Tuesday, March 25, 2008

ကျောင်းဆင်းပွဲ


ရောက်မလာတော့လည်း
တစ်မျှော်မျှော်နဲ့
ရောက်လာမဲ့နေ့ကို
စောင့်နေမိတယ်။
တစ်ကယ့်တစ်ကယ် ကျတော့
ဝမ်းနည်းစရာမကောင်းဘူးလို့
ထင်ထားပေမယ့် အလိုလိုနေရင်း
ရင်ဘတ်ထဲမှာ ဆို့နစ်နေမိတယ်။
ချယ်ရီပန်းလေးတွေမြေခလို့
လွမ်းစရာကောင်းတဲ့
မနက်ခင်းလေးပါဘဲ။
အားလုံးက ခွဲရမယ်ဆိုတာ
အလိုလိုနေရင်းသိနေပေမယ့်
ငိုချင်တဲ့စိတ်ကို
ကြိတ်မှိတ်မျိုသိပ်ထားကြတယ်။
အားလုံးရဲ့ ရင်ထဲမှာ
အမှတ်တရ ကိုယ်စီနဲ့
နှုတ်ဆက်စာလေးတွေ ကိုင်လို့
ဆာယိုနာရာတဲ့။
ဖြေသိမ့်ဖို့ ဆေးမရှိပေမယ့်
နွေးထွေးမှုရှိတဲ့ ဆရာဆရာမတွေရဲ့
စကားသံတွေ။
ကျောင်းကြီးကတော့
နှုတ်ဆက်စကားတွေပြည့်နှက်လို့
စကူလ(ချယ်ရီပန်း)တွေကတော့
လေနဲ့အတူကြွေကျနေဆဲပေါ့။။။။

6 comments:

စိုးထက် - Soe Htet ! said...

Congrats !
Cheers !

နွေမုန်တိုင်း said...

ခုတော့သူငယ်ချင်းတွေနဲ့ ခွဲရပြီပေါ့လေ။ :D

ရွှန်းမီ said...

အင်း.. မမီလဲ ကျောင်းဆင်းပွဲ နဲ့ သူငယ်ချင်းတွေကို လွမ်းသွားပြီ ..
တက်စရာ ကျောင်းဆင်းပွဲတွေ အများကြီး ရှိသေးတယ်..
ဘ၀ ဆိုတဲ့ ကျောင်းဆင်းပွဲလည်း ဘယ်လိုဆင်းရမလဲ လူမှ စုံပါ့မလားလို့ မတွေးကောင်းတွေးကောင်း တွေးမိတယ် :D

Black Dream said...

တွေ့ဆုံပြီးရင်တော့် ခွဲခွာရမှာပဲလေ... :)

သားဖြိုး said...

လာလည်သွားပါတယ်... လူဆိုတာ ... တွေ့ကြမယ်... ခင်မင်ကြမယ်... ခဏလမ်းခွဲအုံးမယ်... ပြန်ဆုံကျမယ်... (တခါတလေ)... ကိုယ်စီ လျှောက်ကြအုံးမယ်... နောက်တစ်ခါ ပြန်ဆုံချင် ဆုံမယ်... ဒါပေမယ့် သူနဲ့ကိုယ်က တစ်လမ်းစီလေ... ကိုယ်လျှောက်တဲ့ လမ်းသာလျှင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားစေချင်တယ်... အားမငယ်နဲ့...

emayarKhin said...

မရာလဲ ကျောင်းဆင်းပွဲလေး
ဖတ်ပြီး ငိုချင်လာတယ်....
ထပ်တူခံစားမိပါတယ်...။
အမှတ်တရတခုပေါ့....
ကောင်လေးငယ် ရယ်....။