Saturday, April 5, 2008

နှလုံးသားတစ်ခု၏မှတ်တမ်း


နှလုံးသားတစ်ခုရဲ့ရိုက်ခတ်သံကြောင့်
ကြေမွနေတဲ့ စိတ်ဓါတ်တွေ
ပြန်လည်မာကြောလာခဲ့ပြီ။
မင်းကိုစတွေ့တဲ့နေ့က
ငါရဲ့နှလုံးခုန်သံတွေ
NON STOP လှုပ်ရှားနေခဲ့တာ
DJ တောင်အရှုံးပေးရလောက်တယ်။
မင်းရဲ့ နှင်းဆီပွင့်တစ်ခုလို
သေသပ်လှပတဲ့
နှုတ်ခမ်းလေးကြောင့်
ငါ့ရဲ့စိတ်ဓါတ်တွေ ယိုင်လဲလို့
ငေးမိတာ ချော်လည်းမတတ်ပါဘဲ။
မင်းရဲ့ အပြုံးလေးတစ်ခုက
လမင်းကြီးတောင် အရှုံးပေးရတယ်။
မင်းရဲ့ စကားသံလေးတွေက
ငြိမ်သက်နေတဲ့ ငါ့ရဲ့
HEART တည့်တည့်ကို
လာရောက်ထိမှန်ခဲ့တာ အသေချာဘဲ။
ယုံပါကွာ...အပိုမဟုတ်ဘူး
မင်းမြင်နိုင်မယ်ဆိုရင် ငါ့ရဲ့မျက်လုံးထဲမှာ
စကားလုံးတွေကို လာဖတ်ပေးလှည့်ပါ.....။။။။။။။

1 comment:

နွေမုန်တိုင်း said...

ဟေးး ထိနေတာလား အဲဒီနှင်းဆီ နှုတ်ခမ်းတွေ အပြုံးတွေကိ DJ စက်ထဲထည့်ပြီးရောသမ မွှေပစ်လိုက်ကွာ :D လန်းသွားလိမ့်မယ်ကွ