Thursday, May 29, 2008

လွင့်သွားခဲ့သော


စိတ်ပျက်ခဲ့တဲ့နေရက်တွေ
ရေတွက်ကြည့်လိုက်တော့
364ရက်တဲ့။
“အလိုလေးမနည်းမနောပါလား”
ရေရွတ်လိုက်မိတယ်။
ကျေနပ်စရာမကောင်းတဲ့ဘ၀မှာ
သစ်ရွက်ခြောက်လိုဘဲ
တစ်စဆီလွင့်ခဲ့တဲ့စိတ်တွေ
“ထုတ်တယ်၊သွင်းတယ်”နဲ့
စိတ်ငြိမ်အောင်ဘုရားရှေ့မှာ
တရားထိုင်မိတယ်။
မရပါလား......
စိတ်လေခဲ့တဲ့နေရက်တွေ
ပိုများလာသလိုတောင်ခံစားရသေး။
ဒီလိုနဲ့တစ်ညတာအိပ်စက်ခဲ့ရတယ်....
မနက်မိုးလင်းလို့
ကျောင်းဘက်ကိုခြေလှမ်းတွေစခဲ့တယ်။
မြင်ရပြန်ပြီ အပေါ်ယံအပြုံးတွေ
မကောင်းတတ်လို့ခေါင်းညွှတ်ပြီးနှုတ်ဆက်ခဲ့တယ်...
ငါစိတ်တွေမပါခဲ့ဘူး...
ခြေလှမ်းတွေတိုင်းမှာ
အတ္တတွေပါသလို
လှုပ်ရှားမှုတိုင်းမှာလည်း
မယုံကြည်မှုတွေပါနေတယ်...
ရပ်စမ်း!!
ဟင် မရပ်ပါလားဒီခြေလှမ်းတွေ
ရပ်စမ်း!
ဟာ ပိုလို့တောင်လှမ်းနေပါလား...
မရပ်နိုင်တဲ့ခြေလှမ်းတွေနဲ့အတူ
ကျနော်ဟာလျှောက်လှမ်းနေဆဲ.....

Wednesday, May 28, 2008

my friend


ကျနော်အိမ်မှာအဖော်မရှိဘဲပျင်းနေတယ်ဆိုတာနဲ့။ မေကြီးကယုန်လေးတစ်ကောင်ဝယ်ပေးတယ်။ နံမည်က
တော့ရွှေ မိုး သည်း လို့ခေါ်တယ်။ ခုတောင်ကျနော်ကို တော်တော်ခင်နေပြီ။ ကျနော့်နဲ့တူတူ နှစ်ပေါင်းများ
စွာနေရပါစေလို့ဆုတောင်းလိုက်ပါတယ်။

Friday, May 23, 2008

ဖြေကြည့်ပေးနော်

အားလုံးဘဲ ကျနော့Blog လာရတာတော်တော်လေးကိုပျင်းနေပြီထင်ပါရဲ့။ ဒီတစ်ခါတော့အပျင်းပြေအဖြေညှိ
ကြည့်ရအောင်။ ဒီပုံက ရိုးရိုးကြည့်မယ်ဆိုရင်တော့။ ခြစ်ရာတွေအပြည့်နဲ့စာရွက်တစ်ရွက်ပေါ့။ ခံစားပြီးကြည့်
ကြည့်မယ်ဆိုရင်တော့ အဓိပ္ပာယ်တွေပါနေတဲ့ပုံလေးတစ်ပုံပေါ့နော်။ သေချာကြည့်ကြည့်ပါ။ ဘာတွေတွေ့ရ
မလဲဆိုတာ။ ဖြေကြည့်ပေးကြပါနော်။ ဒါပေမယ့်ဖြေတဲ့ထဲမှာ ခံစားချက်တွေပါနေမှအဖြေမှန်နိုင်မယ်ထင်တယ်။
အနီးစပ်ဆုံးဖြေနိုင်မယ့်သူကိုကျနော့ဘက်ကလက်ဆောင်တစ်ခုပေးပါမယ်။ ဖြေဆိုဖို့စိတ်ပါမယ်ဆိုရင်တော့
(okisu.dj@gmail.com) ကိုမေးပို့နိုင်ပါတယ်။

Friday, May 16, 2008

အနက်ရောင်သတို့သမီး


ကော်ဖီစိမ်ထားတဲ့ညနေခင်းကို
အနက်ရောင် ဒေါင့်မြင့်တစ်ရံနဲ့
နင်းခြေလို့ ဆတ်ကော့လက်ကော့
ခြေထောက်တစ်စုံနဲ့
လျှောက်လှမ်းလာခဲ့တယ်။
သူမဆီမှာ မှင်ပြည့် နေတဲ့
မျက်ဝန်းတစ်စုံရှိတယ်။
သူမဆီမှာ ခက်ထန်တဲ့
အပြုံးတွေရှိတယ်။
သူမဆီမှာ သိမ်မွှေ့နူးညံ့တဲ့
မာနတွေ့ရှိတယ်။
သူမဆီမှာ နှင်းဆီပန်းနဲ့အလွန်တူတဲ့
နှုတ်ခမ်းတစ်စုံရှိတယ်။
သူမဆီမှာ မျက်ရည်မကျတတ်တဲ့
မျက်ဝန်းတစ်စုံရှိတယ်။
သူမကိုယ်ပေါ်မှာ အရာအားလုံး
ရင်ဆိုင်မယ်ဆိုတဲ့ အနက်ရောင်
ဝတ်စုံတစ်ခုလည်းရှိသေး။
သူမဘယ်သူကိုမှလည်းမကြောက်ဘူး။
မကြောက်လည်း မကြောက်တတ်ဘူး။
ခပ်မှိန်မှိန်အလင်းဖျော့နေတဲ့
ညနေခင်းတွေကိုလည်းတစ်ယောက်ထဲ
လျှောက်လှမ်းနေဆဲ....။။။။။။။

Monday, May 12, 2008

Friday, May 9, 2008

အိမ်မက်တစ်ခုရဲ့ KING

အပြုံးတွေမက်ခဲ့လို့
အမုန်းတွေနဲ့
အသက်ဆက်နေရတဲ့ငါ။
မျှော်လင့်ခြင်းတွေတိုင်ထူပြီး
ခိုးကြည့်ခြင်းတွေနဲ့
တည်ဆောက်ထားတဲ့
ငါ့ရဲ့အိမ်လေး။
မင်းပျင်းလို့
လမ်းလျှောက်ခြင်တယ်ဆိုရင်
ငါ့ရဲ့ရင်ခွင်ပန်းခြံလေးကိုလာခဲ့။
မင်းပျော်ဖို့အတွက်ဆိုရင်
ဂစ်တာ တစ်လက်နဲ့မိုးလင်းပါစေ။
ငါ့နှလုံးသားတစ်စုံကို
ဖိနပ်တရံ လုပ်ပြီး
ဆူးများတဲ့လမ်းမှာမှ
လျှောက်ခြင်တယ်ဆိုရင်လည်း
မင်းအလိုကျ။
ငါ့လက်မောင်းသွေးကို
ဝိုင်တစ်ခွက်အဖြစ်သုံးဆောင်နိုင်တယ်။
အရာအားလုံးမင်းအတွက်ဆိုတာ
မင်းယုံထားလိုက်။
တစ်ခုတော့ရှိတယ်
နေ၀င်ချိန်တွေတော့ငါ့ကို
မပေးခဲ့ ပါနဲ့
ငါ သေလောက်အောင်ကြောက်လို့....။။။။။။