
ဖြူစင်တဲ့ရင်ခုန်သံတစ်ချို့ကိုမင်းပြုစား။
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
အသက်ရှင်။
2008 ရဲ့အချိန်ကာလတွေက
ရထားတစ်ဆင်းလိုခုတ်မောင်းသွားခဲ့တယ်။
ဒီလိုနဲ့ဘဲ....
တိမ်တိုက်တွေကလည်းရွေ့လျှား
မနက်နဲ့ညတစ်က
ကြိုးပြတ်နေတဲ့ သံစဉ်တစ်ပုဒ်လိုလည်ပတ်။
ဂီတာသံတွေလည်း အရင်ကမသာယာတော့ဘူး
နာရီတွေက ခြောက်တိခြောက်ခြား
ကမ္ဘာခြားနေတဲ့ မင်းနဲ့ငါ
အသက်ရှုသံခြင်း တူခဲ့ရင်လည်း
လွမ်းနေပေး။
အဝေးက ခြေသံလေးကြားခဲ့ရင်လည်း
လွမ်းနေပေး။
တိတ်ဆိတ်တဲ့ အမှောင်ညထဲမှာကြယ်ကြွေခဲ့ရင်လည်း
လွမ်းနေပေး။
မှိန်နေတဲ့ အလွမ်းတွေကို
အိမ်မက်အနမ်းတစ်ခုနဲ့ဆေးချယ်ကြစို့။
Okisu
2 comments:
ကဗျာလေးက ကောင်းလှချည်လား...ငါ့ညီမတော်တယ်
ကမ္ဘာခြားနေတဲ့ မင်းနဲ့ငါ
အသက်ရှုသံခြင်း တူခဲ့ရင်လည်း
လွမ်းနေပေး။
အဝေးက ခြေသံလေးကြားခဲ့ရင်လည်း
လွမ်းနေပေး။
တိတ်ဆိတ်တဲ့ အမှောင်ညထဲမှာကြယ်ကြွေခဲ့ရင်လည်း
လွမ်းနေပေး။
. . .
လွမ်းစရာလေး ရေးတတ်တယ် . .. ။
ကဗျာကို ဖတ်မိရင် လွမ်းသွားမှာပါပဲ . . ။
Post a Comment