Monday, March 3, 2008

အရှုံး

ှအလင်းဆိုတာတွေက
ပုန်းကွယ်စပြုနေတဲ့အချိန်
လေ ညှင်းလေးကဝှေ့လို့
မင်းရဲ့ ဆံနွယ်လေးတွေကို
ခေါ်ဆောင်သွားတယ်။
မင်းရဲ့ မျက်နှာပေါ်က
ပုလဲလုံးလေးတွေကလည်း
မြေခလို့။
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
မင်းရဲ့လက်ထဲမှာ
လုံးကျေနေတဲ့စာရွက်လေးတစ်ရွက်။
ကဲ.....ကောင်မလေးရေ
ခုတော့မင်းဘာတတ်နိုင်သေးလည်း။
သူတို့တွေမင်းကိုလှည့်စားသွားပြီ။
မင်းရဲ့ မျက်ရည်စက်တွေကို
ရုတ်သိမ်းလိုက်ပါကွာ။
မင်းရေးထားတဲ့သူ့အတွက်
ကဗျာကိုလည်းစုတ်ဖြဲပစ်လိုက်တော့။
အမှန်တော့ မင်းအတွက်သူဟာ
အိမ်မက်ဆိုးတစ်ခုပါ....။ ။

1 comment:

မင်းကျန်စစ်။ said...

စိတ်မကောင်းဖြစ်နေတုန်းလားကွ။ အေးဆေးပေါ့။ အရင်လို ဒီဂျေတွေနဲ့ ပျော်နေတဲ့ ကိစုမလေး ပြန်ဖြစ်ဖို့ ကြိုးစားတော့ကွ။