Monday, February 25, 2008

လက်တွဲဖော်(သို့)အဖော်

မခွန ကဘ၀လက်တွဲဖော်ရေးပေးပါဦးတဲ့။ tag တာကကြာလှပေါ့။ ကျနော်အပျင်းကြီးပြီ နေ့ရွှေ့ညရွှေ့နဲ့
ရေးပေးမယ်ရေးပေးမယ်နဲ့ မရေးဖြစ်ဘူး။ မနေ့ကရေးမယ်ဆိုတော့လည်း အဖျားက၁၀၀ ကျော်နေတယ်
အိုခိဆု ကပျင်းလို့သက်သက်မဲ့ ပိုစ့်အသစ်မတင်တာဆိုလည်း ပြောခံရမှာဘဲ။ ဒီနေ့တောင် အဖျားကြီးနေ
တာနဲ့ မေကြီးကိုအပူကပ်ပြီး ကျောင်းပြေးထားလို့ ပိုစ့်ရေးပေးလို့ရတာ။ အဲလောက်ထိ အိုခိဆု အလုပ်
နဲ့ လက်နဲ့မပြတ်တာ။ အင်း... စကားများနေတာနဲ့ tag တဲ့အကြောင်းတောင်ဘယ်ရောက်သွား ပါလိမ့်
အော်....ဘ၀လက်တွဲဖော်ဆိုလို့ ကျနော်အဲလောက် ထိတောင် မစဉ်စားရသေးဘူးဗျ။ ကျနော် မ ပြောမှ
စဉ်စားကြည့်ဦးမယ်။ ကျနော်ရဲ့ ဘ၀လက်တွဲဖော်က ခွေးလေးတွေဗျ။ ခွေးလေးတွေဆိုလို့ တစ်မျိုးမထင်
နဲ့ဦး ဒီလိုလေဗျာ။ ကျနော်မှာ ငယ်ငယ်လေးထဲကအိမ်မက်တစ်ခုရှိတယ်။ အသက်ကြီးလာရင် အိမ်ကြီးအ
ကြီးကြီးထဲမှာ ကျနော်အရမ်းချစ်တဲ့ခွေးလေးတွေနဲ့နေမယ်လို့စိတ်ကူးထားတယ်။ စိတ်ညစ်ရင်သူတို့တွေ
ကိုဖက်ငိုမယ်။ ပျော်တဲ့အခါ မုန့်တွေကိုသူတို့တွေနဲ့ တူတူဝယ်စားမယ်။ အဲလိုစိတ်ကူးထားတာဗျ။ အင်း
တစ်ကယ်တမ်းလက်တွေဘ၀တွေကျတော့လည်း မဖြစ်လာပါဘူးဗျာ။ ချစ်တဲ့သူနဲ့ အဝေးကြီးမှာခွဲနေရတာ
ဘဲ။ ဘယ်တတ်နိုင်ပါ့မလဲလေ။ တစ်နေ့မဟုတ်တစ်နေ့တော့ ကျနော့ဘ၀လက်တွဲဖော်တွေနဲ့တွေ့ရဦးမှာ
ပေါ့။ အဲ...ဘ၀လက်တွဲဖော်ဆိုတော့တစ်ချို့လူတွေက ကိုယ်ရည်မှန်းထားတဲ့လူအကြောင်းရေးတယ်။ကျနော်
ကျတော့ ခွေးအကြောင်းရေးတယ်။ တစ်မျိုးတော့ တစ်မျိုးဘဲနော် ဟတ်ဟတ် မခွန် ရေ ကျနော်ရေးပြီးပြီ။
ကျေနပ်ပေးပါနော်...smile

4 comments:

ချစ်စု said...

ခွေးချစ်တတ်တဲ့ ချစ်သူလေးနဲ့တွေ့ ပြီး ညီမလေးတို့နှစ်ယောက် အိမ်ကြီး၂ထဲမှာ ခွေးတွေအများကြီးနဲ့ ပျော်ရွှင်ပါစေ

ထွန်း said...

ဟားဟားဟား... ရင်ခုန်သံမြန်လာပြီ။ လန့် လာလို့ 
ဒီမယ် ကလေးမရဲ့ ခွေးတွေကို လက်တွဲဖော် မလုပ်ကောင်းဘူး တိရိစ္ဆာန်ဆိုတာ တိရိစ္ဆာန်ဘဲ
http://joyful4all.blogspot.com/2008/02/true-accident.html
ကို ဖတ်ကြည့် ကိုယ်မွေးတဲ့ခွေးက ကိုယ့်ကို သေအောင် ကိုက်သတ်သွားတာ ပြီးခဲ့တဲ့ လက အင်္ဂလန်မှာ တကယ်ဖြစ်ခဲ့တယ် နားလည်နိုင်ပါစေ

Winkabar said...

ကောင်းတယ် ဆုရေ။ ခွေးလေးတွေနဲ့ နေရလည်း စိတ်ချမ်းသာဖို့ကောင်းတာပဲ။

Minn Yoon Thit said...

အေးလေ အန်တီခွန်မြလှိုင်ကလဲ ကျနော်တို့ အိုကိ ပုစိကို ဘာတွေ လာတက်ထားမှန်း မသိဘူး သူက ကလေးပုစိပဲ ဘလာဘလာတွေ ဘယ်သိပါ့မလဲ ။ ခွေးလေးတွေက ခုချိန်မှာ သူ့အချစ်တော်လေးတွေ ပဲနေမှာပေါ့။ ကောင်းတယ် ကောင်းတယ်။ :)