Wednesday, April 23, 2008

သူ့အတွက်


တစ်ချို့က ဆူးများတဲ့လမ်းကိုမှ
ရွေးလျှောက်ချင်ကြတယ်။
တစ်ချို့က ငှက်ကလေးတွေလို
သီချင်းဆိုကြည့်ကြတယ်။
တစ်ချို့က နေ၀င်ချိန်ညနေစောင်းကို
ကဗျာတစ်ပုဒ်အဖြစ်အသွင်ပြောင်းပစ်ကြတယ်။
တစ်ချို့က မျက်ရည်တွေကို
အပြုံးတွေနဲ့လဲလည်ပစ်ကြတယ်။
တစ်ချို့က ရင်ဘတ်ထဲကသွေးကိုဖောက်ထုတ်ပြီး
ချစ်သူ့ လက်ဆောင်အဖြစ်ပေးကြတယ်။
တချို့က ရင်ခုန်သံတွေတွေစတေးပြီး
နှလုံးသားတစ်စုံကို ကျောက်တုံးတစ်ခုလိုအသက်သွင်းကြတယ်။
တစ်ချို့က အဖြူရောင်ကို
အနက်ရောင်ဆိုးပစ်ကြတယ်။
တစ်ချို့က ......
တစ်ချို့က......
တစ်ချို့က..........
တချို့က......
ကျနော် ကတာ့ သူ့အတွက်
အပြုံးတွေကိုအမြဲဆက်သတဲ့
ဂျိုကာတစ်ယောက်ဘဲဖြစ်ပေးချင်တယ်။


1 comment:

သားဖြိုး said...

ဂျိုကာပဲ ဖြစ်ဖြစ်၊ ဘယ်အရာတွေပဲ ဖြစ်ဖြစ် အချစ်အတွက် အချစ်ဆိုတဲ့ ရင်တွင်းတစ်နေရာသာ သူ့အတွက် ရှိနေရင် အချစ်စစ်ပါပဲလေ... :P