Sunday, July 20, 2008

ကျနော့ရဲ့ပျင်းခြောက်ခြောက်မွေးနေ့ပွဲ

ကျနော်ရဲ့အရမ်းကိုပျင်းစရာကောင်းတဲ့မွေးနေ့ကို တက်ရောက်လာကြတဲ့ လူကြီးလူကောင်းများခင်ဗျာ။
ကျနော့ရဲ့မွေးနေ့ပွဲကို စတင်တော့မှာကြောင့်ခုံနေရာယူပေးကြပါ....


အဟမ်းဟမ်းခုချိန်ကစပြီး birthday cake ခွဲပါတော့မယ်

(ဆူရှီ sushi)ထမင်းနဲ့အသားစိမ်းနဲ့ထုတ်ထားတာပါ ကျနော်ကတော့မကြိုက်ဖူး

ကျနော်အမြဲတမ်းစားနေကျထမင်းလုံး

ကျနော့ရဲ့အမြဲစားနေကျမုန့်

ဆာကေးလို့ခေါ်ပါတယ် ဂျပန်အရက်တစ်မျိုးပါ သောက်တတ်တဲ့အကိုတွေအတွက်

ဗိုက်ဆာနေသူများအတွက်


အမတွေအတွက်
သီချင်းဆိုပြမယ် နားထောင်ပေးနော်


မှတ်ချက်။ ။(အပြန်ကျ ဖိနပ်များသတိထားပါရန် အထူးသတိပေးအပ်ပါသည်) ပုံ-Oks

Friday, July 18, 2008

ငါတို့ရဲ့နယ်မြေ

ကြိုးပျက်နေတဲ့ အမှောင်ထုကို

သွေးစက်လက် လက်တစ်ဖက်နဲ့

နာရီလက်တံတွေကို

လှည့်နေခဲ့ရင်တောင်

ရင်ဘတ်မဲ့တဲ့

တစ္ဆေတစ်စုက

လှောင်ရယ်နေဆဲ။

ထစ်ချုန်းနေတဲ့

2008 ရဲ့ပြက္ခဒိန်ကလည်း

ပေါက်ပြဲလို့။

ငိုသံတွေနဲ့သီချင်းဆို

သွေးစွန်းနေတဲ့ ညနေခင်းတွေနဲ့

ကန့်သတ်နယ်မြေလားဘဲ။

ဒီလိုနဲ့အလင်းတွေကို

ဝါးမြိုနေဆဲ......

ဒီလိုနဲ့ငိုသံတွေက

ကျယ်လောင်နေဆဲ.....

ဒီလိုနဲ့.....


Wednesday, July 2, 2008

လှေတစင်း


ဖြူစင်တဲ့ရင်ခုန်သံတစ်ချို့ကိုမင်းပြုစား။
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
အသက်ရှင်။
2008 ရဲ့အချိန်ကာလတွေက
ရထားတစ်ဆင်းလိုခုတ်မောင်းသွားခဲ့တယ်။
ဒီလိုနဲ့ဘဲ....
တိမ်တိုက်တွေကလည်းရွေ့လျှား
မနက်နဲ့ညတစ်က
ကြိုးပြတ်နေတဲ့ သံစဉ်တစ်ပုဒ်လိုလည်ပတ်။
ဂီတာသံတွေလည်း အရင်ကမသာယာတော့ဘူး
နာရီတွေက ခြောက်တိခြောက်ခြား
ကမ္ဘာခြားနေတဲ့ မင်းနဲ့ငါ
အသက်ရှုသံခြင်း တူခဲ့ရင်လည်း
လွမ်းနေပေး။
အဝေးက ခြေသံလေးကြားခဲ့ရင်လည်း
လွမ်းနေပေး။
တိတ်ဆိတ်တဲ့ အမှောင်ညထဲမှာကြယ်ကြွေခဲ့ရင်လည်း
လွမ်းနေပေး။
မှိန်နေတဲ့ အလွမ်းတွေကို
အိမ်မက်အနမ်းတစ်ခုနဲ့ဆေးချယ်ကြစို့။
Okisu

LiKe A bOy