Sunday, March 16, 2008

နေတစ်စင်း၏ဦးတည်ရာ

မနက်ခင်းသည်အလွန်သာယာနေသည်။ ငှက်ကလေးများက သာယာသော အသံလေးများဖြင့် မနက်ခင်း
ကိုအလှဆင်နေကြသည်။ နေမင်းသူစာမူကိုလက်စသတ်လိုက်သည်။ အဖေနဲ့အမေမြို့သို့ပြောင်းလာသည်က သိပ်မကြာသေးတော့သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်မမရှိ။ တစ်နေ့တစ်နေ့ပျင်းပျင်းနှင့်စာသာ
ထိုင်ရေးရင်ရေးမရေးရင် လက်ဖက်ရည်ဆိုင်သာသွားထိုင်နေရသည်။အိမ်မှာစာရေးမည်ဆိုလျှင် အမေကဟို
ဟာခေါ်ခိုင်းဒီဟာခေါ်ခိုင်းနှင့်စာကိုရေးရတော့မည်မထင်သောကြောင့်ဒီနေ့ကျောင်းကိုဘယ်လူမှမရောက်ခင်
စောစောထွက်၍လာရေးနေခြင်းပင်။၁၀တန်းကျောင်းသားကျောင်းသူတွေပေါင်းပြီးကဗျာနဲ့တ္တုစာအုပ်တစ်အုပ်
ထုတ်သည် ဟုအသံကြားထဲက စိတ်ထဲတွင်ပေးမည် ဟုဆုံးဖြတ်ထားသည်။ ဒါပေမယ့် ဘယ်လူ့ကိုပေးရမှန်း
မသိဘူး။ နေမင်းသူတစ်ယောက်တစ်ညလုံး အိပ်ရေးပျက်ပြီးစာရေးထားတာလည်းတစ်ကြောင်း၊မနက်စောစော
ထရတာကလည်းတစ်ကြောင်းကြောင့် ငိုက်ခနဲ့အိပ်ပျော်သွားသည်။
"ဟေ့ကောင်...ခဏစောင့်ဦးကွ"
နောင်မင်းတစ်ယောက် ကျော်မျိုးကို လှမ်းအော်လိုက်သည်။ရုတ်တရက်၂ယောက်သားအခန်းထဲအ၀င်
"ဟင်... ဘယ်လူလည်းမသိဘူး"
နောင်မင်း အံသြသွားသည်။ ကျော်မျိုးက
"ဟယ်... ဟုတ်ပါ့။ ကျောင်းစောင့်သမီးလားမသိဘူး"
"ဟာ...မင်းကလည်းကွာ အဖြူနဲ့အစိမ်းဝတ်ထားတာကွ"
၂ယောက်သားအံသြစွာ မှင်သက်နေကြသည်။ ကောင်မလေးပုံစံက ဘယ်နှနှစ်ဘယ်နှလထဲက အိပ်ရေးပျက်
နေသည်မသိ။ အိပ်နေလိုက်တာမှ သူ့အမေအိမ်ကြနေတာဘဲ။
ပုံစံက ၀၀တုတ်တုတ်လေး။ မျက်နှာကတော့ ဂျစ်ကန်ကန်ပုံ။ ဆံပင်ကိုဖြောင့်ပြီး ဆံမိတ်ကိုမျက်လုံးထဲဖုံးသည်

ထိ ချထားသည်။ ထူးဆန်းသည်က ထမီကိုခြေသလုံးထိဝတ်ထားပြီး ဘောင်းဘီအရှည်က အောက်ကထွက်
နေသည်ပင်။ သူတို့၂ယောက်တော်တော်လေးကိုထူးဆန်းနေသည်။ ခဏအကြာ ညီညီတို့ တို့အုပ်စုရောက်
လာကြသည်။ အားလုံးကထူးထူးဆန်းဆန်း ကြည့်နေကြသည်။ နေမင်းသူက တော့အိပ်နေလိုက်သည်မှာသွား
ရည်တောင်ကျနေသည်။
"ထားပါကွာ။ သူဘာသာသူအိပ်ပါစေ။ငါတို့နေရာငါတို့ပြန်ထိုင်ရအောင်ကွာ"
ကျော်မျိုးဆွဲခေါ်ရာနောင်မင်းမလိုက်ချင်လိုက်ချင်နှင့်ပါသွားသည်။ကျောင်းသားကျောင်းသူများအားလုံးရောက်နေ
ကြပြီအားလုံးက နေမင်းသူကို စိတ်ဝင်စားနေကြသည်။ ခဏအကြာ ဆရာရောက်လာသည်။
"ကဲအားလုံးတိတ်တိတ်နေကြပါ"
ဆရာ့၏စားပွဲပေါ်သို့ကြိမ်လုံးနှင့်ရိုက်လိုက်သံကြောင့်နေမင်းသူလန့်နိုးသွားသည်။ မျက်လုံးလက်ဖြင့်ပွတ်လိုက်
သည်။ ခဏကြာ
"ကဲအားလုံးဘဲ။ဒီနေ့တို့ကျောင်းကိုကျောင်းသူတစ်ယောက်အသစ်ယောက်လာတယ်။လွန်ခဲ့တဲ့တစ်လလောက်က
မှဆရာတို့မြို့ကိုပြောင်းလာတာ။သူနံမည်ကနေမင်းသူတဲ့အားလုံးဘဲမှတ်ထားကြပါ။သူငယ်ချင်းနားမလည်တာရှိရင်
လည်းကူညီပေးလိုက်ပေါ့နော်"
အားလုံးက နေမင်းသူကိုကြည့်နေကြသည်။ နေမင်းသူကတော့ဘယ်လူမှဂရုမစိုက်သည့်ပုံဖြင့် ကျောက်သက်ပုန်း
သို့ငေးမောနေသည်။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

"ဒေါင်" "ဒေါင်"
ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူအသံများရုတ်တရက်ဆူညံသွားသည်။ နေမျိုးနှင့်အောင်အောင်တို့
အုပ်စု မုန့်မစားနိုင်သေး။ စာမူများကိုရွေးနေကြသည်။အကုန်လုံးလက်ခံလို့ရတာမဟုတ်ဘူး။ တစ်ချို့ကနောက်
ပြောင်ရုံသက်သက် ရေးထားတော့စာများဖြစ်သည်။ သူတို့စာအုပ်ကိုတော်ရုံတန်ရုံ အပေါစားစာအုပ်မဖြစ်စေချင်။
နောင်မင်းတို့အုပ်စုစာရွက်များဖြင့်အလုပ်ရှုပ်နေကြသည်။ ရုတ်တရက်

"ဘုတ်"
စာအုပ်တစ်အုပ်ကို ဘုတ်ကနဲ့နေအောင်တင်လိုက်သည်။ အားလုံးလန့်ဖြန့်သွားကြသည်။ စာအုပ်ပိုင်ရှင်ကိုကြည့်
လိုက်တော့ခုနကအိပ်ပုတ်ကြီးနေသည့်ဂျစ်ကန်ကန်ကောင်မလေးဖြစ်နေသည်။ပါးစပ်ထဲမှာလည်းအချဉ်ထုတ်ကိုပါး
လုတ်ပါလောင်းစားနေသည်
"ဒီမှာ..... စာမူလာပို့တာ"
ကောင်မလေးပုံဆံက ဂျစ်ကန်ကန်နှင့်နောင်မင်းဒေါသထွက်သွားသည်။ ကောင်မလေးပုံစံက ဘယ်လူမှဂရုမစိုက်
သည့်ပုံစံ..
"ဒီမယ်.... မင်းစကားကိုကောင်းကောင်းပြောပါ။ မင်းသိထားဖို့က ငါတို့အားလုံးကအယ်ဒီတာတွေဆိုတာဘဲ"
နေမင်းသူက အချဉ်ထုတ်ကိုတစ်ကိုက် ကိုက်၍
"အယ်ဒီတာမို့ဒီလောက်ထိ အဖက်လုပ်ပြီးစကားပြောနေတာပေါ့။ မကျေနပ်လည်းမတတ်နိုင်ဘူး"
နောင်မင်း တင်းသွားသည်။ တော်တော်လေးကို မခံမချိဖြစ်သွားသည်
"ငါ့တစ်သက် တစ်ခါမှဘယ်မိန်းကလေးမှ အဲလိုပြောတာမခံရဘူး မင်နဲ့ကျမှကွာ"
နေမင်းသူအချဉ်ထုတ်စားနေတာကိုလတ်စသတ်၍
"ဒီမယ်... အိမ်ကအဖေကျနေတာဘဲတော်တော်နားညီတယ်ဗျာ။ ခင်ဗျားစကားနားထောင်ဖို့ဒီကိုလာတာ
မဟုတ်ဘူး။ ဒီနေ့ကျောင်းပြန်ရင်လာအကြောင်းပြန်လိုက်စောင့်နေမယ်ဒါဘဲ"
နေမင်းသူလှလည့်ထွက်သွားသည်။ အားလုံးက ပါးစပ်အဟောင်းသားနှင့်။ နောင်မင်းကတော့
"ဘယ်လိုကောင်မလေးလည်းမသိဘူး။ ဂျစ်ကန်ကန်နဲ့။ သူ့ဝတ္တုကို ငါတို့ထည့်ပေးမှပါရမယ်ဟာကို။ ပြောသွားတာကိုကအချိုးကိုမပြေဘူး"
နောင်မင်းတစ်ယောက်ပွစိပွစိဖြင့်ကျန်ခဲ့သည်။ သူငယ်ချင်းများကတော့ သူ့ဝတ္တုကို ကောက်ဘဲဖတ်ရမလို လွတ်ဘဲပစ်ရမလိုဖြစ်နေသည်။ ရာသီဥတုကတော့သာယာနေဆဲ။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!



မျှော်

4 comments:

စိုးထက် - Soe Htet ! said...

"""ပုံစံက ၀၀တုတ်တုတ်လေး။ မျက်နှာကတော့ ဂျစ်ကန်ကန်ပုံ။ ဆံပင်ကိုဖြောင့်ပြီး ဆံမိတ်ကို မျက်လုံးထဲဖုံးသည်ထိ ချထားသည်။ ထူးဆန်းသည်က ထမီကို ခြေသလုံးထိ ၀တ်ထားပြီး ဘောင်းဘီအရှည်က အောက်က ထွက်နေသည်"""

ဟေ့ ... နေမင်းသူ က 'DJ အိုကိစုနဲ့ တူသလိုပဲ :P

Okisu said...
This comment has been removed by the author.
မင်းကျန်စစ်။ said...

တန်းလန်းကြီး ထားရဘူးလေ ကိစုမရ။ ဆက် ဆက် ။ နောက်တော့ ကောင်လေးက မထင်မှတ်လောက်အောင် ချစ်သွားတယ်ထင်ပ။ ကြိုတင် ဟောကိန်းထုတ်တာ :D

YeAungThu said...

လုပ်လေဗျာ ။ ခင်ဗျား ပာာ က လဲ ရန်ကုန် မီး အတိုင်းပါလား ။ နောက် ဆုံ ကျ မှ မျှော် တဲ.း(
၊။ အနှစ် ၂၀ ကျော် ကျော် ကျနော. အသက် နဲ. ထပ် တူ မျှော်နေ ရ တဲ. ဒုက္ခလွှတ်ချင်နေပြီဗျို. ။