Wednesday, February 27, 2008

ဂျိုင်းထောက်နှင့်ကျနော်

"ဘုတ်" ဟောအသံတစ်သံ။ အသံကတစ်ခုခုဖြစ်သွားတဲ့အသံ။ လူတွေအားလုံး အထိတ်တစ်လန့်ဖစ်သွားတယ်။
အားလုံးလှမ်းကြည့်လိုက်တော့ ကျနော်ဖြစ်နေတယ်။ ကျတာကိုက ခွေးကျဝက်ကျ ကျတာ။ တော်တော်လေးကိုအီ
စလံဝေသွားတယ်။ တစ်ချို့လူတွေကတော့ စိတ်ပူနေတဲ့ပုံစံမျိုးဘဲ။ တစ်ချို့လူတွေက အားအားယားယားသွားခုံတာ
ကိုး
လို့ပြောနေကြတယ်။ ကျနော်ကလည်း ကျနော်ဘဲဗျ။ မနေ့ကမှ အဖျားကျသွားတယ်။ ဒီနေ့ကျောင်းတက်တော့
ထပ်ပြီး ကျိုးတယ်။ ဖြစ်တာက ကျောင်းအားကစားအချိန်မှာဖြစ်တာဗျ။ အဲဒီကစားနည်းကဂျပန်လိုဘယ်လိုခေါ်လည်း
တော့မသိဘူး။ မြန်မာလိုကျတော့မေ့နေတယ်။ ကောင်းရော :P ဒီလိုလေဗျာ အဲကစားနည်းက တိုင်၂တိုင် မှာဝါးလုံး
ချိတ်ထားတယ်အောက်မှာ ဖော့လိုဟာမျိုးမနာအောင်အထူကြီးခံပေးထားတယ်။ အဲဒါ ကိုခုန်ရတာ။ အမှန်တိုင်းခုန်
မယ်ဆိုရင် ၀ါးလုံးကခြေထောက်နဲ့ထိမိရင် အောက်ကိုပြုတ်ကျရမှာလေ။ အဲဒါကို ပြောင်းပြန်ကျနော်ကခုန်မိတာ။
ကျနော်က တော့ကိုယ့်ဘာသာကိုယ် နံမည်ပေးထားလိုက်ပြီ အဲကစားနည်းကို ပြေး ခုန် ကျိုး ဆိုပြီးတော့ဟီးးးး။ဟုတ်
တယ်လေဗျ။ ပြေးတယ် ခုန်တယ် ပြီးတော့ကျိုးတာဘဲ မဟုတ်ဘူးလား။ ဒီကြားထဲ နောက်တစ်ပတ်လောက်ဆိုကျောင်း
ဆင်းလက်မှတ် ယူပွဲကလည်းရှိသေးတယ်။ စိတ်ပျက်လိုက်တာ။ သူများတွေက ကော့တော့ကော့တော့လမ်းလျှောက်
နေရတဲ့အချိန် ကျနော်မှာတော့ ဂျိုင်းထောက်ကြီးကိုခိုစီးပြီးတော့ ခြေတစ်လှမ်းကုဋေ တသန်းနဲ့။ဟုတ် တယ်လေဂျိုင်း
ထောက်နဲ့ပါဆို ဘယ်လိုလို့ မြန်မြန်လျှောက်လို့ရမလဲ။ ခြေတစ်လှမ်း ကုဋေတသန်းနဲ့ဘဲလိမ့်ရတော့မှာပေါ့ဗျ။ (ကိုယ့်ကိုကိုယ်တင်စားလိုက်ခြင်း) ။ ဒါပေမယ့် ဆရာဝန်ကတော့ပြောတယ်။ မှီရင်မှီနိုင်တယ်တဲ့။ အော် ငါ့နှယ်ဖြစ်ရမယ်။
တစ်ကယ်လို့ သာမမှီခဲ့ရင် သွားပါပြီ ဟင့် ...ရွှတ်။ ဂျိုင်းထောက်ကြီး နဲ့မရှိမဲ့ရှိ ရှိုးတော့ပဲ့ပါပြီဗျာ...။ အော် အိုခိဆုဖြစ်
လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း။ စိတ်ညစ်ညစ်နဲ့ လောလောဆယ်တော့ အိပ်လိုက်ဦးမယ် ဘိုင့်ဘိုင့် ဆီးယူ
တာတာ့....။

No comments: