Thursday, March 6, 2008

ဧဒင်အမုန်း


ပျက်စီးနေတဲ့ စိတ္တဇမိုးတိမ်အောက်က မျက်ရည်စက်တွေလွင့်စင်ခဲ့ရတယ်။ တိတ်ဆိတ်နေတယ့်မင်းရဲ့အသံ။
ရက်စက်မှုနဲ့ မလိုက်နိုင်အောင်ဘဲ မင်းရဲ့ ပါးလွှာတဲ့နှုတ်ခမ်းပါးလေး လှပအောင် ပြုံးနိုင်ခဲ့တယ်။ မင်းရဲ့အပြုံ
မလွန်ဆန် နိုင်တဲ့ ငါရဲ့ ဒူးထောက်အရှုံးပေးမှုကို တစ်ချက်လောက်တော့ ငဲ့ပေးပါဦး။ မင်းခိုင်းသမျှလုပ်မင်းပေး

သမျှစားတဲ့ ငါ့ကိုငပေါကြီးတစ် ယောက်လို သတ်မှတ်ထားတာ ငါသိပါတယ်။ မင်းပေးခဲ့တဲ့ မျှော်လင့်ချက် ပန်း
သီးတစ်လုံးကို အခွံနွှာမစားခဲ့လို့ ရူးသွားခဲ့ ရတဲ့ငါ။ ပန်သီးစိမ်းစိမ်းကိုမှစားချင်တဲ့မင်း။ တိမ်တိုက်တွေကို မွှေ့ယာ လုပ်အိပ်ချင်တယ်ပြောရင်တောင်မင်းအတွက်စွန့် စားပေးရဲပါတယ်ကွာ။ ကောင်ကင်ကြီးအရည်ပျော်ကျလာရင်

အနီရောင်ထီးလေးမိုးလို့ ကာကွယ်ပေးနေချင်တယ့်သူဟာ ငါပါ။ ခွေးလေးတွေကိုချစ်တဲ့မင်း။ ကဗျာ တွေကိုအမြ
ဆက်သ နေတဲ့ ပုံပြင်ထဲက ပန်းဆက်သမားဘ၀အကြိမ်ကြိမ် ငါရောက ခဲ့ရတယ်။ မိုးတိမ်တွေ ပုံပြင်တွေကိုအရမ်း
ကြိုက်လို့ အမြဲပြောပြခဲ့ရတာမှတ်မိသေးပါတယ်။ဒါတွေမင်း မေ့သွားခဲ့ပြီနော် ကောင်မလေး။ ခုအားလုံးက အရေ

ပျော်ကုန်ခဲ့ပြီ။ မင်းရဲ့အပြုံးထဲမှာ မုန်းတီးချင်းခြင်းတွေကအပြည့်ပါနေခဲ့တယ်။ မင်း အခန်းထဲ မှာလဲလုံးကျေနေတဲ့
ငါ့ရင်ဘတ်ထဲက အပိုင်းအစလေးတွေနဲ့ရှုပ်ပွလို့ပေါ့။ ရင်ဘတ်ကိုခြေမွပြီးမှ ထွက်ခွာသွား ခဲ့တယ်။ မလွန်ဆန်နိုင
တဲ့ အပြုံးတွေကို ရင်မှာသိမ်းလို့ အချိန်ရတုန်းအိပ်တော့မယ်Zzzzz

ဟဲဟဲ ဘာရယ်မဟုတ်ပါဘူး။ ပျင်းကလည်းပျင်း။ အိပ်ကလည်းအိပ်ချင်နေတာနဲ့တင်လိုက်တာ ။ အိပ်တော့မယ်နော်:D

4 comments:

Unknown said...

ညီဆုရေ...

ဧဒင်က ချစ်သူတွေရဲ့ ဦးယျာဉ်နော်.... ဟုတ်လား.

ထင်တာကတော့ တင်စားရုံသက်သက်နေမှာပါ..

ညီဆုရေ.. ဧဒင်ဥယျာဉ်ကို အလည်ရောက်အောင်သွားခဲ့နော်..
နိုးလာရင် ပြောပြအုံး..
အိပ်မက်ထဲက ဧဒင်ပေါ့..

မင်းကျန်စစ်။ said...

အစားမက်ရုံတင် ထင်ထားတာ ဘယ်ဟုတ်လို့လဲ။ ဧဒင်မှာတောင် သွားမှာလားမသိ။ စိတ်ထိမ်း ကိစုမ စိတ်ထိမ်း။

ရွှန်းမီ said...

sweet dreams :)

Minn Yoon Thit said...

စကားလုံးတွေ တစ်လျှောက်လုံး လန်းလာပြီး နောက်ဆုံးကျတော့ အိပ်မောကျသွားပါလား... ဟတ်ဟတ် အဲ့ဒိ ဧဒင်ကိုရောက်ရင် ဘုရားသခင်ကို ပြောပေးပါ... အာဒံနံရိုးကို ယူပြီး မိန်းကလေး ဖန်ဆင်းမယ်ဆို နံရိုး၂ခု ယူပြီး ဖန်ဆင်းပေးပါလို့... ဒါမှ ရွေးချယ်စရာတွေ များများ ရှိမှာပေါ့.... :P (အဲလေ.. လျှောက်ရွှီးကြည့်တာ ဟီး)