
ငါဟာကဗျာတစ်ပုဒ်ကို
စတင်သီကုံးခဲ့တယ်။
အပြာရောင် ဖောင်တိန်လေးနဲ့
အဖြူရောင် စာရွက်လေးတွေက
ငါ့ရင်ဘတ် ကိုနေရာယူခဲ့တယ်။
အရင်ကဆို မင်းရဲ့
အပြုံးချိုချို လေးတွေက
ငါ့ရဲ့ ပထမပေါ့။
မင်းမရှိတော့တဲ့ နောက်
အလွမ်းဆွေး ကဗျာလေးတွေက
ငါ့ရဲ့အဖော်အဖြစ်နေရာယူခဲ့တယ်။
ငါဟာ ရှင်ရက်နဲ့သေနေတဲ့
သူတစ်ယောက်ပါ။
နေ့စဉ်နေ့တိုင်း ကဗျာဆိုတဲ့
သွေးတွေက ငါ့ရင်ဘတ်ထဲက
ဖောက်ထွက်နေခဲ့တယ်။
ဘာကြောင့် လည်းဆိုတော့
ကဗျာဆိုတဲ့ အပိုင်းအစတွေက
မင်းဆိုတဲ့သူတစ်ယောက်
ဖြစ်နေလို့ဘဲ...။။။။။။
3 comments:
အခုနောက်ပိုင်း ဒီလိုကဗျာလေးတွေ အရေးများလာကြတယ်။ ပထမ အပိုဒ်မှာ စာကြောင်းခွဲထားပုံက တမျိုးပဲ။ တကြောင်းတည်း ရေးရင် ပိုကောင်းမယ် ထင်တာပဲ။ ဆရာလုပ်တာ မဟုတ်ပါဘူး။ ဝေဖန်ကြည့်တာပါ။ ကာရန်နဲ့ ကဗျာလေးတွေ ရေးကြည့်ဖို့ တိုက်တွန်းပါရစေ။ အမြင်တမျိုးပေါ့ဗျာ။
ကောင်းပါတယ်... လေးလေးနက်နက်ရေးထားတာပဲ... အမြဲ အားပေးနေပါတယ်....
ညီမလေးေ၇....ကဗျာလေးကကောင်းတယ်နော်...အားပေးတယ်ကွာ...
Post a Comment