Friday, May 9, 2008

အိမ်မက်တစ်ခုရဲ့ KING

အပြုံးတွေမက်ခဲ့လို့
အမုန်းတွေနဲ့
အသက်ဆက်နေရတဲ့ငါ။
မျှော်လင့်ခြင်းတွေတိုင်ထူပြီး
ခိုးကြည့်ခြင်းတွေနဲ့
တည်ဆောက်ထားတဲ့
ငါ့ရဲ့အိမ်လေး။
မင်းပျင်းလို့
လမ်းလျှောက်ခြင်တယ်ဆိုရင်
ငါ့ရဲ့ရင်ခွင်ပန်းခြံလေးကိုလာခဲ့။
မင်းပျော်ဖို့အတွက်ဆိုရင်
ဂစ်တာ တစ်လက်နဲ့မိုးလင်းပါစေ။
ငါ့နှလုံးသားတစ်စုံကို
ဖိနပ်တရံ လုပ်ပြီး
ဆူးများတဲ့လမ်းမှာမှ
လျှောက်ခြင်တယ်ဆိုရင်လည်း
မင်းအလိုကျ။
ငါ့လက်မောင်းသွေးကို
ဝိုင်တစ်ခွက်အဖြစ်သုံးဆောင်နိုင်တယ်။
အရာအားလုံးမင်းအတွက်ဆိုတာ
မင်းယုံထားလိုက်။
တစ်ခုတော့ရှိတယ်
နေ၀င်ချိန်တွေတော့ငါ့ကို
မပေးခဲ့ ပါနဲ့
ငါ သေလောက်အောင်ကြောက်လို့....။။။။။။

1 comment:

Emily said...

မိုက်၏ ဆိုးသွမ်း၏ ဟဲဟဲ ကောင်းတယ်ဗျာ ရေးထားတာလေး သဘောကျတယ်။ ခံစားချက်နဲ့ တိုက်ဆိုင်တယ်ပေါ့ဗျာ။ အဲ မှားလို့ တော်ကြာ မိန်းကလေး ထင်နေဦးမယ်။ ယောက်ျားလေးဘက်ကလဲ အဲလို ပြောခွင့်ရှိတယ်ဟုတ်။