Friday, February 29, 2008

SaI sAi ရဲ့တောဂေါ်လီ

sai sai ထဲကအကြိုက်ဆုံးသီချင်းလေးပါ။ စင်ကျိုးကျသွားတဲ့သီချင်းလေးပေါ့ ...


Thursday, February 28, 2008

ချစ်သူသို့

ချစ်သူ...တစ်ကယ်လို့မင်းဟာ
ဟိုးဝေးဝေးက အဖော်မဲ့နေတဲ့
ကောင်းကင်ကြီးတစ်ခု ဖြစ်ခဲ့မယ်ဆိုရင်
ငါဟာမင်းအတွက် တိမ်တိုက်လေးတစ်ခု
ဖြစ်ပေးချင်တယ်။

ချစ်သူ...တစ်ကယ်လို့ မင်းဟာ
အဖော်မဲ့နေတဲ့ ပင်လယ်ကြီးတစ်စင်းဖြစ်ခဲ့မယ်ဆိုရင်
ငါဟာမင်းအတွက် ကမ်းစပ်လေးတစ်ခု
ဖြစ်ပေးချင်တယ်။

ချစ်သူ...တစ်ကယ်လို့မင်းရဲ့
ခြေထောက်နုနုလေးတွေ ကြမ်းတမ်းလာတဲ့အခါ
ငါဟာမင်းအတွက် နူးညံ့မှုတွေပေးနိုင်တဲ့
ဖိနပ်လေးတစ်ရံ ဖြစ်ပေးချင်တယ်။

ချစ်သူ...ရာသီဥတွေ ဆိုးဝါးပြီးမိုးတွေရွာလာတဲ့အခါ
ငါဟာမင်းအတွက် အရာအားလုံးကိုရင်ဆိုင်မဲ့
အနီရောင်ထီးလေးတစ်လက် ဖြစ်ပေးချင်တယ်။

ချစ်သူ...တစ်လောကလုံးက မင်းကိုအပြစ်မြင်ပြီး
မင်းရဲ့ ခံစားချက်တွေနားမထောင်တဲ့အခါ
ငါဟာမင်းအတွက် မင်းခံစားချက်တွေနားထောင်ပေးမယ့်
ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ဖြစ်ပေးချင်တယ်။

ချစ်သူ...လောကကြီးမှာ မင်းနားမလည်နိုင်တဲ့
စကားလုံးတွေ ရှိတဲ့အခါ
ငါဟာမင်းအတွက် တန်ဖိုးရှိစေမယ့်
အဘိဓာန် တစ်အုပ်ဖြစ်ပေးချင်တယ်။

ချစ်သူ... ဒါပေမယ့်ငါ့အချစ်တဲ့အချစ်မှာ
မျှော်လင့်ခြင်းမဲ့တဲ့ ပေးဆပ်ခြင်းသက်သက်ဆိုတာ
မင်းလက်ခံပေးပါ...။ ။

Wednesday, February 27, 2008

ဂျိုင်းထောက်နှင့်ကျနော်

"ဘုတ်" ဟောအသံတစ်သံ။ အသံကတစ်ခုခုဖြစ်သွားတဲ့အသံ။ လူတွေအားလုံး အထိတ်တစ်လန့်ဖစ်သွားတယ်။
အားလုံးလှမ်းကြည့်လိုက်တော့ ကျနော်ဖြစ်နေတယ်။ ကျတာကိုက ခွေးကျဝက်ကျ ကျတာ။ တော်တော်လေးကိုအီ
စလံဝေသွားတယ်။ တစ်ချို့လူတွေကတော့ စိတ်ပူနေတဲ့ပုံစံမျိုးဘဲ။ တစ်ချို့လူတွေက အားအားယားယားသွားခုံတာ
ကိုး
လို့ပြောနေကြတယ်။ ကျနော်ကလည်း ကျနော်ဘဲဗျ။ မနေ့ကမှ အဖျားကျသွားတယ်။ ဒီနေ့ကျောင်းတက်တော့
ထပ်ပြီး ကျိုးတယ်။ ဖြစ်တာက ကျောင်းအားကစားအချိန်မှာဖြစ်တာဗျ။ အဲဒီကစားနည်းကဂျပန်လိုဘယ်လိုခေါ်လည်း
တော့မသိဘူး။ မြန်မာလိုကျတော့မေ့နေတယ်။ ကောင်းရော :P ဒီလိုလေဗျာ အဲကစားနည်းက တိုင်၂တိုင် မှာဝါးလုံး
ချိတ်ထားတယ်အောက်မှာ ဖော့လိုဟာမျိုးမနာအောင်အထူကြီးခံပေးထားတယ်။ အဲဒါ ကိုခုန်ရတာ။ အမှန်တိုင်းခုန်
မယ်ဆိုရင် ၀ါးလုံးကခြေထောက်နဲ့ထိမိရင် အောက်ကိုပြုတ်ကျရမှာလေ။ အဲဒါကို ပြောင်းပြန်ကျနော်ကခုန်မိတာ။
ကျနော်က တော့ကိုယ့်ဘာသာကိုယ် နံမည်ပေးထားလိုက်ပြီ အဲကစားနည်းကို ပြေး ခုန် ကျိုး ဆိုပြီးတော့ဟီးးးး။ဟုတ်
တယ်လေဗျ။ ပြေးတယ် ခုန်တယ် ပြီးတော့ကျိုးတာဘဲ မဟုတ်ဘူးလား။ ဒီကြားထဲ နောက်တစ်ပတ်လောက်ဆိုကျောင်း
ဆင်းလက်မှတ် ယူပွဲကလည်းရှိသေးတယ်။ စိတ်ပျက်လိုက်တာ။ သူများတွေက ကော့တော့ကော့တော့လမ်းလျှောက်
နေရတဲ့အချိန် ကျနော်မှာတော့ ဂျိုင်းထောက်ကြီးကိုခိုစီးပြီးတော့ ခြေတစ်လှမ်းကုဋေ တသန်းနဲ့။ဟုတ် တယ်လေဂျိုင်း
ထောက်နဲ့ပါဆို ဘယ်လိုလို့ မြန်မြန်လျှောက်လို့ရမလဲ။ ခြေတစ်လှမ်း ကုဋေတသန်းနဲ့ဘဲလိမ့်ရတော့မှာပေါ့ဗျ။ (ကိုယ့်ကိုကိုယ်တင်စားလိုက်ခြင်း) ။ ဒါပေမယ့် ဆရာဝန်ကတော့ပြောတယ်။ မှီရင်မှီနိုင်တယ်တဲ့။ အော် ငါ့နှယ်ဖြစ်ရမယ်။
တစ်ကယ်လို့ သာမမှီခဲ့ရင် သွားပါပြီ ဟင့် ...ရွှတ်။ ဂျိုင်းထောက်ကြီး နဲ့မရှိမဲ့ရှိ ရှိုးတော့ပဲ့ပါပြီဗျာ...။ အော် အိုခိဆုဖြစ်
လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း။ စိတ်ညစ်ညစ်နဲ့ လောလောဆယ်တော့ အိပ်လိုက်ဦးမယ် ဘိုင့်ဘိုင့် ဆီးယူ
တာတာ့....။

Monday, February 25, 2008

လက်တွဲဖော်(သို့)အဖော်

မခွန ကဘ၀လက်တွဲဖော်ရေးပေးပါဦးတဲ့။ tag တာကကြာလှပေါ့။ ကျနော်အပျင်းကြီးပြီ နေ့ရွှေ့ညရွှေ့နဲ့
ရေးပေးမယ်ရေးပေးမယ်နဲ့ မရေးဖြစ်ဘူး။ မနေ့ကရေးမယ်ဆိုတော့လည်း အဖျားက၁၀၀ ကျော်နေတယ်
အိုခိဆု ကပျင်းလို့သက်သက်မဲ့ ပိုစ့်အသစ်မတင်တာဆိုလည်း ပြောခံရမှာဘဲ။ ဒီနေ့တောင် အဖျားကြီးနေ
တာနဲ့ မေကြီးကိုအပူကပ်ပြီး ကျောင်းပြေးထားလို့ ပိုစ့်ရေးပေးလို့ရတာ။ အဲလောက်ထိ အိုခိဆု အလုပ်
နဲ့ လက်နဲ့မပြတ်တာ။ အင်း... စကားများနေတာနဲ့ tag တဲ့အကြောင်းတောင်ဘယ်ရောက်သွား ပါလိမ့်
အော်....ဘ၀လက်တွဲဖော်ဆိုလို့ ကျနော်အဲလောက် ထိတောင် မစဉ်စားရသေးဘူးဗျ။ ကျနော် မ ပြောမှ
စဉ်စားကြည့်ဦးမယ်။ ကျနော်ရဲ့ ဘ၀လက်တွဲဖော်က ခွေးလေးတွေဗျ။ ခွေးလေးတွေဆိုလို့ တစ်မျိုးမထင်
နဲ့ဦး ဒီလိုလေဗျာ။ ကျနော်မှာ ငယ်ငယ်လေးထဲကအိမ်မက်တစ်ခုရှိတယ်။ အသက်ကြီးလာရင် အိမ်ကြီးအ
ကြီးကြီးထဲမှာ ကျနော်အရမ်းချစ်တဲ့ခွေးလေးတွေနဲ့နေမယ်လို့စိတ်ကူးထားတယ်။ စိတ်ညစ်ရင်သူတို့တွေ
ကိုဖက်ငိုမယ်။ ပျော်တဲ့အခါ မုန့်တွေကိုသူတို့တွေနဲ့ တူတူဝယ်စားမယ်။ အဲလိုစိတ်ကူးထားတာဗျ။ အင်း
တစ်ကယ်တမ်းလက်တွေဘ၀တွေကျတော့လည်း မဖြစ်လာပါဘူးဗျာ။ ချစ်တဲ့သူနဲ့ အဝေးကြီးမှာခွဲနေရတာ
ဘဲ။ ဘယ်တတ်နိုင်ပါ့မလဲလေ။ တစ်နေ့မဟုတ်တစ်နေ့တော့ ကျနော့ဘ၀လက်တွဲဖော်တွေနဲ့တွေ့ရဦးမှာ
ပေါ့။ အဲ...ဘ၀လက်တွဲဖော်ဆိုတော့တစ်ချို့လူတွေက ကိုယ်ရည်မှန်းထားတဲ့လူအကြောင်းရေးတယ်။ကျနော်
ကျတော့ ခွေးအကြောင်းရေးတယ်။ တစ်မျိုးတော့ တစ်မျိုးဘဲနော် ဟတ်ဟတ် မခွန် ရေ ကျနော်ရေးပြီးပြီ။
ကျေနပ်ပေးပါနော်...smile

Friday, February 22, 2008

ဖက်ရှင်

ဟိုရှာရင်းဒီရှာရင်းနဲ့ ဂျပန်ဖက်ရှင် ဟိုတစ်ပတ်က၀ယ်လာတဲ့စာအုပ်လေးကိုတွေ့သွားတယ်။အဲဒီထဲမှာအ၀တ်
အစားနဲ့ မိတ်ကပ်အကြောင်းတွေပါတယ်။ကျနော်လည်း ဘလောခ့်မှာအားလုံးကိုမျှချင်တာနဲ့ တင်ပေး
လိုက်ပါတယ်။ ကြိုက်မယ်လို့မျှော်လင့်ပါတယ်။
ဒီမှာ မိတ်ကပ်လိမ်းမယ်ဆိုရင် မျက်လုံးကိုဦးစားပေးပြီးချယ်ကြတယ်....

eyeလိုင်နာ ချယ်နည်းပါအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ စိတ်ဝင်စားရင်လုပ်ကြည့်ကြပါ။
ဒါကတော့ ကျနော်အရမ်းကြိုက်တဲ့ကျနော်ရဲ့ FeVoRiTe စတိုင်ပါ

ဆောင်းတွင်းရောက်ခါစ သိပ်မချမ်းတဲ့အခါမှာ ဒီလိုပုံစံမျိုးဝတ်တာများတယ်

ဒီမှာဆံပင်တွေကို ကောက်တာများတယ်

Thursday, February 21, 2008

အဖြည့်ခံ

ပျက်စီးနေတဲ့အသိဥာဏ်တစ်စ
အားလုံးပျောက်ကွယ်သွားခဲ့တယ်။
မျက်ရည်စက်တွေကလည်း
ပါးပြင်ပေါ်မှာ လိမ့်ဆင်းလို့။
မျက်လုံးတွေကလည်း ပြာဝေသွားတယ်။
သစ္စာမဲ့တဲ့ မင်းရဲ့လုပ်ရပ်တွေက
ငါ့ရဲ့ အချစ်ကိုလှောင်ရယ်သွားခဲ့တယ်။
ပျက်ရယ်ပြုနေတဲ့ မင်းမျက်ဝန်းထဲမှာ
တန်ဖိုး မထားမှုတွေကရောလို့နေတယ်။
ဒါဆိုငါကဘာလဲ မင်းအတွက်အရှုပ်ထုတ်လား။
ဒါမှမဟုတ် မင်းရဲ့အပျော်တော်ဆက်လား။
ဒါမှမဟုတ် မင်းရဲ့ အပျင်းပြေလား။
ငါစဉ်းစား မတတ်နိုင်အောင်
ငါ့ရဲ့ခန္တာကိုယ်ထဲမှာ သွေးလည်ပတ်မှုတွေ
မြန်ဆန်သွားခဲ့တယ်။
ဟိုး...ဝေးဝေးကကောင်ကင်ကြီးကလည်း
အရောင်တွေပြောင်းလို့။
ငါဟာ တစ်ကယ်တော့မင်းအတွက်
အဖြည့်ခံလူသက်သက်ပါလား.....။ ။

Wednesday, February 20, 2008

မင်း

အသိမရှိတဲ့ ဦးနှောက်
ခံစားချက်မဲ့နေတဲ့ရင်ဘတ်
ပျက်စီး ယို့ယွင်းနေတဲ့ခန္တာကိုယ်နဲ့
မင်းကို ချစ်ခဲ့တယ်။
ဖြူစင် ရိုးသားတဲ့နှလုံးသားတစ်စုံနဲ့
မျက်စိမှိတ်ချစ်ခဲ့တာပါ။
မိုးတိမ်တွေကအော်ညည်းနေတယ်။
ပင်လယ်လှိုင်းတွေက ခက်ထန်နေတယ်။
မိုးပေါ်က ကြယ်တွေမြေကြီးပေါ်
ဆင်းသက်နေတယ်။
အေး....ဒါတွေက ငါ့အချစ်ရဲ့သက်သေဘဲ။
မင်းခံစားတတ်မယ်ဆိုရင်တော့
နည်းနည်းလောက်ခံစားပေးပါ။
စိမ်းကားနေတဲ့ အကြည့်တွေရင်ဆိုင်ပြီး
မင်းကို ကြည့်နေခဲ့တာဘယ်ကောင်လည်း။
မင်းရဲ့အကြိမ်ကြိမ် ဆူပူကြိမ်းမောင်းမှုတွေ
ကြားမှာ ခေါင်းငုံခံခဲ့တာ ဘယ်ကောင်လည်း။
မင်းရက်စက်ခဲ့သမျှ ကြိတ်ပြီးငိုခဲ့ရတာ
ဘယ်ကောင်လည်း။
မင်းပြန်စဉ်းစားပါ ခံစားတတ်တဲ့
ရင်ဘတ်တစ်စုံရှိမယ်ဆိုရင်ပေါ့။ ။

မှတ်ချက်။ ။ကဗျာကနည်းနည်းတော့ဒေါသပါနေတယ်ဗျာ။စိတ်တိုနေတဲ့အချိန်ရေးတာမို့လို့ သည်းခံပြီးဖတ်ပေးကြပါနော်။
smiley

Wednesday, February 13, 2008

velethine's day

ဘာလိုလိုနဲ့ velentine's day တောင်ရောက်လာပြီ ကျနော့ဘလောခ့် အဟောင်းလေး ကိုသတိရတယ်ဗျာ
အရင်တုန်းခုချိန်ဆို အဲမှာလျှောက် ကလိနေတယ်။ ခုတော့ ကိုယ်ဒုက္ခနဲ့ကိုယ်။ ခုဘလောခ့်က သိပ်မစုံသေး
ပါဘူး။ ကျနော်စုံအောင် ကြိုးစားနေဆဲ ပါ။ ဘလောခ့်သုံးလို့မရတော့ဘူး သိတဲ့နေကဆို တစ်ညလုံး ထိုင်ငို
နေမိတယ်။ အသုံးမကျတဲ့ ကိုယ့်ကိုကိုယ်လဲ အပြစ်တင်နေ မိတယ်။ ခုဒီဘလောခ့်လေးလုပ်ဖြစ်တာ ကျနော့
ဘလောခ့်ဂါ အကိုတွေအမတွေရယ် အမေနဲ့အဖေရယ် ၀ိုင်းအားပေးလို့လုပ် ဖြစ်တာပါ။အမေပြောတဲ့စကား လေးတစ်ခွန်းကိုသတိရမိပါတယ်။"ဆုကခုချိန် အပျံသင်နေစအရွယ်ဘဲ။ ဒါမျိုးတွေကဖြစ်တတ် ပါတယ်..။
ဆုငယ်ငယ်တုန်းက လမ်းလျှောက်သင်တုန်းကချော်လဲကျဘူးတယ်မလား။ ချော်လဲကျတိုင်း ငါ့သမီးကပြန်
ထ နေ ကျဘဲ။ ခုလည်း လမ်းလျှောက်သင်တယ်လို့ ဘဲမှတ်လိုက်ပါကွယ်။ မေကြီးလည်း လိုအပ်ရင် Blog
လုပ်နည်းအုပ်တွေဝယ် ပေးပါ့မယ်။ ဆက်ကြိုးစားစမ်းပါ" အမေပြောတာ ဟုတ်လည်းဟုတ်တာဘဲနော်။ ကျ
နော် အမေပြောတာနဲ့ အကိုတွေအမတွေ ကအားပေးတာနဲ့ ကျနော်လည်း ပြန်ပြီးအကောင့်အသစ် ဖွင့်ဖြစ်
သွားတယ်။ အဲ.... ဘလောခ့်အကြောင်းပြောနေတာနဲ့ ဘာလင် တိုင်းဒေးတောင်ဘယ်ရောက်သွားလည်းမ
သိဘူး။ ဆက်ပြော မယ်...။ ဒီနေ့တော့ ကျနော်ချောကလက်တွေကျိုဖြစ်တယ်။ နက် ဖြန်သူငယ်ချင်းတွေကို
လက်ဆောင်ပေးဖို့ ကိုယ့်ဘာသာကိုယ် ဒီဇိုင်းလုပ်တယ်။ နက်ဖြန် ပျော်စရာကြီးနေမှာဘဲ။ ကျနော်ကို လည်း
ဘယ်သူ တွေပေးမလဲမသိဘူး။ ဒီနေ့ ညမိုးချုပ်မှအိမ်ကိုပြန်ရောက်တယ်။ အဘွားကြီးနှင်းမ နဲ့သွားတာ။နက်
ဖြန်ကျနော် နဲ့သူနဲ့ ချောကလက်လဲစားကြမှာ ဘယ်လူဟာပိုကောင်းမလည်းမသိဘူး။ နက်ဖြန်ကျမှဆက်ရေး

မယ်နော့ ဒီနေ့အိမ်စာမပြီး သေးလို့ ဟိဟိ ..... ဂျနယ် အိုယာစုမိ ...