Saturday, April 26, 2008

ပျော်ရွှင်မှုရှာခြင်း


ကောင်းကင်ကြီးကအုံးမှိုင်းနေပြီ။ ငှက်ကလေးတွေက ခေါင်မိုးအောက်မှာမိုးခိုလို့။ ယိုင်နေတဲ့ခြေလှမ်းတွေ
တည့်မတ်အောင် မနည်းကြိုးစားနေရတယ်။ ကောင်းကင်ကြီးရဲ့ ရွာချမှုကတော့ ငါ့ရင်ဘတ်ထဲက ခံစားချက်
တွေအတိုင်း အရှိန်အဟုန်တွေနဲ့ သည်းနေလိုက်တာများ။ မိုးရေထဲမှာ ဖိနပ်မပါ ခြေဗလာနဲ့လမ်းလျှောက်နေ
မိတယ်။ ရာသီဥတုနဲ့အပြိုင် ဆိုးဝါးနေတဲ့ဘ၀ဆိုတဲ့ပြက္ခဒိန် စာရွက်ကိုလည်း ဆွဲဆုတ်လိုက်ချင်ပြီ။ အရင်က
ဆိုကော်ဖီ ခါးခါးလေးတွေကို သိပ်မုန်းတဲ့ငါ ခုတော့ ကော်ဖီဆိုခါးတာမှကောင်းတယ်လို့ထင်နေမိတယ်။ ခုချိန်
ထိငါ့ကိုငါ ဘာကောင်လည်းဆိုတာခုထိမသိသေးဘူး။ သေချာတာတစ်ခုကတော့ ငါ့ရဲ့အသက်ရှင်ရပ်တည်မှု
က အချိန်ဇယားဆိုတဲ့ ပျင်းစရာကောင်းတဲ့ ဇယားကွက်ကြီးထဲမှာ လည်ပတ်နေတာဘဲ။ ငါ့မှာပျော်ရွှင်ချင်းဆို
တာလည်း ကင်းမဲ့နေတယ်။ ငါ့ရင်ဘတ်ထဲကို နေရာယူ ထားတဲ့ သူတွေ ကလည်း အဝေးကြီးဆုံးမှာ။ ပျော်ရွှင်
မှုတွေရဖို့အတွက် ငါဟာတစ်ခါပြန်သေရမှာလား။ ငါနားမလည်ဘူး။ ယမမင်းကို တံခါးသွားခေါက်ဖို့ကလည်း
တစ်ချို့ကပြောတယ် အချိန်မတန်သေးဘူးတဲ့။ ကဲ...ပြောကြပါဦး ငါ့ကို မျက်စိဒေါင့်ထောက် ကြည့်နေကြတဲ့
ပတ်ဝန်းကျင်ဆိုတဲ့ အရာကြီး။ မင်းတို့ရော ငါ့ကိုပျော်ရွှင်မှုဆိုတာ ပေးနိုင်လို့လား။ ငါ့အဖြစ်က မိုးရွာမှ အော်
တတ်တဲ့ ဖားတစ်ကောင်အတိုင်ဘဲ။ ငါဆိုတဲ့ ကောင်ကလည်း မိုးရည်စက်တွေကို ချစ်လို့အော်နေတာမဟုတ်
ဘူး။ တိမ်ထူနေတာ ထိုင်မကြည့်နေတတ်လို့အော်နေတာ။ ဘယ်လူကရော ကိုရဲ့ပျော်ရွှင်မှုတွေကိုအရည်ပျော်
ခံနိုင်ကြမှာလဲ။ သူများတွေပြောနေကြတာတော့ ကြားဖူးသား “တစ်ချက်ပြုံးရင် အသက်တစ်ရက်ပိုရှည်တယ်”
တဲ့ ငါကရော အမုန်းတွေပြည့်နေတဲ့ကမ္ဘာကြီးမှာ ဘယ်နှချက်ပြုံးနိုင်မှာမို့လို့လည်း။ ရက်စက်တတ်တဲ့ကံကို
လည်းမုန်းတယ်။ ငါ့ရဲ့အနာဂတ်ရိုက်ချိုးခဲ့တဲ့ ဘ၀ရဲ့လှည့်ကွက်တွေကိုလည်းမုန်းတယ်။ ရှင်းရှင်းပြောမယ်
အားလုံးကို မုန်းတယ်ကွာ။ ငါ့ကိုငါလည်းမုန်းတယ်။ ဖြစ်နိုင်ရင် တစ်ခါပြန်သေလိုက်ချင်တယ်။ ငါ့မျက်ရည်စက်
တွေရေငတ်နေတဲ့ သူတွေသောက်သုံးပါ။ ငါ့အကြင်နာတွေ မေတ္တာငတ်နေတဲ့သူတွေလာယူလှည့်ပါ။ ငါ့နွေးထွေး
မှုတွေ အေးစက်နေတဲ့ရင်ဘတ်တွေ လာသုံးဆောင်ပါ။ လောကကြီးကို ငါလုပ်ပေးနိုင်တာတွေပါ။
နေပါဦး ဒါနဲ့ပျော်ရွှင်မှုဆိုတာဘာလည်း။ ပျော်ရွှင်မှုတွေရှိဖို့တစ်ခေါက်ပြန်သေရဦးမှာလား။ ဒါမှမဟုတ်
ပျော်ရွှင်မှုတံခါးကို တာဝတိံသာ ၂ထပ်မှာတံခါးသွားခေါက်ရမှာလား။။။။။

No comments: