Tuesday, March 18, 2008

ဘဝ

ဘ၀ဆိုတာဘာလည်း??
မဲနယ်ဆိုးထားတဲ့ အမှောင်ကို
ငါမေးကြည့်တော့ ဘ၀ဆိုတာ
သန်းခေါင်ယံတဲ့။
ဒီလိုနဲ့ဘဲဆက်လျှောက်လာခဲ့တယ်
ရုတ်တရက် နေလုံးကြီးက
ဖြီးပြတယ်။
ဘ၀ဆိုတာဘာလဲ
ငါမေးကြည့်တော့ ဘ၀ဆိုတာ
ကပျာကယာတိမ်တဲ့။
သေလို့ရတဲ့အဖြေတွေဘဲ
ငါစိတ်တွေလေလို့
ဆက်လျှောက်လာခဲ့တယ်။
ဒီလိုနဲ့ဘဲ မလှမ်းမကမ်းက
ရေအိုင်လေးကိုတွေ့ပြန်ရော
ဘ၀ဆိုတာဘာလည်း
ငါမေးကြည့်တော့
သူကပြန်ဖြေတယ်
ဘ၀ဆိုတာ ဖြောင့်စင်းနေတဲ့
ပင်လယ်ကြီးတဲ့။
ငါနားမလည်နိုင်တော့ဘူး။
ဘ၀ဆိုတာဘာလည်း
ကြိုးပျက်နေတဲ့အရုပ်တစ်ရုပ်လား??
ကူးခတ်နေတဲ့လှိုင်းလေတွေလား??
ကျေးဇူးပြု၍ ငါ့ကိုဖြေပေးကြပါ....။။။။။

2 comments:

နွေမုန်တိုင်း said...

ကျွန်တော်သိသလောက်ပြောရရင် `ဘ၀´ဆိုတာ
လှေငယ်တစ်စင်းနဲ့တူတယ်
လှိုင်းထန်နေတဲ့ သမုဒ္ဒရာကြီးထဲမှာ လူးလွန့်နေတဲ့
လှေငယ်တစ်စင်းပေါ့ ။အချိန်မရွေး တိမ်းမှောက်သွား
နိုင်သလို အချိန်မရွေး ကိုယ်အလိုရှိရာကိုရောက်သွား နိုင်တယ်။

YeAungThu said...

အင်း ။ သေချာတော. မပြောတက် ဘူး ဗျ ။ ကိုယ်.ထက် တော် ပါတယ် ဆိုတဲ. ကမ္ဘာကျော်လူသားတွေတောင် အဓိပါယ် အမျိုးမျိုး ဖွင်.ခဲ.သေးတာပဲ ။
ကျနော်. အထင် က တော. ဘ၀ ဆိုတာ ဖြတ်သန်းလာတဲ. အချိန် ပေါ်က ခံစား မူတွေဖြစ်မှာပါ ။
ဘ၀ လို.သာ ရေးကြီး ဂွင်ကျယ်ပြောနေ ကျတာပါ ။
ဒီနေ. နဲ. မနက်ဖြန် ကို အကောင်းဆုံးသာလုပ်တာ ပိုကောင်း တယ် ။