-Oks
Friday, July 18, 2008
ငါတို့ရဲ့နယ်မြေ
သွေးစက်လက် လက်တစ်ဖက်နဲ့
နာရီလက်တံတွေကို
လှည့်နေခဲ့ရင်တောင်
ရင်ဘတ်မဲ့တဲ့
တစ္ဆေတစ်စုက
လှောင်ရယ်နေဆဲ။
ထစ်ချုန်းနေတဲ့
2008 ရဲ့ပြက္ခဒိန်ကလည်း
ပေါက်ပြဲလို့။
ငိုသံတွေနဲ့သီချင်းဆို
သွေးစွန်းနေတဲ့ ညနေခင်းတွေနဲ့
ကန့်သတ်နယ်မြေလားဘဲ။
ဒီလိုနဲ့အလင်းတွေကို
ဝါးမြိုနေဆဲ......
ဒီလိုနဲ့ငိုသံတွေက
ကျယ်လောင်နေဆဲ.....
ဒီလိုနဲ့.....
Wednesday, July 2, 2008
လှေတစင်း

ဖြူစင်တဲ့ရင်ခုန်သံတစ်ချို့ကိုမင်းပြုစား။
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
အသက်ရှင်။
2008 ရဲ့အချိန်ကာလတွေက
ရထားတစ်ဆင်းလိုခုတ်မောင်းသွားခဲ့တယ်။
ဒီလိုနဲ့ဘဲ....
တိမ်တိုက်တွေကလည်းရွေ့လျှား
မနက်နဲ့ညတစ်က
ကြိုးပြတ်နေတဲ့ သံစဉ်တစ်ပုဒ်လိုလည်ပတ်။
ဂီတာသံတွေလည်း အရင်ကမသာယာတော့ဘူး
နာရီတွေက ခြောက်တိခြောက်ခြား
ကမ္ဘာခြားနေတဲ့ မင်းနဲ့ငါ
အသက်ရှုသံခြင်း တူခဲ့ရင်လည်း
လွမ်းနေပေး။
အဝေးက ခြေသံလေးကြားခဲ့ရင်လည်း
လွမ်းနေပေး။
တိတ်ဆိတ်တဲ့ အမှောင်ညထဲမှာကြယ်ကြွေခဲ့ရင်လည်း
လွမ်းနေပေး။
မှိန်နေတဲ့ အလွမ်းတွေကို
အိမ်မက်အနမ်းတစ်ခုနဲ့ဆေးချယ်ကြစို့။
Okisu
Sunday, June 29, 2008
Friday, June 27, 2008
ပထမမြောက်ရိုမီယို

Wednesday, June 25, 2008
Tuesday, June 10, 2008
Tuesday, June 3, 2008
အတ္တမဲ့

မုန်းခြင်းရှိမယ်ဆိုရင်
ငါဘယ်သူကိုမှလည်းမချစ်ချင်တော့ဘူး။
ပျော်ရွှင်ခြင်းရဲ့အဆုံးမှာ
ဝမ်းနည်းခြင်းရှိမယ်ဆိုရင်
ငါဘယ်မှာမှလည်းမပျော်ချင်တော့ဘူး။
တွေ့ဆုံခြင်းရဲ့အဆုံးမှာ
လမ်းခွဲခြင်းရှိမယ်ဆိုရင်
ငါဘယ်သူ့ကိုမှလည်းမတွေ့ချင်တော့ဘူး။
အပြုံးတွေရဲ့နောက်ကွယ်မှာ
ဟန်ဆောင်မှုတွေသာပါမယ်ဆိုရင်
ငါဘယ်သူ့ကိုမှလည်းမပြုံးပြမနေချင်တော့ဘူး။
ခြေလှမ်းတွေနဲ့နောက်ကွယ်မှာ
မ၀ံ့မရဲတွေသာပါမယ်ဆိုရင်
ငါဘယ်လမ်းကိုမှလည်း ဆက်မလျှောက်မနေချင်တော့ဘူး။
မျှော်လင့်ခြင်းရဲ့နောက်ကွယ်မှာ
အတ္တတွေသာပါမယ်ဆိုရင်
ငါဘယ်သူ့ကိုမှမျှော်လင့်မနေချင်တော့ဘူး....။
ဝမ်းနည်းမှတ်တမ်း
Thursday, May 29, 2008
လွင့်သွားခဲ့သော

Wednesday, May 28, 2008
my friend
Friday, May 23, 2008
ဖြေကြည့်ပေးနော်

ကြည့်ရအောင်။ ဒီပုံက ရိုးရိုးကြည့်မယ်ဆိုရင်တော့။ ခြစ်ရာတွေအပြည့်နဲ့စာရွက်တစ်ရွက်ပေါ့။ ခံစားပြီးကြည့်
ကြည့်မယ်ဆိုရင်တော့ အဓိပ္ပာယ်တွေပါနေတဲ့ပုံလေးတစ်ပုံပေါ့နော်။ သေချာကြည့်ကြည့်ပါ။ ဘာတွေတွေ့ရ
မလဲဆိုတာ။ ဖြေကြည့်ပေးကြပါနော်။ ဒါပေမယ့်ဖြေတဲ့ထဲမှာ ခံစားချက်တွေပါနေမှအဖြေမှန်နိုင်မယ်ထင်တယ်။
အနီးစပ်ဆုံးဖြေနိုင်မယ့်သူကိုကျနော့ဘက်ကလက်ဆောင်တစ်ခုပေးပါမယ်။ ဖြေဆိုဖို့စိတ်ပါမယ်ဆိုရင်တော့
(okisu.dj@gmail.com) ကိုမေးပို့နိုင်ပါတယ်။
Friday, May 16, 2008
အနက်ရောင်သတို့သမီး

ကော်ဖီစိမ်ထားတဲ့ညနေခင်းကို
အနက်ရောင် ဒေါင့်မြင့်တစ်ရံနဲ့
နင်းခြေလို့ ဆတ်ကော့လက်ကော့
ခြေထောက်တစ်စုံနဲ့
လျှောက်လှမ်းလာခဲ့တယ်။
သူမဆီမှာ မှင်ပြည့် နေတဲ့
မျက်ဝန်းတစ်စုံရှိတယ်။
သူမဆီမှာ ခက်ထန်တဲ့
အပြုံးတွေရှိတယ်။
သူမဆီမှာ သိမ်မွှေ့နူးညံ့တဲ့
မာနတွေ့ရှိတယ်။
သူမဆီမှာ နှင်းဆီပန်းနဲ့အလွန်တူတဲ့
နှုတ်ခမ်းတစ်စုံရှိတယ်။
သူမဆီမှာ မျက်ရည်မကျတတ်တဲ့
မျက်ဝန်းတစ်စုံရှိတယ်။
သူမကိုယ်ပေါ်မှာ အရာအားလုံး
ရင်ဆိုင်မယ်ဆိုတဲ့ အနက်ရောင်
ဝတ်စုံတစ်ခုလည်းရှိသေး။
သူမဘယ်သူကိုမှလည်းမကြောက်ဘူး။
မကြောက်လည်း မကြောက်တတ်ဘူး။
ခပ်မှိန်မှိန်အလင်းဖျော့နေတဲ့
ညနေခင်းတွေကိုလည်းတစ်ယောက်ထဲ
လျှောက်လှမ်းနေဆဲ....။။။။။။။
Monday, May 12, 2008
Friday, May 9, 2008
အိမ်မက်တစ်ခုရဲ့ KING
အမုန်းတွေနဲ့

အသက်ဆက်နေရတဲ့ငါ။
မျှော်လင့်ခြင်းတွေတိုင်ထူပြီး
ခိုးကြည့်ခြင်းတွေနဲ့
တည်ဆောက်ထားတဲ့
ငါ့ရဲ့အိမ်လေး။
မင်းပျင်းလို့
လမ်းလျှောက်ခြင်တယ်ဆိုရင်
ငါ့ရဲ့ရင်ခွင်ပန်းခြံလေးကိုလာခဲ့။
မင်းပျော်ဖို့အတွက်ဆိုရင်
ဂစ်တာ တစ်လက်နဲ့မိုးလင်းပါစေ။
ငါ့နှလုံးသားတစ်စုံကို
ဖိနပ်တရံ လုပ်ပြီး
ဆူးများတဲ့လမ်းမှာမှ
လျှောက်ခြင်တယ်ဆိုရင်လည်း
မင်းအလိုကျ။
ငါ့လက်မောင်းသွေးကို
ဝိုင်တစ်ခွက်အဖြစ်သုံးဆောင်နိုင်တယ်။
အရာအားလုံးမင်းအတွက်ဆိုတာ
မင်းယုံထားလိုက်။
တစ်ခုတော့ရှိတယ်
နေ၀င်ချိန်တွေတော့ငါ့ကို
မပေးခဲ့ ပါနဲ့
ငါ သေလောက်အောင်ကြောက်လို့....။။။။။။
Thursday, May 8, 2008
Saturday, April 26, 2008
ပျော်ရွှင်မှုရှာခြင်း

Wednesday, April 23, 2008
သူ့အတွက်

Saturday, April 19, 2008
E ဋိ
၂။ မရိုးသားသူ....... ကိုယ်ကအီးပေါက်သော်လည်းဝန်းမခံဘဲလွှဲချတတ်သူ။
၃။ မိုက်မဲသူ...... အီးပေါက်ချင်သော်လည်း မပေါက်ဘဲအတင်းအောင့်ထားသူ။
၎။ ဗဟုသုတကြွယ်ဝသူ....... ဘယ်အချိန်ဘယ်နေရာတွင်အီးပေါက်ရမှန်းသိသူ။
၅။ ဒုက္ခရောက်နေသူ......... အီးအလွန်ပေါက်ချင်ပါသော်လည်း အီးပေါက်ရန်ကြိုးစား၍မရသူ။
၆။ လျှို့ဝှက်တတ်သူ......... လက်သည်မပေါ်အောင်(သို့) ကို့လက်ချက်မှန်းမသိအောင်ပေါက်တတ်သူ။
၇။ ၀ါးကြွားသူ........ အီးပေါက်နိုင်ခြင်းနှင့်ပတ်သက်၍အလွန်ဂုဏ်ယူတတ်သူ။
၈။ နှိပ်စက်သူ....... လူများသောနေရာတို့တွင်ရွေးပြီး အီးပေါက်တတ်သူ။
၉။ သိပ္ပံပညာရှင်...... အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်းမှာစိုးရိမ်သူ။
၁၀။ ရှက်တတ်သူ...... အီးပေါက်ပြီးမျက်နှာတစ်ခုလုံးနီရဲလာသူ။
၁၁။ အကြံပိုင်သူ..... အီးပေါက်သော်လည်း သူ၏အီးပေါက်သံကိုမကြားအောင်အကျယ်ကြီးဖြင့်အော်ရယ်သူ။
၁၂။ အလွန်တုံးပြီးအသုံးမကျသူ...... အီးပေါက်လိုက်တာ ငါ့ကိုယ်ထဲကလေတွေလျှော့သွားပြီလို့ထင်ပြီး။
Balance ဖြစ်အောင်အသက်ကိုပြင်းပြင်း ရှုသွင်းမှဟုဆို၍အသက်ကိုပြင်းပြင်းရှုသွင်းသူ။
၁၃။ ကပ်စေးနဲသူ..... အီးကိုကုန်အောင်မပေါက်သူ။
၁၄။ အတ္တကြီးသူ..... ငါ့အီးတော်တော်မွှေးပါလားဟုယုံကြည်သူ။
၁၅။ အပေါင်းအဖော်မက်သူ...... သူတစ်ပါးတို့အီးပေါက်ခြင်းကိုနှစ်သက်သူ။
၁၆။ သီးသန့်ဆန်သူ....... ဆိတ်ကွယ်ရာသို့သွားပြီးမှ အီးပေါက်သူ။
၁၇။ ရေကိုချစ်သူ........ ရေချိုးကြွေဇလုံကြီးထဲတွင် ရေချိုးသန့်စင်ရင်းအီးပေါက်သူ။
၁၈။ အားကစားသမား........ ပင်ပင်ပန်းပန်းအင်အားမစိုက်ရဘဲ အီးပေါက်နိုင်သူ။
၁၉။ ရိုးသားသူ...... အီးပေါက်ကြောင်းဝန်ခံသူ။
၂၀။ အသိဥာဏ်ရှိသူ........ အသံကြားရုံဖြင့် ဘယ်သူအီးပေါက်တယ်ဆိုတာ ဖော်ထုတ်နိုင်သူ။
၂၁။ ကံဆိုးသူ........ အီးပေါက်ရန်ကြိုးစားရာမှ ချီးထွက်သွားသူ။
ကိုယ်ဘယ်လိုလူစားမျိုးဆိုတာ စဉ်းစားကြည့်ရအောင်။ ကျနော်ကတော့ အကြံပိုင်သူဖြစ်ပြီး တစ်ခါတစ်လေ
လျှို့ဝှက်သူဖြစ်သွားတတ်ပါတယ်။ အားလုံးဘဲ E ဋိနဲ့ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေရဲ့ အကျင့်ကိုသိနိုင်ပါတယ်။
Tuesday, April 15, 2008
တမ်းတမိခြင်း

Les't Dance!
ကျနော်အရမ်းအားကျမိတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့နံမည်က ひとりでできるもん
(hi to ri de de ki ru mon) ဖြစ်ပါတယ်။ သူရဲ့ အကတွေကိုအမြဲ ကျနော်ကြည့်ဖြစ်
တယ်။ အားလုံးဘဲ ခံစားကြည့်ကြပါ။
Saturday, April 12, 2008
သင်္ကြန်ပိုး

ဖို့ကောင်းတယ်။ အရမ်းသတိရတယ်ဗျာ။ ကျနော်တို့ဒီမှာက 27 မှလုပ်မှာ။ နောက်ကျတာပေါ့နော်။ ကျနော်က
မသိဘူး။ 13 ရက်ထင်လို့ ပျော်နေတာ။ မေကြီးပြန်ပြောမှဘဲသိတယ်။ စိတ်ပျက်တယ်ဗျာ။ ခုလောက်ဆိုအားလုံး
ကဲနေလောက်ပြီပေါ့။ ပျော်စရာကြီးဗျာ။ အရင်ကလို ရေခဲရေနဲ့ မသိမသာပက်ပြီး၊ အိုးမဲအနေကနေလိုက်သုတ်
ချင်လိုက်တာဗျာ။ လမ်းတစ်လမ်းနဲ့တစ်လမ်း စတီးပြွတ်ကိုယ်စီနဲ့ စစ်တိုက်ချင်သေးတယ်။ ခုတော့ထိုင်ပြီးအိမ်
မက်မက်နေရုံကလွဲလို့ဘာမှမတတ်နိုင်ဘူး။ ကိုယ့်ကိုကိုယ်ရေပြန်လောင်းရုံကလွဲပြီးဘာမှ တတ်နိုင်မှာမ ဟုတ်
ဘူး။ အရင်ကဆို မဏ္ဍာပ်အမြဲထိုင်နေတဲ့ကျနော်။ ဒီနေ့လည်းသင်္ကြန်ပိုးကိုမျိုချပြီး အိမ်မှာဘဲထိုင်နေရဦးမှာဘဲ။
ခုလာမဲ့ 27 ရက်Tokyo ရဲ့ (Oo gii)သင်္ကြန်ပွဲမှာရှိမှာဘဲ။ အားလုံးဘဲတွေ့ရင်ခေါ်ပါနော်။ ခုလောလောဆယ်အိမ်
မှာဘဲရှိ နေမှာပါ...။။။။။
Wednesday, April 9, 2008
ကျောင်းတက်ပွဲ

Sunday, April 6, 2008
ရှင်သန်နေဆဲ

Saturday, April 5, 2008
နှလုံးသားတစ်ခု၏မှတ်တမ်း

Tuesday, April 1, 2008
ကြယ်များ၏ခြေလှမ်း
အမှောင်ထုကို ဖြိုခွင်းရင်း
သူနဲ့ကျနော်
လမ်းလျှောက်လာခဲ့တယ်။
ကောင်းကင်ကြီးကို
မော့ကြည့်တော့
လမင်းရဲ့အဖော်တွေ
ဆင်းသက်လို့။
သူတို့တွေကိုကြည့်ရင်း
သူ့ကိုကျနော်မေးမိတယ်။
“ကြယ်လေးတွေက ဘယ်ကိုသွားကြတာလည်းဟင်”
သူက
“ကြယ်လေးတွေကသူ့ချစ်သူဆီသွားကြတာ”တဲ့
ကျနော်က
”တစ်ကယ်လို့အဖေအမေသို့မဟုတ်ချစ်တဲ့လူမရှိတဲ့ကြယ်လေးတွေဆိုရင်ရော”
သူက
“တစ်ယောက်ထဲ လေလွင့်နေမှာပေါ့”
ကျနော်ကြယ်လေးတွေကို
ငေးကြည့်ရင်းအတွေးများစွာနဲ့...။။။။။။
ဗိုင်းရပ်ဝင်ခြင်း
အခု ၀တ္တုဆက်ရေးနေတယ်။ ခဏလောက်တော့စောင့်ပေးကြပါနော်။
Tuesday, March 25, 2008
ကျောင်းဆင်းပွဲ

ရောက်မလာတော့လည်း
တစ်မျှော်မျှော်နဲ့
ရောက်လာမဲ့နေ့ကို
စောင့်နေမိတယ်။
တစ်ကယ့်တစ်ကယ် ကျတော့
ဝမ်းနည်းစရာမကောင်းဘူးလို့
ထင်ထားပေမယ့် အလိုလိုနေရင်း
ရင်ဘတ်ထဲမှာ ဆို့နစ်နေမိတယ်။
ချယ်ရီပန်းလေးတွေမြေခလို့
လွမ်းစရာကောင်းတဲ့
မနက်ခင်းလေးပါဘဲ။
အားလုံးက ခွဲရမယ်ဆိုတာ
အလိုလိုနေရင်းသိနေပေမယ့်
ငိုချင်တဲ့စိတ်ကို
ကြိတ်မှိတ်မျိုသိပ်ထားကြတယ်။
အားလုံးရဲ့ ရင်ထဲမှာ
အမှတ်တရ ကိုယ်စီနဲ့
နှုတ်ဆက်စာလေးတွေ ကိုင်လို့
ဆာယိုနာရာတဲ့။
ဖြေသိမ့်ဖို့ ဆေးမရှိပေမယ့်
နွေးထွေးမှုရှိတဲ့ ဆရာဆရာမတွေရဲ့
စကားသံတွေ။
ကျောင်းကြီးကတော့
နှုတ်ဆက်စကားတွေပြည့်နှက်လို့
စကူလ(ချယ်ရီပန်း)တွေကတော့
လေနဲ့အတူကြွေကျနေဆဲပေါ့။။။။
Sunday, March 23, 2008
ကဗျာဟာမင်း

ငါဟာကဗျာတစ်ပုဒ်ကို
စတင်သီကုံးခဲ့တယ်။
အပြာရောင် ဖောင်တိန်လေးနဲ့
အဖြူရောင် စာရွက်လေးတွေက
ငါ့ရင်ဘတ် ကိုနေရာယူခဲ့တယ်။
အရင်ကဆို မင်းရဲ့
အပြုံးချိုချို လေးတွေက
ငါ့ရဲ့ ပထမပေါ့။
မင်းမရှိတော့တဲ့ နောက်
အလွမ်းဆွေး ကဗျာလေးတွေက
ငါ့ရဲ့အဖော်အဖြစ်နေရာယူခဲ့တယ်။
ငါဟာ ရှင်ရက်နဲ့သေနေတဲ့
သူတစ်ယောက်ပါ။
နေ့စဉ်နေ့တိုင်း ကဗျာဆိုတဲ့
သွေးတွေက ငါ့ရင်ဘတ်ထဲက
ဖောက်ထွက်နေခဲ့တယ်။
ဘာကြောင့် လည်းဆိုတော့
ကဗျာဆိုတဲ့ အပိုင်းအစတွေက
မင်းဆိုတဲ့သူတစ်ယောက်
ဖြစ်နေလို့ဘဲ...။။။။။။
ဆိုးလိုက်တဲ့အဖြစ်

တာပေါ့ဗျာ။ အရင်ကဆို“မင်းတို့သာကေတကဘယ်လောက်များအဆင့်အတန်းရှိလို့လည်း။ နက်ဆိုင်ဘယ်
နဆိုင်ရှိလို့လည်း” အဲလိုသယ်ရင်းတွေ ပြောခံရတဲ့ဘ၀ကလွတ်ပြီပေါ့ဗျာ။ စိတ်ထဲမှာတော့ ငါကွ ဆိုပြီးရေ
ရွတ်လိုက်မိတယ်။ ရန်ကုန်အချိန်ညနေခင်းကျတော့ ကျနော့ဦးလေးကအဲဒီဆိုင်ရောက်သွားတယ်။ ကျနော်
လည်း ကျနော့လေးလေးကအဲဆိုင် ရောက်နေပြီဆိုတော့ ပြောမယ်ဆိုပြီး စိတ်ကိုဒုန်းဒုန်းချပြီး ကွန်ပြူတာ
ဖွင့်လိုက်တာပေါ့ဗျာ။ စက်ကလည်း ပွင့်တော့ပွင့်တယ် ထစ်နေတာနဲ့ စောင့်ရင်းစောင့်ရင်း နာရီဝက်တောင်
ကြာသွားတာနဲ့ ကျနော်လည်းစိတ်ပေါက်ပေါက်နဲ့ နာရင်းအုပ်ပြီး ပြန်ပိတ်ပြီး ပြန်ဖွင့်ရတာပေါ့။ စလာထဲ
က ကံကဆိုးနေတာ။ အဲဒါနဲ့ဘဲပွင့်သွားတယ်ဆိုပါစို့ဗျာ။ ပွင့်လည်းပွင့်သွားရော စပြီးပြောကြတာပေါ့Vzo
ကနေ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်တွေ့လည်းသွားရော လန့်သွားတာဘဲ။ လေးလေး
က “ဟယ်....၀လာလိုက်တာဝက်ကြီးကျနေတာဘဲ” ကြည့် စလာထဲက တူမကိုအမွှန်းတင်နေလိုက်တာ။ ကျ
နော်ကလည်းဘယ်ရမလည်း “ဟယ် လေးလေးရယ်မဲပြီးဝလာလိုက်တာ တော်တော်လေးကိုဘဲ” အဲလိုပြန်
ပြောလိုက်တာပေါ့။ နှစ်ယောက်စလုံး အသံတွေကနောက်ကျနေတော့အော်ပြောရတာဘယ်လောက်လည်း
ဆိုတော့လိပ်ခေါင်းတောင်ထွက်တော့မယ် အော်ရတာ Vzo ဆိုတော့သိတယ့်အတိုင်းဘဲမလား။ စကားက
နောက်ကျရတဲ့ထဲ မိုက်ကမကောင်းတော့ ပိုဆိုးတာပေါ့ဗျာ။ အသံကုန်အော်နေရတာ လည်းချောင်းတောင်
ကွဲတော့မလားဘဲ။ သိပ်မကြာပါဘူး လေးလေးကနှုတ်မဆက်ဘာမဆက်နဲ့ ထွက်သွားတယ်။ ကျနော့်မှာ
လာမလား လာမလားနဲ့ စောင့်နေလိုက်တာမိနစ်၂၀လောက်ကြာသွားတယ်။ အဲဒါတောင်ပေါ်မလာဘူး
ခဏနေတော့ အဲဒီကုန်တိုက်က ၀န်ထမ်းမိန်းမတစ်ယောက်ပြုံးစိစိနဲ့ ကွန်ပြူတာနားကပ်လာတယ်။ ကျ
နော့ကို သေသေချာချာဝက်ကမ်နားကပ်ပြီး လာကြည့်သွားတယ်။ ကျနော်ဘယ်ရမလဲ OkIsU ဆိုတဲ့ကောင်
က ဘယ်သူ့ဆီကမှ သေးသေးတင်ခံတာမဟုတ်ကြောင်း ပြမယ်ဆိုပြီး ၀က်ကမ်းကိုမျက်နှာနားကပ်လိုက်ပြီး
ပြောင်ပြ လိုက်တာပေါ့။ အဲဒီဝန်ထမ်းမိန်းမက ရယ်လိုက်တာ ခွီးခွီးနဲ့။ ကျနော်ကအားကျမခံ စာရိုက်လိုက်
တာပေါ့ ဂျီတော့ကနေ “ဝေးးးးးးးလူဘယ်ရောက်သွားတာလည်းမသိဘူး။toiles သွားတာလားခေါ်ပေးဦး
ဟိတ် မရယ်နဲ့လေ” အဲဒါနဲ့ အဲဒီဝန်ထမ်းမိန်းမက ကော့တော့ကော့တော့နဲ့ ပြုံးစိစိလုပ်ပြီးထွက်သွားတယ်။
ခဏနေတော့လူတွေ အားလုံးက ကျနော့ရယ်ဦးလေးရယ်ပြောနေတဲ့ ကွန်ပြူတာနားကပ်လာကြတယ်။
အားလုံးက ကျနော့ကိုငေးကြည့်နေကြတယ်။ ၅ ယောက် ၆ယောက် လောက်ရှိမယ်လို့ထင်တာဘဲ။ ရှက်
လိုက်တာဗျာ။ အဲဒီမှာ ပါလာတဲ့ မဲမဲသဲသဲနဲ့ကုလားမလေးက ခုံနေရာတောင်ဝင်ယူလိုက်သေးတယ်။ကျနော်
လည်းရုတ်တရက်ဆိုတော့ဘာလုပ်ရမလည်းမသိဘူးဖြစ်သွားတာပေါ့။ ကျနော်လည်း ရှက်ရှက်နဲ့ “ဟိတ်
ဘာဝိုင်းကြည့်နေတာလည်း။ ဘာလည်းကွာ” လူတွေက သဲကြီးမဲကြီးကို ကြည့်နေကျတာဗျ။ ကျနော့်ကို
အမှုတစ်ခု ကျူးလွန်ထားတဲ့ လူတစ်ယောက်လိုဝိုင်းကြည့်နေကျတာ။ ကျနော်လည်းကြောက်အားလန့်
အားနဲ့ ဘယ်ရမလဲ။ ၀က်ကမ်ကို မှောက်လိုက်တာပေါ့။ ၀က်ကမ်လည်းမှောက်လည်းရော ဟိုဘက်က
ပိတ်သွားတယ်။ ဟူးး တော်သေးတာပေါ့။ ကျနော်လည်းဟိုဘက်က ပိတ်လိုက်မှ သက်ပြင်းချနိုင်တော့
တယ်။ ကျနော့ဦးလေးကလည်း ပြောပြီးတာနဲ့ ပိတ်တောင်မပိတ်သွားဘူး။ ဒီတိုင်း ထပြန်သွားတယ်ထင်
ပါရဲ့ဗျာ။ အင်းလေ သာကေတသားဆိုတော့ ဒီလောက်တော့ရှိမှာပေါ့။ ကျနော့မှာတော့ လူတွေဝိုင်းကြည့်
လို့။ သူကတော့ ဘယ်သိရှာမလဲ.... ဟင်းး တွတ်ပီပြောသလိုဘဲ ဒီနေ့ကံမကောင်းပါလား....။။။

Friday, March 21, 2008
Wednesday, March 19, 2008
သူငယ်ချင်းသို့

Tuesday, March 18, 2008
ဘဝ
မဲနယ်ဆိုးထားတဲ့ အမှောင်ကို
ငါမေးကြည့်တော့ ဘ၀ဆိုတာ
သန်းခေါင်ယံတဲ့။
ဒီလိုနဲ့ဘဲဆက်လျှောက်လာခဲ့တယ်
ရုတ်တရက် နေလုံးကြီးက
ဖြီးပြတယ်။
ဘ၀ဆိုတာဘာလဲ
ငါမေးကြည့်တော့ ဘ၀ဆိုတာ
ကပျာကယာတိမ်တဲ့။
သေလို့ရတဲ့အဖြေတွေဘဲ
ငါစိတ်တွေလေလို့
ဆက်လျှောက်လာခဲ့တယ်။
ဒီလိုနဲ့ဘဲ မလှမ်းမကမ်းက
ရေအိုင်လေးကိုတွေ့ပြန်ရော
ဘ၀ဆိုတာဘာလည်း
ငါမေးကြည့်တော့
သူကပြန်ဖြေတယ်
ဘ၀ဆိုတာ ဖြောင့်စင်းနေတဲ့
ပင်လယ်ကြီးတဲ့။
ငါနားမလည်နိုင်တော့ဘူး။
ဘ၀ဆိုတာဘာလည်း
ကြိုးပျက်နေတဲ့အရုပ်တစ်ရုပ်လား??
ကူးခတ်နေတဲ့လှိုင်းလေတွေလား??
ကျေးဇူးပြု၍ ငါ့ကိုဖြေပေးကြပါ....။။။။။
Sunday, March 16, 2008
နေတစ်စင်း၏ဦးတည်ရာ
ကိုအလှဆင်နေကြသည်။ နေမင်းသူစာမူကိုလက်စသတ်လိုက်သည်။ အဖေနဲ့အမေမြို့သို့ပြောင်းလာသည်က သိပ်မကြာသေးတော့သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်မမရှိ။ တစ်နေ့တစ်နေ့ပျင်းပျင်းနှင့်စာသာ
ထိုင်ရေးရင်ရေးမရေးရင် လက်ဖက်ရည်ဆိုင်သာသွားထိုင်နေရသည်။အိမ်မှာစာရေးမည်ဆိုလျှင် အမေကဟို
ဟာခေါ်ခိုင်းဒီဟာခေါ်ခိုင်းနှင့်စာကိုရေးရတော့မည်မထင်သောကြောင့်ဒီနေ့ကျောင်းကိုဘယ်လူမှမရောက်ခင်
စောစောထွက်၍လာရေးနေခြင်းပင်။၁၀တန်းကျောင်းသားကျောင်းသူတွေပေါင်းပြီးကဗျာနဲ့တ္တုစာအုပ်တစ်အုပ်
ထုတ်သည် ဟုအသံကြားထဲက စိတ်ထဲတွင်ပေးမည် ဟုဆုံးဖြတ်ထားသည်။ ဒါပေမယ့် ဘယ်လူ့ကိုပေးရမှန်း
မသိဘူး။ နေမင်းသူတစ်ယောက်တစ်ညလုံး အိပ်ရေးပျက်ပြီးစာရေးထားတာလည်းတစ်ကြောင်း၊မနက်စောစော
ထရတာကလည်းတစ်ကြောင်းကြောင့် ငိုက်ခနဲ့အိပ်ပျော်သွားသည်။
"ဟေ့ကောင်...ခဏစောင့်ဦးကွ"
နောင်မင်းတစ်ယောက် ကျော်မျိုးကို လှမ်းအော်လိုက်သည်။ရုတ်တရက်၂ယောက်သားအခန်းထဲအ၀င်
"ဟင်... ဘယ်လူလည်းမသိဘူး"
နောင်မင်း အံသြသွားသည်။ ကျော်မျိုးက
"ဟယ်... ဟုတ်ပါ့။ ကျောင်းစောင့်သမီးလားမသိဘူး"
"ဟာ...မင်းကလည်းကွာ အဖြူနဲ့အစိမ်းဝတ်ထားတာကွ"
၂ယောက်သားအံသြစွာ မှင်သက်နေကြသည်။ ကောင်မလေးပုံစံက ဘယ်နှနှစ်ဘယ်နှလထဲက အိပ်ရေးပျက်
နေသည်မသိ။ အိပ်နေလိုက်တာမှ သူ့အမေအိမ်ကြနေတာဘဲ။
ပုံစံက ၀၀တုတ်တုတ်လေး။ မျက်နှာကတော့ ဂျစ်ကန်ကန်ပုံ။ ဆံပင်ကိုဖြောင့်ပြီး ဆံမိတ်ကိုမျက်လုံးထဲဖုံးသည်
ထိ ချထားသည်။ ထူးဆန်းသည်က ထမီကိုခြေသလုံးထိဝတ်ထားပြီး ဘောင်းဘီအရှည်က အောက်ကထွက်
နေသည်ပင်။ သူတို့၂ယောက်တော်တော်လေးကိုထူးဆန်းနေသည်။ ခဏအကြာ ညီညီတို့ တို့အုပ်စုရောက်
လာကြသည်။ အားလုံးကထူးထူးဆန်းဆန်း ကြည့်နေကြသည်။ နေမင်းသူက တော့အိပ်နေလိုက်သည်မှာသွား
ရည်တောင်ကျနေသည်။
"ထားပါကွာ။ သူဘာသာသူအိပ်ပါစေ။ငါတို့နေရာငါတို့ပြန်ထိုင်ရအောင်ကွာ"
ကျော်မျိုးဆွဲခေါ်ရာနောင်မင်းမလိုက်ချင်လိုက်ချင်နှင့်ပါသွားသည်။ကျောင်းသားကျောင်းသူများအားလုံးရောက်နေ
ကြပြီအားလုံးက နေမင်းသူကို စိတ်ဝင်စားနေကြသည်။ ခဏအကြာ ဆရာရောက်လာသည်။
"ကဲအားလုံးတိတ်တိတ်နေကြပါ"
ဆရာ့၏စားပွဲပေါ်သို့ကြိမ်လုံးနှင့်ရိုက်လိုက်သံကြောင့်နေမင်းသူလန့်နိုးသွားသည်။ မျက်လုံးလက်ဖြင့်ပွတ်လိုက်
သည်။ ခဏကြာ
"ကဲအားလုံးဘဲ။ဒီနေ့တို့ကျောင်းကိုကျောင်းသူတစ်ယောက်အသစ်ယောက်လာတယ်။လွန်ခဲ့တဲ့တစ်လလောက်က
မှဆရာတို့မြို့ကိုပြောင်းလာတာ။သူနံမည်ကနေမင်းသူတဲ့အားလုံးဘဲမှတ်ထားကြပါ။သူငယ်ချင်းနားမလည်တာရှိရင်
လည်းကူညီပေးလိုက်ပေါ့နော်"
အားလုံးက နေမင်းသူကိုကြည့်နေကြသည်။ နေမင်းသူကတော့ဘယ်လူမှဂရုမစိုက်သည့်ပုံဖြင့် ကျောက်သက်ပုန်း
သို့ငေးမောနေသည်။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
"ဒေါင်" "ဒေါင်"
ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူအသံများရုတ်တရက်ဆူညံသွားသည်။ နေမျိုးနှင့်အောင်အောင်တို့
အုပ်စု မုန့်မစားနိုင်သေး။ စာမူများကိုရွေးနေကြသည်။အကုန်လုံးလက်ခံလို့ရတာမဟုတ်ဘူး။ တစ်ချို့ကနောက်
ပြောင်ရုံသက်သက် ရေးထားတော့စာများဖြစ်သည်။ သူတို့စာအုပ်ကိုတော်ရုံတန်ရုံ အပေါစားစာအုပ်မဖြစ်စေချင်။
နောင်မင်းတို့အုပ်စုစာရွက်များဖြင့်အလုပ်ရှုပ်နေကြသည်။ ရုတ်တရက်
"ဘုတ်"
စာအုပ်တစ်အုပ်ကို ဘုတ်ကနဲ့နေအောင်တင်လိုက်သည်။ အားလုံးလန့်ဖြန့်သွားကြသည်။ စာအုပ်ပိုင်ရှင်ကိုကြည့်
လိုက်တော့ခုနကအိပ်ပုတ်ကြီးနေသည့်ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေသည်။ပါးစပ်ထဲမှာလည်းအချဉ်ထုတ်ကိုပါး
လုတ်ပါလောင်းစားနေသည်
"ဒီမှာ..... စာမူလာပို့တာ"
ကောင်မလေးပုံဆံက ဂျစ်ကန်ကန်နှင့်နောင်မင်းဒေါသထွက်သွားသည်။ ကောင်မလေးပုံစံက ဘယ်လူမှဂရုမစိုက်
သည့်ပုံစံ..
"ဒီမယ်.... မင်းစကားကိုကောင်းကောင်းပြောပါ။ မင်းသိထားဖို့က ငါတို့အားလုံးကအယ်ဒီတာတွေဆိုတာဘဲ"
နေမင်းသူက အချဉ်ထုတ်ကိုတစ်ကိုက် ကိုက်၍
"အယ်ဒီတာမို့ဒီလောက်ထိ အဖက်လုပ်ပြီးစကားပြောနေတာပေါ့။ မကျေနပ်လည်းမတတ်နိုင်ဘူး"
နောင်မင်း တင်းသွားသည်။ တော်တော်လေးကို မခံမချိဖြစ်သွားသည်
"ငါ့တစ်သက် တစ်ခါမှဘယ်မိန်းကလေးမှ အဲလိုပြောတာမခံရဘူး မင်နဲ့ကျမှကွာ"
နေမင်းသူအချဉ်ထုတ်စားနေတာကိုလတ်စသတ်၍
"ဒီမယ်... အိမ်ကအဖေကျနေတာဘဲတော်တော်နားညီတယ်ဗျာ။ ခင်ဗျားစကားနားထောင်ဖို့ဒီကိုလာတာ
မဟုတ်ဘူး။ ဒီနေ့ကျောင်းပြန်ရင်လာအကြောင်းပြန်လိုက်စောင့်နေမယ်ဒါဘဲ"
နေမင်းသူလှလည့်ထွက်သွားသည်။ အားလုံးက ပါးစပ်အဟောင်းသားနှင့်။ နောင်မင်းကတော့
"ဘယ်လိုကောင်မလေးလည်းမသိဘူး။ ဂျစ်ကန်ကန်နဲ့။ သူ့ဝတ္တုကို ငါတို့ထည့်ပေးမှပါရမယ်ဟာကို။ ပြောသွားတာကိုကအချိုးကိုမပြေဘူး"
နောင်မင်းတစ်ယောက်ပွစိပွစိဖြင့်ကျန်ခဲ့သည်။ သူငယ်ချင်းများကတော့ သူ့ဝတ္တုကို ကောက်ဘဲဖတ်ရမလို လွတ်ဘဲပစ်ရမလိုဖြစ်နေသည်။ ရာသီဥတုကတော့သာယာနေဆဲ။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
မျှော်
မျှော်
ထောက်နေတဲ့ အပိုဒ်တွေရှိရင်တော့ သည်းခံပေးကြပါနော်။ ကျနော့်ရဲ့ ၀တ္တုလေးကို တနလာင်္နေ့နက်ဖြန်တင်
ပေးပါ့မယ်။ ဖတ်ရတာအဆင်ပြေမယ်ထင်ပါတယ်။ လောလောဆယ်တော့ ခဏစောင့်ပေးကြပါနော်။ အချိန်ရ
တုန်းသွားရေးလိုက်ဦးမယ်။
Thursday, March 13, 2008
အိမ်မက်ထဲကအိန်ဂျယ်
ပြုံးသွားတဲ့အပြုံးလေးတစ်ချက်။ “ဒီးး ဒီးး” ရုပ်တရက် မြည်လာတဲ့အလန်းကြောင့်လန့်နိုးသွားတယ်။
Friday, March 7, 2008
ပုံရိပ်ပြောင်းခဲ့သောနိဒါန်း

မှုန်တိုင်းတွေ ထန်ရင်တောင်
အပြုံးမဲ့တဲ့ ငါ့ဘ၀နဲ့
လောကဓံကို ဆေးလိြု့ပစ်ချင်တယ်။
ခက်ခဲကြမ်းတမ်းတဲ့
ဘ၀ခရီး ဆိုတာကြီးကိုလည်း
တိမ်တိုက်တွေခုတုန်းလုပ်ပြီး
ကျော်ဖြတ်လိုက်ချင်တယ်။
လောကရဲ့ ပြဿနာတွေကိုလည်း
sar shi mi (အသားစိမ်း။ ဂျပန်အစားအသောက်)
စားသလို နှာခေါင်းပိတ်ပြီး
ဇွတ်မျိုချလိုက်ချင်တယ်။
ဒုက္ခတွေ လွင့်စင်လာရင်လည်း
ကာရံမဲ့ကဗျာ စာရွက်ပြာပြာလေးတွေနဲ့
ဆီးကာထားချင်တယ်။
ဒါပေမယ့် အရာအားလုံးက
ဖြစ်ချင်မှ ဖြစ်တာ။
လက်တွေ့ဘ၀နဲ့ကွဲလွဲနေတဲ့
င့ါပုံရိပ်ကို အရင်ဆုံးပြောင်းလဲ
ရလိမ့်မယ်....။။။။
Thursday, March 6, 2008
ဧဒင်အမုန်း

ရက်စက်မှုနဲ့ မလိုက်နိုင်အောင်ဘဲ မင်းရဲ့ ပါးလွှာတဲ့နှုတ်ခမ်းပါးလေး လှပအောင် ပြုံးနိုင်ခဲ့တယ်။ မင်းရဲ့အပြုံး
မလွန်ဆန် နိုင်တဲ့ ငါရဲ့ ဒူးထောက်အရှုံးပေးမှုကို တစ်ချက်လောက်တော့ ငဲ့ပေးပါဦး။ မင်းခိုင်းသမျှလုပ်မင်းပေး
သမျှစားတဲ့ ငါ့ကိုငပေါကြီးတစ် ယောက်လို သတ်မှတ်ထားတာ ငါသိပါတယ်။ မင်းပေးခဲ့တဲ့ မျှော်လင့်ချက် ပန်း
သီးတစ်လုံးကို အခွံနွှာမစားခဲ့လို့ ရူးသွားခဲ့ ရတဲ့ငါ။ ပန်သီးစိမ်းစိမ်းကိုမှစားချင်တဲ့မင်း။ တိမ်တိုက်တွေကို မွှေ့ယာ လုပ်အိပ်ချင်တယ်ပြောရင်တောင်မင်းအတွက်စွန့် စားပေးရဲပါတယ်ကွာ။ ကောင်ကင်ကြီးအရည်ပျော်ကျလာရင်
အနီရောင်ထီးလေးမိုးလို့ ကာကွယ်ပေးနေချင်တယ့်သူဟာ ငါပါ။ ခွေးလေးတွေကိုချစ်တဲ့မင်း။ ကဗျာ တွေကိုအမြဲ
ဆက်သ နေတဲ့ ပုံပြင်ထဲက ပန်းဆက်သမားဘ၀အကြိမ်ကြိမ် ငါရောက် ခဲ့ရတယ်။ မိုးတိမ်တွေ ပုံပြင်တွေကိုအရမ်း
ကြိုက်လို့ အမြဲပြောပြခဲ့ရတာမှတ်မိသေးပါတယ်။ဒါတွေမင်း မေ့သွားခဲ့ပြီနော် ကောင်မလေး။ ခုအားလုံးက အရေ
ပျော်ကုန်ခဲ့ပြီ။ မင်းရဲ့အပြုံးထဲမှာ မုန်းတီးချင်းခြင်းတွေကအပြည့်ပါနေခဲ့တယ်။ မင်း အခန်းထဲ မှာလဲလုံးကျေနေတဲ့
ငါ့ရင်ဘတ်ထဲက အပိုင်းအစလေးတွေနဲ့ရှုပ်ပွလို့ပေါ့။ ရင်ဘတ်ကိုခြေမွပြီးမှ ထွက်ခွာသွား ခဲ့တယ်။ မလွန်ဆန်နိုင်
တဲ့ အပြုံးတွေကို ရင်မှာသိမ်းလို့ အချိန်ရတုန်းအိပ်တော့မယ်Zzzzz
ဟဲဟဲ ဘာရယ်မဟုတ်ပါဘူး။ ပျင်းကလည်းပျင်း။ အိပ်ကလည်းအိပ်ချင်နေတာနဲ့တင်လိုက်တာ ။ အိပ်တော့မယ်နော်:D
Tuesday, March 4, 2008
ငွေ

ပေးဆပ်ခြင်းဆိုတာရှိတယ်။ ပေးဆပ်ခြင်းမှာ လိုအပ်ချက်နဲ့လိုက်ပြီး အရွယ်အစားတန်ဖိုးလိုက်သွားတယ်။
ဒါပေမယ့်လူတိုင်း လူတိုင်းမှာ မလွန်ဆန်နိုင်တာတစ်ခု တော့ရှိတယ် အဲဒါ ''ငွေ"ဆိုတဲ့ အရာဘဲ။ ပိုက်ဆံရှိတဲ့
လူတစ်ချို့ ငွေဆိုတဲ့အရာကြီးနဲ့ မဖြစ်နိုင်တာတွေကိုလုပ်ယူကြတယ်။ ဆင်းရဲတဲ့ လူတစ်ချို့က ရိုးသားမှုဒါမှ
မဟုတ်သစ္စာတရားနဲ့ ဖြစ်ချင်တဲ့အရာတွေကိုလုပ်ယူကြတယ်။ အဲလိုနဲ့ဘဲ လောကကြီးမှာ လူတန်းစားတွေ
ကွာခြားသွားတယ်။ ဒါပေမယ့် အဲဒီလူတန်းစားနှစ်ရပ်က ပုံသေကားချပ်ကြီးတော့မဟုတ်ဘူး။ ဘာဘဲဖြစ်ဖြစ်
ငွေဆိုတဲ့အရာကြောင့် လူတွေအားလုံးပြောင်းလဲသွားခဲ့တာတော့အမှန်ဘဲ။ လူဆိုတာဟိုး..ငယ်ငယ်လေးထဲ
ကလူမှန်းသိတတ်ထဲက ငွေဆိုတဲ့အရာကြီးကို ကိုယ်တွယ်လာရတာ။ ကျနော်ဆို ငယ်ငယ်လေးလူမှန်းသိစထဲ ကငွေဆိုတဲ့အရာတစ်ခုကြောင့် မိဘတွေနဲ့ခွဲနေခဲ့ရတယ်။ အချိန်တွေ ကြာလာလေလေ ငွေဆိုတဲ့အရာကြီးကို
ကြောက်လာလေလေဘဲ။ ဟုတ်တယ် ငွေဆိုတာကြီးကြောင့် ကျနော်ချစ်တဲ့ ကျနော့ရဲ့ဖေကြီးနဲ့ မေကြီးနဲ့အ
တူမနေခဲ့ရဘူး။ သူများတွေမိစုံဖစုံ နဲ့ပျော်နေတဲ့အချိန် ကျနော့်မှာ ငေးရုံဘဲငေးကြည့်ခဲ့ရတယ်။ ဖေကြီးနဲ့မေ
ကြီးကတော့ တာဝန် ကျေကြပါတယ်။ အားလုံးလိုလေးသေးမရှိထားကြတယ်။ဒါပေမယ့်ကျနော်လိုချင်နေတာ
ကို သူ့တို့တကယ်ဘဲမသိခဲ့ကြဘူး။ ကျနော်တကယ်လိုချင်ခဲ့တာ အဖေနဲ့အမေရဲ့မေတ္တာဗျ။ ဒါပေမယ့်ငွေဆို
တဲ့အရာကြီးက အရာအားလုံးကိုထိန်းချုပ်နိုင်စွမ်းရှိခဲ့တယ်။ မေတ္တာတရားဆိုတာ ပိုက်ဆံနဲ့ဝယ်လို့မရပါဘူး။
လုပ်ယူလို့လည်းမရဘူး။ ကျနော့အတွက် အမေနဲ့အဖေရဲ့မေတ္တာငတ်ခဲ့ရတယ်။ကျနော့မှာငယ်ငယ်ကတောင်း
တခဲ့တဲ့အရာတစ်ခု ရှိတယ်။ အဲဒါက မိသားစုထမင်ဝိုင်းလေးဘဲ။ ကျနော့မှာ အိမ်မက်တွေလည်းအများကြီးမက်
ခဲ့ရတယ်။ ဖုန်းဆက်လိုက်ရင်လည်း ဖေကြီးနဲ့မေကြီးက
“သမီးကို ချစ်ပါတယ်။ သမီးနဲ့ လည်းဖြစ်နိုင်ရင်နေချင် တာပေါ့။ ဒါပေမယ့် သမီးအတွက်ပိုက်ဆံတွေရှာပေး
ရဦးမယ်လေ။ သမီးရယ် လူ့လောကမှာ ငွေရှိမှ လုပ်ချင်တာ လုပ်နိုင်မှာ။ ခွဲရလည်းခဏ ပေါ့ကွယ်”
ဒီလိုနဲ့ဘဲခွဲသွားလိုက်တာ၁၀နှစ်ကျော်ကျော်တောင်ကြာသွားတယ်။တကယ့် တကယ် ပြန်တွေ့တော့လည်း
၁ရက်၂ရက်ပါဘဲ။ နောက်ရက်တွေကျတော့ ဖေကြီးနဲ့မေကြီးကအလုပ်သွားတယ်။ ကျနော်ကကျောင်းတက်
တယ် ။ ကျောင်းကပြန်လာရင် တစ်ယောက်ထဲ အားလုံးကအလုပ်ကိုသွားကြတယ်။ ည၁၂နာရီလောက်အလုပ်
က ပြန်လာတယ်။ ခဏစကားပြောပြီးကျနော်က အိပ်တယ်။ ပြီးတော့ နောက်နေ့ရောက်သွား တာဘဲ ။ ဒီလိုနဲ့
ဘဲ အချိန်တွေကုန်သွားတယ်။ မိသားစု စုံချင်ရင်စနေ၊တနင်္ဂနွေဘဲ စုံလို့ရတယ်။ အားလုံးကငွေက တရားခံမ
ဟုတ်ဘူးလို့ ဘယ်လူပြောနိုင်လဲ။ ငွေဆိုတာတစ်ကယ့်ကိုမရှိမကောင်း ရှိမကောင်းအရာတစ်ခုဘဲနော်။