Tuesday, March 25, 2008

ကျောင်းဆင်းပွဲ


ရောက်မလာတော့လည်း
တစ်မျှော်မျှော်နဲ့
ရောက်လာမဲ့နေ့ကို
စောင့်နေမိတယ်။
တစ်ကယ့်တစ်ကယ် ကျတော့
ဝမ်းနည်းစရာမကောင်းဘူးလို့
ထင်ထားပေမယ့် အလိုလိုနေရင်း
ရင်ဘတ်ထဲမှာ ဆို့နစ်နေမိတယ်။
ချယ်ရီပန်းလေးတွေမြေခလို့
လွမ်းစရာကောင်းတဲ့
မနက်ခင်းလေးပါဘဲ။
အားလုံးက ခွဲရမယ်ဆိုတာ
အလိုလိုနေရင်းသိနေပေမယ့်
ငိုချင်တဲ့စိတ်ကို
ကြိတ်မှိတ်မျိုသိပ်ထားကြတယ်။
အားလုံးရဲ့ ရင်ထဲမှာ
အမှတ်တရ ကိုယ်စီနဲ့
နှုတ်ဆက်စာလေးတွေ ကိုင်လို့
ဆာယိုနာရာတဲ့။
ဖြေသိမ့်ဖို့ ဆေးမရှိပေမယ့်
နွေးထွေးမှုရှိတဲ့ ဆရာဆရာမတွေရဲ့
စကားသံတွေ။
ကျောင်းကြီးကတော့
နှုတ်ဆက်စကားတွေပြည့်နှက်လို့
စကူလ(ချယ်ရီပန်း)တွေကတော့
လေနဲ့အတူကြွေကျနေဆဲပေါ့။။။။

Sunday, March 23, 2008

ကဗျာဟာမင်း

ရင်ကွဲသွားတဲ့ အပိုင်းအစတွေနဲ့
ငါဟာကဗျာတစ်ပုဒ်ကို
စတင်သီကုံးခဲ့တယ်။
အပြာရောင် ဖောင်တိန်လေးနဲ့
အဖြူရောင် စာရွက်လေးတွေက
ငါ့ရင်ဘတ် ကိုနေရာယူခဲ့တယ်။
အရင်ကဆို မင်းရဲ့
အပြုံးချိုချို လေးတွေက
ငါ့ရဲ့ ပထမပေါ့။
မင်းမရှိတော့တဲ့ နောက်
အလွမ်းဆွေး ကဗျာလေးတွေက
ငါ့ရဲ့အဖော်အဖြစ်နေရာယူခဲ့တယ်။
ငါဟာ ရှင်ရက်နဲ့သေနေတဲ့
သူတစ်ယောက်ပါ။
နေ့စဉ်နေ့တိုင်း ကဗျာဆိုတဲ့
သွေးတွေက ငါ့ရင်ဘတ်ထဲက
ဖောက်ထွက်နေခဲ့တယ်။
ဘာကြောင့် လည်းဆိုတော့
ကဗျာဆိုတဲ့ အပိုင်းအစတွေက
မင်းဆိုတဲ့သူတစ်ယောက်
ဖြစ်နေလို့ဘဲ...။။။။။။


ဆိုးလိုက်တဲ့အဖြစ်


ဒီနေ့ ကျနော့ဦးလေးတစ်ယောက်နဲ့အဆက်အသွယ်ရတယ်။ သာကေတနားမှာ နက်ဆိုင်ဖွင့်ပြီတဲ့။ ဟန်ကျ
တာပေါ့ဗျာ။ အရင်ကဆို
“မင်းတို့သာကေတကဘယ်လောက်များအဆင့်အတန်းရှိလို့လည်း။ နက်ဆိုင်ဘယ်
နဆိုင်ရှိလို့လည်း”
အဲလိုသယ်ရင်းတွေ ပြောခံရတဲ့ဘ၀ကလွတ်ပြီပေါ့ဗျာ။ စိတ်ထဲမှာတော့ ငါကွ ဆိုပြီးရေ
ရွတ်လိုက်မိတယ်။ ရန်ကုန်အချိန်ညနေခင်းကျတော့ ကျနော့ဦးလေးကအဲဒီဆိုင်ရောက်သွားတယ်။ ကျနော်
လည်း ကျနော့လေးလေးကအဲဆိုင် ရောက်နေပြီဆိုတော့ ပြောမယ်ဆိုပြီး စိတ်ကိုဒုန်းဒုန်းချပြီး ကွန်ပြူတာ
ဖွင့်လိုက်တာပေါ့ဗျာ။ စက်ကလည်း ပွင့်တော့ပွင့်တယ် ထစ်နေတာနဲ့ စောင့်ရင်းစောင့်ရင်း နာရီဝက်တောင်
ကြာသွားတာနဲ့ ကျနော်လည်းစိတ်ပေါက်ပေါက်နဲ့ နာရင်းအုပ်ပြီး ပြန်ပိတ်ပြီး ပြန်ဖွင့်ရတာပေါ့။ စလာထဲ
က ကံကဆိုးနေတာ။ အဲဒါနဲ့ဘဲပွင့်သွားတယ်ဆိုပါစို့ဗျာ။ ပွင့်လည်းပွင့်သွားရော စပြီးပြောကြတာပေါ့Vzo
ကနေ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်တွေ့လည်းသွားရော လန့်သွားတာဘဲ။ လေးလေး

က “ဟယ်....၀လာလိုက်တာဝက်ကြီးကျနေတာဘဲ”
ကြည့် စလာထဲက တူမကိုအမွှန်းတင်နေလိုက်တာ။ ကျ
နော်ကလည်းဘယ်ရမလည်း
“ဟယ် လေးလေးရယ်မဲပြီးဝလာလိုက်တာ တော်တော်လေးကိုဘဲ” အဲလိုပြန်
ပြောလိုက်တာပေါ့။ နှစ်ယောက်စလုံး အသံတွေကနောက်ကျနေတော့အော်ပြောရတာဘယ်လောက်လည်း
ဆိုတော့လိပ်ခေါင်းတောင်ထွက်တော့မယ် အော်ရတာ Vzo ဆိုတော့သိတယ့်အတိုင်းဘဲမလား။ စကားက
နောက်ကျရတဲ့ထဲ မိုက်ကမကောင်းတော့ ပိုဆိုးတာပေါ့ဗျာ။ အသံကုန်အော်နေရတာ လည်းချောင်းတောင်
ကွဲတော့မလားဘဲ။ သိပ်မကြာပါဘူး လေးလေးကနှုတ်မဆက်ဘာမဆက်နဲ့ ထွက်သွားတယ်။ ကျနော့်မှာ
လာမလား လာမလားနဲ့ စောင့်နေလိုက်တာမိနစ်၂၀လောက်ကြာသွားတယ်။ အဲဒါတောင်ပေါ်မလာဘူး
ခဏနေတော့ အဲဒီကုန်တိုက်က ၀န်ထမ်းမိန်းမတစ်ယောက်ပြုံးစိစိနဲ့ ကွန်ပြူတာနားကပ်လာတယ်။ ကျ
နော့ကို သေသေချာချာဝက်ကမ်နားကပ်ပြီး လာကြည့်သွားတယ်။ ကျနော်ဘယ်ရမလဲ OkIsU ဆိုတဲ့ကောင်
က ဘယ်သူ့ဆီကမှ သေးသေးတင်ခံတာမဟုတ်ကြောင်း ပြမယ်ဆိုပြီး ၀က်ကမ်းကိုမျက်နှာနားကပ်လိုက်ပြီး
ပြောင်ပြ လိုက်တာပေါ့။ အဲဒီဝန်ထမ်းမိန်းမက ရယ်လိုက်တာ ခွီးခွီးနဲ့။ ကျနော်ကအားကျမခံ စာရိုက်လိုက်
တာပေါ့ ဂျီတော့ကနေ “ဝေးးးးးးးလူဘယ်ရောက်သွားတာလည်းမသိဘူး။toiles သွားတာလားခေါ်ပေးဦး
ဟိတ် မရယ်နဲ့လေ”
အဲဒါနဲ့ အဲဒီဝန်ထမ်းမိန်းမက ကော့တော့ကော့တော့နဲ့ ပြုံးစိစိလုပ်ပြီးထွက်သွားတယ်။
ခဏနေတော့လူတွေ အားလုံးက ကျနော့ရယ်ဦးလေးရယ်ပြောနေတဲ့ ကွန်ပြူတာနားကပ်လာကြတယ်။
အားလုံးက ကျနော့ကိုငေးကြည့်နေကြတယ်။ ၅ ယောက် ၆ယောက် လောက်ရှိမယ်လို့ထင်တာဘဲ။ ရှက်
လိုက်တာဗျာ။ အဲဒီမှာ ပါလာတဲ့ မဲမဲသဲသဲနဲ့ကုလားမလေးက ခုံနေရာတောင်ဝင်ယူလိုက်သေးတယ်။ကျနော်
လည်းရုတ်တရက်ဆိုတော့ဘာလုပ်ရမလည်းမသိဘူးဖြစ်သွားတာပေါ့။ ကျနော်လည်း ရှက်ရှက်နဲ့
“ဟိတ်
ဘာဝိုင်းကြည့်နေတာလည်း။ ဘာလည်းကွာ”
လူတွေက သဲကြီးမဲကြီးကို ကြည့်နေကျတာဗျ။ ကျနော့်ကို
အမှုတစ်ခု ကျူးလွန်ထားတဲ့ လူတစ်ယောက်လိုဝိုင်းကြည့်နေကျတာ။ ကျနော်လည်းကြောက်အားလန့်
အားနဲ့ ဘယ်ရမလဲ။ ၀က်ကမ်ကို မှောက်လိုက်တာပေါ့။ ၀က်ကမ်လည်းမှောက်လည်းရော ဟိုဘက်က
ပိတ်သွားတယ်။ ဟူးး တော်သေးတာပေါ့။ ကျနော်လည်းဟိုဘက်က ပိတ်လိုက်မှ သက်ပြင်းချနိုင်တော့
တယ်။ ကျနော့ဦးလေးကလည်း ပြောပြီးတာနဲ့ ပိတ်တောင်မပိတ်သွားဘူး။ ဒီတိုင်း ထပြန်သွားတယ်ထင်
ပါရဲ့ဗျာ။ အင်းလေ သာကေတသားဆိုတော့ ဒီလောက်တော့ရှိမှာပေါ့။ ကျနော့မှာတော့ လူတွေဝိုင်းကြည့်
လို့။ သူကတော့ ဘယ်သိရှာမလဲ.... ဟင်းး တွတ်ပီပြောသလိုဘဲ ဒီနေ့ကံမကောင်းပါလား....။။။
cry

Friday, March 21, 2008

သူ

သူ့ကြောင့်ကျနော်
ပျော်ရွှင်ခဲ့ရတယ်။
သူကြောင့်ကျနော်
ဝမ်းနည်းခဲ့ရတယ်။
သူကြောင့်ကျနော်
ငိုကြွေးခဲ့ရတယ်။
သူကြောင့်ကျနော်
ဆုံးရှုံးခဲ့ရတယ်။
သူကြောင့်ကျနော်
ပြုံးခဲ့ရတယ်။
သူကြောင့်ကျနော်
မုန်းတီးခဲ့ရတယ်။
သူ့ကြောင့်ကျနော်
ချစ်ခဲ့ရတယ်။
တစ်ကယ်တော့
သူဟာ ကျနော့ရဲ့
ဝိဥာဉ်တစ်ပါးပါ...။။။

Wednesday, March 19, 2008

သူငယ်ချင်းသို့


ကော် ဖီတစ်ခွက် မနက်စောစောသောက်လိုက်ရသလိုမျိုး နွေးထူးမှုမရှိတဲ့ အကြည့်တစ်ချက်။ ပျော်ရွှင်မှုတွေ
မဲ့နေတဲ့ မင်းမျက်ဝန်းရဲ့ပုံရိပ်။ ငါ့ကိုလည်းတွေ့ရော မင်းရဲ့ ပုလဲလုံးတွေ ပြန်ရုတ်သိမ်းလိုက်တယ်။ “မင်းငိုနေ
လား” လို့မေးတော့ “မငိုပါဘူးဟာ” တဲ့ ကြည့်မင်း လိမ်နေပြီ။ ၀မ်းနည်းတဲ့ပုံရိပ်တွေ မင်းမျက်လုံးထဲမှာ ငါမြင်
နေတယ်။ “မလိမ်ချင်ပါနဲ့ဟာ။ နင့်ရင်ထဲမှာရှိတာတွေ ငါ့ကိုပြောလိုက်စမ်းပါ” မင်းငါ့ကိုတစ်ချင်ကြည့်လိုက်
ပြီ။ “လှည့်စားတတ်တဲ့ လောကကြီးကို စိတ်နာတယ်ဟာ။ ငါ့အပေါ်သူလှည့်စား သွားပြီ။ ငါသူ့ကိုအရမ်းချစ်ခဲ့
တာသူ သိရဲ့သားနဲ့ ငါ့ကိုညာသွားတယ်” ငါ့ရင်ဘတ်ထဲ မခံမချိနိုင်အောင် ဖြစ်သွားတယ်။ မင်းကို ငိုအောင်
လုပ်ခဲ့တယ့် သူ့ကိုငါ အရမ်းမုန်းတယ်။ မင်းပါးက မျက်ရည်တစ်စက် လိမ့်တိုင်း ငါရင့်ထဲ နင့်နင့် သွားတယ်
ဆိုတာမင်းသိရဲ့လား။ “နင် တစ်ကယ်ဘဲယောကျာင်္းတွေကို အရှုံးပေးတော့မှာလား” မင်းတစ်ချက်တွေဝေ
သွားတယ်။ သူငယ်ချင်းရာ မင်းရဲ့ ရင်ဘတ်ထဲက အပိုင်းအစတွေအားလုံးကို ဖျက်စီးပစ်ခဲ့တဲ့ လူတွေကိုမင်း
နည်းနည်းလေးမှ စိတ်မနာဘူးလား။ အရှုံးပေးမယ်လို့ဆုံးဖြတ်ထားလား။ အနာဂတ်ကို အမည်းရောက်ဆိုး
နေတဲ့ မင်းရဲ့လူတွေကမင်းရဲ့ ဘ၀ကိုယူသွားကြမှာ မင်းသိရဲ့လား။ မင်းရဲ့ ယိုင်နေတဲ့ ဘ၀ရဲ့ခြေလှမ်းတစ်
စုံကို ဖြောင့်တန်းပစ်လိုက်စမ်းပါ။ မင်းတစ်ခါတစ်လေ ငါ့ကို ပြောတာမှတ်မိပါသေးတယ်။ “နင့် နှလုံးသားက
အရမ်းမာတာဘဲနော်။ မခံစားတတ်တာ ငါအံသြတယ်” မင်းအဲလိုပြောလိုက်တိုင်း ငါပြုံးပြီးတော့သာ ကြည့်ခဲ့
တယ်။ ငါနင့်ကို မတားရက်ခဲ့လို့လေ။ တစ်ကယ်တန်း ဘ၀မှာ အချစ်ဆိုတာ ငါ့အတွက်မလိုပါဘူး။ ငါချစ်
တာနင့် တစ်ယောက်ထဲကိုဘဲ။ နင်နဲ့နေရတာ ပျော်တယ်။ နင်ဝမ်းနည်းရင် ငါဝမ်းနည်းတယ်။ နင်ပျော်ရင်ငါ
ပျော်တယ်။ ငါ့ခံစားချက်တွေက နင့်ဆီမှာဘဲတွေဘဲ။ ငါတစ်ခါတစ်လေ မင်းရဲ့မေးခွန်းကိုဖြေခဲ့ တယ်လေ။
“မခံစားတတ်တော့ အသည်းမကွဲဘူးပေါ့ဟာ။ အသည်းမကွဲတော့ မျက်ရည်ကျစရာ မလိုဘူးပေါ့” အဲလိုဖြေ
တိုင်းမင်းငါ့ကို ရယ်တယ်နော်။ ဘယ်လိုဘဲဖြစ်ဖြစ် မင်းပျော်နေတာဘဲ ငါလိုချင်တယ်ဟာ။ “နင် ဘယ်လိုဘဲ
ဖြစ်ဖြစ် အရှုံးမပေးနဲ့ဟာ” နင်က ငါကိုဖက်ပြီး ငိုလိုက်တယ်။ နင်မျက်နှာပြုံးရွှင်သွားတယ်နော်။ ငါတို့နှစ်
ယောက်တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အော်ရယ်လိုက်မိကြတယ်။။။။
(ကျနော့ရဲ့ သူငယ်တန်းထဲတူတူကျောင်းတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကိုသတိရလို့ရေးလိုက်တာပါ)

Tuesday, March 18, 2008

ဘဝ

ဘ၀ဆိုတာဘာလည်း??
မဲနယ်ဆိုးထားတဲ့ အမှောင်ကို
ငါမေးကြည့်တော့ ဘ၀ဆိုတာ
သန်းခေါင်ယံတဲ့။
ဒီလိုနဲ့ဘဲဆက်လျှောက်လာခဲ့တယ်
ရုတ်တရက် နေလုံးကြီးက
ဖြီးပြတယ်။
ဘ၀ဆိုတာဘာလဲ
ငါမေးကြည့်တော့ ဘ၀ဆိုတာ
ကပျာကယာတိမ်တဲ့။
သေလို့ရတဲ့အဖြေတွေဘဲ
ငါစိတ်တွေလေလို့
ဆက်လျှောက်လာခဲ့တယ်။
ဒီလိုနဲ့ဘဲ မလှမ်းမကမ်းက
ရေအိုင်လေးကိုတွေ့ပြန်ရော
ဘ၀ဆိုတာဘာလည်း
ငါမေးကြည့်တော့
သူကပြန်ဖြေတယ်
ဘ၀ဆိုတာ ဖြောင့်စင်းနေတဲ့
ပင်လယ်ကြီးတဲ့။
ငါနားမလည်နိုင်တော့ဘူး။
ဘ၀ဆိုတာဘာလည်း
ကြိုးပျက်နေတဲ့အရုပ်တစ်ရုပ်လား??
ကူးခတ်နေတဲ့လှိုင်းလေတွေလား??
ကျေးဇူးပြု၍ ငါ့ကိုဖြေပေးကြပါ....။။။။။

Sunday, March 16, 2008

နေတစ်စင်း၏ဦးတည်ရာ

မနက်ခင်းသည်အလွန်သာယာနေသည်။ ငှက်ကလေးများက သာယာသော အသံလေးများဖြင့် မနက်ခင်း
ကိုအလှဆင်နေကြသည်။ နေမင်းသူစာမူကိုလက်စသတ်လိုက်သည်။ အဖေနဲ့အမေမြို့သို့ပြောင်းလာသည်က သိပ်မကြာသေးတော့သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်မမရှိ။ တစ်နေ့တစ်နေ့ပျင်းပျင်းနှင့်စာသာ
ထိုင်ရေးရင်ရေးမရေးရင် လက်ဖက်ရည်ဆိုင်သာသွားထိုင်နေရသည်။အိမ်မှာစာရေးမည်ဆိုလျှင် အမေကဟို
ဟာခေါ်ခိုင်းဒီဟာခေါ်ခိုင်းနှင့်စာကိုရေးရတော့မည်မထင်သောကြောင့်ဒီနေ့ကျောင်းကိုဘယ်လူမှမရောက်ခင်
စောစောထွက်၍လာရေးနေခြင်းပင်။၁၀တန်းကျောင်းသားကျောင်းသူတွေပေါင်းပြီးကဗျာနဲ့တ္တုစာအုပ်တစ်အုပ်
ထုတ်သည် ဟုအသံကြားထဲက စိတ်ထဲတွင်ပေးမည် ဟုဆုံးဖြတ်ထားသည်။ ဒါပေမယ့် ဘယ်လူ့ကိုပေးရမှန်း
မသိဘူး။ နေမင်းသူတစ်ယောက်တစ်ညလုံး အိပ်ရေးပျက်ပြီးစာရေးထားတာလည်းတစ်ကြောင်း၊မနက်စောစော
ထရတာကလည်းတစ်ကြောင်းကြောင့် ငိုက်ခနဲ့အိပ်ပျော်သွားသည်။
"ဟေ့ကောင်...ခဏစောင့်ဦးကွ"
နောင်မင်းတစ်ယောက် ကျော်မျိုးကို လှမ်းအော်လိုက်သည်။ရုတ်တရက်၂ယောက်သားအခန်းထဲအ၀င်
"ဟင်... ဘယ်လူလည်းမသိဘူး"
နောင်မင်း အံသြသွားသည်။ ကျော်မျိုးက
"ဟယ်... ဟုတ်ပါ့။ ကျောင်းစောင့်သမီးလားမသိဘူး"
"ဟာ...မင်းကလည်းကွာ အဖြူနဲ့အစိမ်းဝတ်ထားတာကွ"
၂ယောက်သားအံသြစွာ မှင်သက်နေကြသည်။ ကောင်မလေးပုံစံက ဘယ်နှနှစ်ဘယ်နှလထဲက အိပ်ရေးပျက်
နေသည်မသိ။ အိပ်နေလိုက်တာမှ သူ့အမေအိမ်ကြနေတာဘဲ။
ပုံစံက ၀၀တုတ်တုတ်လေး။ မျက်နှာကတော့ ဂျစ်ကန်ကန်ပုံ။ ဆံပင်ကိုဖြောင့်ပြီး ဆံမိတ်ကိုမျက်လုံးထဲဖုံးသည်

ထိ ချထားသည်။ ထူးဆန်းသည်က ထမီကိုခြေသလုံးထိဝတ်ထားပြီး ဘောင်းဘီအရှည်က အောက်ကထွက်
နေသည်ပင်။ သူတို့၂ယောက်တော်တော်လေးကိုထူးဆန်းနေသည်။ ခဏအကြာ ညီညီတို့ တို့အုပ်စုရောက်
လာကြသည်။ အားလုံးကထူးထူးဆန်းဆန်း ကြည့်နေကြသည်။ နေမင်းသူက တော့အိပ်နေလိုက်သည်မှာသွား
ရည်တောင်ကျနေသည်။
"ထားပါကွာ။ သူဘာသာသူအိပ်ပါစေ။ငါတို့နေရာငါတို့ပြန်ထိုင်ရအောင်ကွာ"
ကျော်မျိုးဆွဲခေါ်ရာနောင်မင်းမလိုက်ချင်လိုက်ချင်နှင့်ပါသွားသည်။ကျောင်းသားကျောင်းသူများအားလုံးရောက်နေ
ကြပြီအားလုံးက နေမင်းသူကို စိတ်ဝင်စားနေကြသည်။ ခဏအကြာ ဆရာရောက်လာသည်။
"ကဲအားလုံးတိတ်တိတ်နေကြပါ"
ဆရာ့၏စားပွဲပေါ်သို့ကြိမ်လုံးနှင့်ရိုက်လိုက်သံကြောင့်နေမင်းသူလန့်နိုးသွားသည်။ မျက်လုံးလက်ဖြင့်ပွတ်လိုက်
သည်။ ခဏကြာ
"ကဲအားလုံးဘဲ။ဒီနေ့တို့ကျောင်းကိုကျောင်းသူတစ်ယောက်အသစ်ယောက်လာတယ်။လွန်ခဲ့တဲ့တစ်လလောက်က
မှဆရာတို့မြို့ကိုပြောင်းလာတာ။သူနံမည်ကနေမင်းသူတဲ့အားလုံးဘဲမှတ်ထားကြပါ။သူငယ်ချင်းနားမလည်တာရှိရင်
လည်းကူညီပေးလိုက်ပေါ့နော်"
အားလုံးက နေမင်းသူကိုကြည့်နေကြသည်။ နေမင်းသူကတော့ဘယ်လူမှဂရုမစိုက်သည့်ပုံဖြင့် ကျောက်သက်ပုန်း
သို့ငေးမောနေသည်။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

"ဒေါင်" "ဒေါင်"
ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူအသံများရုတ်တရက်ဆူညံသွားသည်။ နေမျိုးနှင့်အောင်အောင်တို့
အုပ်စု မုန့်မစားနိုင်သေး။ စာမူများကိုရွေးနေကြသည်။အကုန်လုံးလက်ခံလို့ရတာမဟုတ်ဘူး။ တစ်ချို့ကနောက်
ပြောင်ရုံသက်သက် ရေးထားတော့စာများဖြစ်သည်။ သူတို့စာအုပ်ကိုတော်ရုံတန်ရုံ အပေါစားစာအုပ်မဖြစ်စေချင်။
နောင်မင်းတို့အုပ်စုစာရွက်များဖြင့်အလုပ်ရှုပ်နေကြသည်။ ရုတ်တရက်

"ဘုတ်"
စာအုပ်တစ်အုပ်ကို ဘုတ်ကနဲ့နေအောင်တင်လိုက်သည်။ အားလုံးလန့်ဖြန့်သွားကြသည်။ စာအုပ်ပိုင်ရှင်ကိုကြည့်
လိုက်တော့ခုနကအိပ်ပုတ်ကြီးနေသည့်ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေသည်။ပါးစပ်ထဲမှာလည်းအချဉ်ထုတ်ကိုပါး
လုတ်ပါလောင်းစားနေသည်
"ဒီမှာ..... စာမူလာပို့တာ"
ကောင်မလေးပုံဆံက ဂျစ်ကန်ကန်နှင့်နောင်မင်းဒေါသထွက်သွားသည်။ ကောင်မလေးပုံစံက ဘယ်လူမှဂရုမစိုက်
သည့်ပုံစံ..
"ဒီမယ်.... မင်းစကားကိုကောင်းကောင်းပြောပါ။ မင်းသိထားဖို့က ငါတို့အားလုံးကအယ်ဒီတာတွေဆိုတာဘဲ"
နေမင်းသူက အချဉ်ထုတ်ကိုတစ်ကိုက် ကိုက်၍
"အယ်ဒီတာမို့ဒီလောက်ထိ အဖက်လုပ်ပြီးစကားပြောနေတာပေါ့။ မကျေနပ်လည်းမတတ်နိုင်ဘူး"
နောင်မင်း တင်းသွားသည်။ တော်တော်လေးကို မခံမချိဖြစ်သွားသည်
"ငါ့တစ်သက် တစ်ခါမှဘယ်မိန်းကလေးမှ အဲလိုပြောတာမခံရဘူး မင်နဲ့ကျမှကွာ"
နေမင်းသူအချဉ်ထုတ်စားနေတာကိုလတ်စသတ်၍
"ဒီမယ်... အိမ်ကအဖေကျနေတာဘဲတော်တော်နားညီတယ်ဗျာ။ ခင်ဗျားစကားနားထောင်ဖို့ဒီကိုလာတာ
မဟုတ်ဘူး။ ဒီနေ့ကျောင်းပြန်ရင်လာအကြောင်းပြန်လိုက်စောင့်နေမယ်ဒါဘဲ"
နေမင်းသူလှလည့်ထွက်သွားသည်။ အားလုံးက ပါးစပ်အဟောင်းသားနှင့်။ နောင်မင်းကတော့
"ဘယ်လိုကောင်မလေးလည်းမသိဘူး။ ဂျစ်ကန်ကန်နဲ့။ သူ့ဝတ္တုကို ငါတို့ထည့်ပေးမှပါရမယ်ဟာကို။ ပြောသွားတာကိုကအချိုးကိုမပြေဘူး"
နောင်မင်းတစ်ယောက်ပွစိပွစိဖြင့်ကျန်ခဲ့သည်။ သူငယ်ချင်းများကတော့ သူ့ဝတ္တုကို ကောက်ဘဲဖတ်ရမလို လွတ်ဘဲပစ်ရမလိုဖြစ်နေသည်။ ရာသီဥတုကတော့သာယာနေဆဲ။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!



မျှော်

မျှော်

ကျနော်ခုလောလောဆယ် ၀တ္တုတိုလေးတစ်ပုဒ်ရေးနေပါတယ်။ ၀တ္တုတိုသိပ်မရေးဖြစ်တော့ စာဖတ်ရတဲ့တာ
ထောက်နေတဲ့ အပိုဒ်တွေရှိရင်တော့ သည်းခံပေးကြပါနော်။ ကျနော့်ရဲ့ ၀တ္တုလေးကို တနလာင်္နေ့နက်ဖြန်တင်
ပေးပါ့မယ်။ ဖတ်ရတာအဆင်ပြေမယ်ထင်ပါတယ်။ လောလောဆယ်တော့ ခဏစောင့်ပေးကြပါနော်။ အချိန်ရ
တုန်းသွားရေးလိုက်ဦးမယ်။

Thursday, March 13, 2008

အိမ်မက်ထဲကအိန်ဂျယ်


ညှင်သာစွာတိုက်ခတ်တဲ့လေညှင်းလေးကြောင့် ကျနော့ဆံပင်ပေးလွင့်ရုံတင်လွင့်သွားတယ်။ကုတ်အကျီ င်္အ
လယ်တန်းကျောင်းသားတွေဝတ်တဲ့ကျောင်းဝတ်စုံနက်ပြာရောင်လေးနဲ့ မရှည်မတိုဆံပင်လေး။ ရယ်ကျဲကျဲနဲ့
ပြုံးသွားတဲ့အပြုံးလေးတစ်ချက်။ “ဒီးး ဒီးး” ရုပ်တရက် မြည်လာတဲ့အလန်းကြောင့်လန့်နိုးသွားတယ်။
“တောက် အစုတ်ပလုတ်အလန်း။ အိမ်မက်ကောင်းနေမှ ထမြည်ရတယ်လို့” ကျောင်းသွားခံနီး ငါးမိနစ်နှပ်
လိုက်သည်။ ထိုအချိန်တွင် မက်သောအိမ်မက်ဖြစ်သည်။ အလန်းသံကြောင့် ကျနော်ရုတ်တရက်လန့်နိုးသွား
တယ်။ သူရဲ့ဖြူစင်တဲ့မျက်နှာလေး၊ပါးချိုင့်ရေးရေးပေါ်အောင်ပြုံးသွားတာအပြစ်မဲ့တဲ့ကလေးလေးတစ်ယောက်
လိုဘဲ။ ကျောင်းရဲ့အသွားလမ်းလေးမှာအိမ်မက်ထဲကသူ့ကိုကျနော်လိုက်ရှာနေမိတယ်။သူကတစ်ကယ်ဘဲအိန်
ဂျယ်တစ်ယောက်လားဆိုတာရေရေရာရာမသိဘူး။ဘယ်လိုဘဲဖစ်ဖစ်သူ့ကိုတော့တွေ့ချင်နေမိတယ်။ဟန်ဆောင်
မှုကင်းတဲ့အပြစ်မဲ့အပြုံးလေးကိုသတိရနေမိတယ်။တစ်ခါထဲအိမ်မက်မက်ရုံလေးနဲ့စွဲလန်းသွားရဲ့ငါ့ရဲ့စိတ်ကိုအံ့
သြမိတယ်ကွာ။မင်းရဲ့အပြုံးတစ်ချက်ကြောင့်ပန်းလေတွေဦးညွှတ်ပြီး ကိုယ်အကြိမ်ကြိမ်ဒူးထောက် အရှုံးပေး
ခဲ့ရတယ်။(ချော်လဲကျတာပါ)မင်းအပြုံးလေးတွေသတိရလို့ ငါ့မှာ အိပ်လိုက်ရတာအကြိမ်ကြိမ်ဘဲ။ (ဟွန့် လုပ်
နေသေးတယ်အိပ်ချင်ရင်အိပ် ချင်တယ်လို့မပြောဘူး) ဒီနေ့က မင်းရဲ့အိမ်မက်မက်တာဘာလိုလိုနဲ့သုံးရက်
မြောက်နေ့တောင်ရောက်သွား ပြီနော်။ ဒီကမ္ဘာပေါ်မှာ မင်းတစ်ကယ်ရှိလားမသိဘူးနော်။ ဒါပေမယ့် မင်းရဲ့အ
ပြုံးကိုရိုမီယိုမမှီနိုင်တာတော့ သေချာတယ်။ ငါကတော့ မင်းကြောင့်ရူးနေပြီထင်တယ်။ မင်းရဲ့အပြုံးကိုခြေရာ
ကောက်ရင်းကမ္ဘာဆုံးတဲ့ထိ လိုက်ရှာမိနေမှာဘဲ။
မှတ်ချက်။ ။ တစ်ကယ့်အဖြစ်အပျက် အိမ်မက်လေးကို ချဲ့ပြီးရေးထားတာဖြစ်ပါတယ်.......
အိမ်မက်သည် အိမ်မက်သာဖြစ်ပါသည်.....

Friday, March 7, 2008

ပုံရိပ်ပြောင်းခဲ့သောနိဒါန်း

ကောင်းကင်က မုန်းလို့
မှုန်တိုင်းတွေ ထန်ရင်တောင်
အပြုံးမဲ့တဲ့ ငါ့ဘ၀နဲ့
လောကဓံကို ဆေးလိြု့ပစ်ချင်တယ်။
ခက်ခဲကြမ်းတမ်းတဲ့
ဘ၀ခရီး ဆိုတာကြီးကိုလည်း
တိမ်တိုက်တွေခုတုန်းလုပ်ပြီး
ကျော်ဖြတ်လိုက်ချင်တယ်။
လောကရဲ့ ပြဿနာတွေကိုလည်း
sar shi mi (အသားစိမ်း။ ဂျပန်အစားအသောက်)
စားသလို နှာခေါင်းပိတ်ပြီး
ဇွတ်မျိုချလိုက်ချင်တယ်။
ဒုက္ခတွေ လွင့်စင်လာရင်လည်း
ကာရံမဲ့ကဗျာ စာရွက်ပြာပြာလေးတွေနဲ့
ဆီးကာထားချင်တယ်။
ဒါပေမယ့် အရာအားလုံးက
ဖြစ်ချင်မှ ဖြစ်တာ။
လက်တွေ့ဘ၀နဲ့ကွဲလွဲနေတဲ့
င့ါပုံရိပ်ကို အရင်ဆုံးပြောင်းလဲ
ရလိမ့်မယ်....။။။။

Thursday, March 6, 2008

ဧဒင်အမုန်း


ပျက်စီးနေတဲ့ စိတ္တဇမိုးတိမ်အောက်က မျက်ရည်စက်တွေလွင့်စင်ခဲ့ရတယ်။ တိတ်ဆိတ်နေတယ့်မင်းရဲ့အသံ။
ရက်စက်မှုနဲ့ မလိုက်နိုင်အောင်ဘဲ မင်းရဲ့ ပါးလွှာတဲ့နှုတ်ခမ်းပါးလေး လှပအောင် ပြုံးနိုင်ခဲ့တယ်။ မင်းရဲ့အပြုံ
မလွန်ဆန် နိုင်တဲ့ ငါရဲ့ ဒူးထောက်အရှုံးပေးမှုကို တစ်ချက်လောက်တော့ ငဲ့ပေးပါဦး။ မင်းခိုင်းသမျှလုပ်မင်းပေး

သမျှစားတဲ့ ငါ့ကိုငပေါကြီးတစ် ယောက်လို သတ်မှတ်ထားတာ ငါသိပါတယ်။ မင်းပေးခဲ့တဲ့ မျှော်လင့်ချက် ပန်း
သီးတစ်လုံးကို အခွံနွှာမစားခဲ့လို့ ရူးသွားခဲ့ ရတဲ့ငါ။ ပန်သီးစိမ်းစိမ်းကိုမှစားချင်တဲ့မင်း။ တိမ်တိုက်တွေကို မွှေ့ယာ လုပ်အိပ်ချင်တယ်ပြောရင်တောင်မင်းအတွက်စွန့် စားပေးရဲပါတယ်ကွာ။ ကောင်ကင်ကြီးအရည်ပျော်ကျလာရင်

အနီရောင်ထီးလေးမိုးလို့ ကာကွယ်ပေးနေချင်တယ့်သူဟာ ငါပါ။ ခွေးလေးတွေကိုချစ်တဲ့မင်း။ ကဗျာ တွေကိုအမြ
ဆက်သ နေတဲ့ ပုံပြင်ထဲက ပန်းဆက်သမားဘ၀အကြိမ်ကြိမ် ငါရောက ခဲ့ရတယ်။ မိုးတိမ်တွေ ပုံပြင်တွေကိုအရမ်း
ကြိုက်လို့ အမြဲပြောပြခဲ့ရတာမှတ်မိသေးပါတယ်။ဒါတွေမင်း မေ့သွားခဲ့ပြီနော် ကောင်မလေး။ ခုအားလုံးက အရေ

ပျော်ကုန်ခဲ့ပြီ။ မင်းရဲ့အပြုံးထဲမှာ မုန်းတီးချင်းခြင်းတွေကအပြည့်ပါနေခဲ့တယ်။ မင်း အခန်းထဲ မှာလဲလုံးကျေနေတဲ့
ငါ့ရင်ဘတ်ထဲက အပိုင်းအစလေးတွေနဲ့ရှုပ်ပွလို့ပေါ့။ ရင်ဘတ်ကိုခြေမွပြီးမှ ထွက်ခွာသွား ခဲ့တယ်။ မလွန်ဆန်နိုင
တဲ့ အပြုံးတွေကို ရင်မှာသိမ်းလို့ အချိန်ရတုန်းအိပ်တော့မယ်Zzzzz

ဟဲဟဲ ဘာရယ်မဟုတ်ပါဘူး။ ပျင်းကလည်းပျင်း။ အိပ်ကလည်းအိပ်ချင်နေတာနဲ့တင်လိုက်တာ ။ အိပ်တော့မယ်နော်:D

Tuesday, March 4, 2008

ငွေ


လောကကြီးမှာ လူတွေအားလုံးကလိုအပ်ချက်တစ်ခုဆီရှိကြပါလိမ့်မယ်။ ဒါပေမယ့် လိုအပ်ချက်တစ်ခုဆီမှာ
ပေးဆပ်ခြင်းဆိုတာရှိတယ်။ ပေးဆပ်ခြင်းမှာ လိုအပ်ချက်နဲ့လိုက်ပြီး အရွယ်အစားတန်ဖိုးလိုက်သွားတယ်။
ဒါပေမယ့်လူတိုင်း လူတိုင်းမှာ မလွန်ဆန်နိုင်တာတစ်ခု တော့ရှိတယ် အဲဒါ ''ငွေ"ဆိုတဲ့ အရာဘဲ။ ပိုက်ဆံရှိတဲ့
လူတစ်ချို့ ငွေဆိုတဲ့အရာကြီးနဲ့ မဖြစ်နိုင်တာတွေကိုလုပ်ယူကြတယ်။ ဆင်းရဲတဲ့ လူတစ်ချို့က ရိုးသားမှုဒါမှ
မဟုတ်သစ္စာတရားနဲ့ ဖြစ်ချင်တဲ့အရာတွေကိုလုပ်ယူကြတယ်။ အဲလိုနဲ့ဘဲ လောကကြီးမှာ လူတန်းစားတွေ
ကွာခြားသွားတယ်။ ဒါပေမယ့် အဲဒီလူတန်းစားနှစ်ရပ်က ပုံသေကားချပ်ကြီးတော့မဟုတ်ဘူး။ ဘာဘဲဖြစ်ဖြစ်


ငွေဆိုတဲ့အရာကြောင့် လူတွေအားလုံးပြောင်းလဲသွားခဲ့တာတော့အမှန်ဘဲ။ လူဆိုတာဟိုး..ငယ်ငယ်လေးထဲ
ကလူမှန်းသိတတ်ထဲက ငွေဆိုတဲ့အရာကြီးကို ကိုယ်တွယ်လာရတာ။ ကျနော်ဆို ငယ်ငယ်လေးလူမှန်းသိစထဲ ကငွေဆိုတဲ့အရာတစ်ခုကြောင့် မိဘတွေနဲ့ခွဲနေခဲ့ရတယ်။ အချိန်တွေ ကြာလာလေလေ ငွေဆိုတဲ့အရာကြီးကို
ကြောက်လာလေလေဘဲ။ ဟုတ်တယ် ငွေဆိုတာကြီးကြောင့် ကျနော်ချစ်တဲ့ ကျနော့ရဲ့ဖေကြီးနဲ့ မေကြီးနဲ့အ
တူမနေခဲ့ရဘူး။ သူများတွေမိစုံဖစုံ နဲ့ပျော်နေတဲ့အချိန် ကျနော့်မှာ ငေးရုံဘဲငေးကြည့်ခဲ့ရတယ်။ ဖေကြီးနဲ့မေ
ကြီးကတော့ တာဝန် ကျေကြပါတယ်။ အားလုံးလိုလေးသေးမရှိထားကြတယ်။ဒါပေမယ့်ကျနော်လိုချင်နေတာ

ကို သူ့တို့တကယ်ဘဲမသိခဲ့ကြဘူး။ ကျနော်တကယ်လိုချင်ခဲ့တာ အဖေနဲ့အမေရဲ့မေတ္တာဗျ။ ဒါပေမယ့်ငွေဆို
တဲ့အရာကြီးက အရာအားလုံးကိုထိန်းချုပ်နိုင်စွမ်းရှိခဲ့တယ်။ မေတ္တာတရားဆိုတာ ပိုက်ဆံနဲ့ဝယ်လို့မရပါဘူး။
လုပ်ယူလို့လည်းမရဘူး။ ကျနော့အတွက် အမေနဲ့အဖေရဲ့မေတ္တာငတ်ခဲ့ရတယ်။ကျနော့မှာငယ်ငယ်ကတောင်း
တခဲ့တဲ့အရာတစ်ခု ရှိတယ်။ အဲဒါက မိသားစုထမင်ဝိုင်းလေးဘဲ။ ကျနော့မှာ အိမ်မက်တွေလည်းအများကြီးမက်
ခဲ့ရတယ်။ ဖုန်းဆက်လိုက်ရင်လည်း ဖေကြီးနဲ့မေကြီးက
“သမီးကို ချစ်ပါတယ်။ သမီးနဲ့ လည်းဖြစ်နိုင်ရင်နေချင် တာပေါ့။ ဒါပေမယ့် သမီးအတွက်ပိုက်ဆံတွေရှာပေး
ရဦးမယ်လေ။ သမီးရယ် လူ့လောကမှာ ငွေရှိမှ လုပ်ချင်တာ လုပ်နိုင်မှာ။ ခွဲရလည်းခဏ ပေါ့ကွယ်”

ဒီလိုနဲ့ဘဲခွဲသွားလိုက်တာ၁၀နှစ်ကျော်ကျော်တောင်ကြာသွားတယ်။တကယ့် တကယ် ပြန်တွေ့တော့လည်း
၁ရက်၂ရက်ပါဘဲ။ နောက်ရက်တွေကျတော့ ဖေကြီးနဲ့မေကြီးကအလုပ်သွားတယ်။ ကျနော်ကကျောင်းတက်
တယ် ။ ကျောင်းကပြန်လာရင် တစ်ယောက်ထဲ အားလုံးကအလုပ်ကိုသွားကြတယ်။ ည၁၂နာရီလောက်အလုပ
က ပြန်လာတယ်။ ခဏစကားပြောပြီးကျနော်က အိပ်တယ်။ ပြီးတော့ နောက်နေ့ရောက်သွား တာဘဲ ။ ဒီလိုနဲ့
ဘဲ အချိန်တွေကုန်သွားတယ်။ မိသားစု စုံချင်ရင်စနေ၊တနင်္ဂနွေဘဲ စုံလို့ရတယ်။ အားလုံးကငွေက တရားခံမ
ဟုတ်ဘူးလို့ ဘယ်လူပြောနိုင်လဲ။ ငွေဆိုတာတစ်ကယ့်ကိုမရှိမကောင်း ရှိမကောင်းအရာတစ်ခုဘဲနော်။

Monday, March 3, 2008

အရှုံး

ှအလင်းဆိုတာတွေက
ပုန်းကွယ်စပြုနေတဲ့အချိန်
လေ ညှင်းလေးကဝှေ့လို့
မင်းရဲ့ ဆံနွယ်လေးတွေကို
ခေါ်ဆောင်သွားတယ်။
မင်းရဲ့ မျက်နှာပေါ်က
ပုလဲလုံးလေးတွေကလည်း
မြေခလို့။
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
မင်းရဲ့လက်ထဲမှာ
လုံးကျေနေတဲ့စာရွက်လေးတစ်ရွက်။
ကဲ.....ကောင်မလေးရေ
ခုတော့မင်းဘာတတ်နိုင်သေးလည်း။
သူတို့တွေမင်းကိုလှည့်စားသွားပြီ။
မင်းရဲ့ မျက်ရည်စက်တွေကို
ရုတ်သိမ်းလိုက်ပါကွာ။
မင်းရေးထားတဲ့သူ့အတွက်
ကဗျာကိုလည်းစုတ်ဖြဲပစ်လိုက်တော့။
အမှန်တော့ မင်းအတွက်သူဟာ
အိမ်မက်ဆိုးတစ်ခုပါ....။ ။