Thursday, February 21, 2008

အဖြည့်ခံ

ပျက်စီးနေတဲ့အသိဥာဏ်တစ်စ
အားလုံးပျောက်ကွယ်သွားခဲ့တယ်။
မျက်ရည်စက်တွေကလည်း
ပါးပြင်ပေါ်မှာ လိမ့်ဆင်းလို့။
မျက်လုံးတွေကလည်း ပြာဝေသွားတယ်။
သစ္စာမဲ့တဲ့ မင်းရဲ့လုပ်ရပ်တွေက
ငါ့ရဲ့ အချစ်ကိုလှောင်ရယ်သွားခဲ့တယ်။
ပျက်ရယ်ပြုနေတဲ့ မင်းမျက်ဝန်းထဲမှာ
တန်ဖိုး မထားမှုတွေကရောလို့နေတယ်။
ဒါဆိုငါကဘာလဲ မင်းအတွက်အရှုပ်ထုတ်လား။
ဒါမှမဟုတ် မင်းရဲ့အပျော်တော်ဆက်လား။
ဒါမှမဟုတ် မင်းရဲ့ အပျင်းပြေလား။
ငါစဉ်းစား မတတ်နိုင်အောင်
ငါ့ရဲ့ခန္တာကိုယ်ထဲမှာ သွေးလည်ပတ်မှုတွေ
မြန်ဆန်သွားခဲ့တယ်။
ဟိုး...ဝေးဝေးကကောင်ကင်ကြီးကလည်း
အရောင်တွေပြောင်းလို့။
ငါဟာ တစ်ကယ်တော့မင်းအတွက်
အဖြည့်ခံလူသက်သက်ပါလား.....။ ။

1 comment:

ရွှန်းမီ said...

ငယ်ငယ်တုန်းက ခပ်ဆင်ဆင်အကြောင်းလေးတွေကို သတိရသွားတယ်.. အဲဒီတုန်းကတော့.. ကဗျာ စာ တွေ ရေးဖို့ဝေးလို့ သီချင်းတောင် ကောင်းကောင်းမဆိုဖူးသေးဘူး .. :)