Sunday, April 6, 2008

ရှင်သန်နေဆဲ


ငါမုန်းတယ်
ဒါပေမယ့် ငါချစ်တတ်တယ်။
ငါခေါင်းငုံ့နေတယ်
ဒါပေမယ့် ငါအရှုံးမပေးဘူး။
ငါပြုံးနေတယ်
ဒါပေမယ့် ငါကြေကွဲနေတယ်။
ငါဆိုးနေတယ်
ဒါပေမယ့် ငါဟာလောကရဲ့တစ်နေရာမှာ
လိမ္မာနေခဲ့တယ်။
ငါလက်မြှောက်နေတယ်
ဒါပေမယ့် ငါဒူးမထောက်ဘူး။
ငါငိုနေတယ်
ဒါပေမယ့် မျက်ရည်မကျဘူး။
တစ်ကယ်တော့ငါဟာ
လောကဓံ ရဲ့ပစ်မှတ်တွေကို
ရှောင်တိမ်းရင်း အသက်ရှင်နေတဲ့
လူတစ်ယောက်ပါ.....။။။။။

5 comments:

နွေမုန်တိုင်း said...

ဟာ.... ရေရေလည်လည်လန်းတယ်ကွာ
ဂွတ်လှချည်လားကွ
ဒဏ်ရာတွေ များလို့ ရင်ဘတ်ထဲက အလိုလိုထွက်ကျ လာတာထင်တယ် ... ဟုတ်တယ်ဟုတ် ? :D

စိုးထက် - Soe Htet ! said...

ငါမျက်စေ့မှိတ် ထားတယ် ...
ဒါပေမယ့် အိပ်မပျော်ဘူး :P

ein said...

ညလေးအိုကီ......
ဟုတ်တယ်ဘယ်တော့မှ အရှုံးမပေးနဲ့ကွ...း)

emayarKhin said...

လောကမှာမျက်ရည်မကျ
အောင်ငိုတတ်တဲ့သူလောက်
တော်တာမရှိဘူး..လုပ်ပါ..နည်းနည်းတော့
မျှပါ.......ငိုနည်းသင်ချင်လို့............

မင်းကျန်စစ်။ said...

ကျောင်းသွားပေမယ့် ငါစိတ်မပါဘူး။
စာသင်နေပေမယ့် ငါမျက်စိမဖွင့်ဘူး။
:P