Tuesday, April 1, 2008

ကြယ်များ၏ခြေလှမ်း

မဲနယ်ရောင် ဆိုးထားတဲ့
အမှောင်ထုကို ဖြိုခွင်းရင်း
သူနဲ့ကျနော်
လမ်းလျှောက်လာခဲ့တယ်။
ကောင်းကင်ကြီးကို
မော့ကြည့်တော့
လမင်းရဲ့အဖော်တွေ
ဆင်းသက်လို့။
သူတို့တွေကိုကြည့်ရင်း
သူ့ကိုကျနော်မေးမိတယ်။
“ကြယ်လေးတွေက ဘယ်ကိုသွားကြတာလည်းဟင်”
သူက
“ကြယ်လေးတွေကသူ့ချစ်သူဆီသွားကြတာ”တဲ့
ကျနော်က
”တစ်ကယ်လို့အဖေအမေသို့မဟုတ်ချစ်တဲ့လူမရှိတဲ့ကြယ်လေးတွေဆိုရင်ရော”
သူက
“တစ်ယောက်ထဲ လေလွင့်နေမှာပေါ့”
ကျနော်ကြယ်လေးတွေကို
ငေးကြည့်ရင်းအတွေးများစွာနဲ့...။။။။။။

2 comments:

ein said...

ညလေးအိုကီ ကြယ်လေးတွေကို ငေးကြည့်ရင်းပေါ့နော်...
အတွေးတွေ ဆက်ဆဲ ဆက်ဆဲ ပေါ့...း)
အဆင်ပြေပါစေကွာ

နွေမုန်တိုင်း said...

ခုတော့ အတွေးများနဲ့ချာချာလည်ပေါ့ ဟုတ်လား???
:D