Saturday, August 16, 2008

ဘ၀ခြား

စာရေးသူအမှာစာ
ကျနော်ဒီဝတ္တုကို တစ်ညနဲ့တစ်မနက်ရေးရပါတယ်။ ကျနော့ရဲ့ရင်တွင်းဖြစ်ဆိုမမှားပါဘူး။ကျနော်
အတော်လေးခံစားပြီးရေးလိုက်ရတာပါ။ ခင်ဗျားတို့အနေနဲ့ ဒီဝတ္တုကို စိတ်ဝင်စားမိတယ်ဆိုရင်ဘဲ
ကျနော်ကျေနပ်မိပါတယ်။ အရင်က၀တ္တုရှည်တွေရေးဖို့ ကျနော်ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်
အချိန်ကမရတာကတကြောင်း ကျောင်းကတက်နေရတာတကြောင်းကြောင့်ကျနော်မရေးဖြစ်ခဲ့တာ
ပါ။ ခုလည်းဒီဝတ္တုကို ခံစားကြည့်ကြပါ။ မကောင်းခဲ့ဘူးဆိုရင်လည်းခွင့်လွှတ်ပေးကြပါ။
“၀ုန်း”
တိတ်ဆိတ်စွာ လည်ပတ်နေသောပြည်လမ်း၏ ညနေခင်းတွင်ရုတ်တရက်ဆူညံသွားသည်။ ထိုအသံတွေကို
သူမ သတိမထားနိုင်ပါ။ သူမ သူ့ဆီကိုသွားမှဖြစ်မည်။ သူမဘ၀တွင် သူသည်နံပတ်၁ဖြစ်သည်။ သူမ၏အရေး
ကြီးဆုံးသူမှာ သူဆိုမမှားနိုင်ပါ။ သူ ခုလောက်ဆိုစောင့်နေမည်ဖြစ်သည်။ သူမခပ်လှမ်းလှမ်း ခုံတမ်းလေးတွင်

ထိုင်နေသောသူ။ သူမအရမ်းကြိုက်သည်ဆိုသည့် အဖြူရောင်လက်တိုရှပ်အကျီ င်္ကိုဝတ်ဆင်ထားပြီး ဂုတ်တွင်
သူ၏ ပျော့ပျောင်းသော ဆံပင်လေးများမဆိုသလောက်ဝဲနေသည်။ သူမလာရာ လမ်းအတိုင်းမျှော်နေသည့်
မျက်နှာလေးက ဘယ်လောက်တောင်ချစ်စရာကောင်းလည်း။ သူမကြည့်နေရင်းနဲ့ပင် ရင်ခုန်လာသည်။
“ဟိတ်...စောင့်နေရတာတော်တော်ကြာသွားပြီထင်တယ်။ ဆောရီးကွာ”
သူမ၏ အမေးကိုသူမဖြေပါ။ သူမအနားရောက်နေသည်ကို သတိထားမိပုံလည်းမပေါ်။ သူငိုနေသည်။ ဟုတ်ပါ
သည်မျက်ရည်များ ကျနေသည်။
“ဘာလို့ငိုနေတာလည်း။ မငိုနဲ့လေခု အနားရောက်နေပြီဘဲ ဟင်”
သူ့ကို မျက်ရည်သုတ်ပေးသည့်သူမလက်များကို သူမ မယုံနိုင်လောက်အောင်ပင်။
“ဟင်... ငါ ငါ..။ မဖြစ်နိုင်တာ”
သူမ၏ စိတ်များဆောက်တည်မရဖြစ်နေမိသည်။ သူများ၏ ခြေလှမ်းများကလည်း ပြည်လမ်းဆီကိုရောက်နှင့်
နေပြီ။
“ဟာ...ဘာတွေလည်း။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ငါဘာလို့သေရမှာလည်း”
သူမ၏ အသက်မဲ့နေသော ခန္တာကိုယ်က သူမကိုပြန်လည်ခြောက်လှန့်နေသလိုဘဲ။ သူမစိတ်တွေ ဂယောက်
ဂယက်နှင့်သူဆီသို့ပြေးသွားမိသည်။
“ကို နွေးမသေသေးပါဘူးနော်။ ကို နွေးပြောတဲ့စကားတွေ ကြားရတယ်မလား။ ကို...ကို ကျေးဇူးပြုပြီးကြား
ပေးပါ”
ကောင်းကင်မှ မိုးချိန်းသံကြားရသည်။ ဓါတ်ကြိုးပေါ်တွင်ဝဲနေသော ခိုများလည်းသူ့အသိုက်သူပြန်သွားကြ
သည်။ မိုးစက်တွေက ချစ်သူရဲ့ပုခုံးထက် ကိုတဖြည်းဖြည်းလိမ့်ဆင်းနေတယ်။ သူမတကယ်ဘဲမယုံကြည်
နိုင်ပါ။ ကံတရားရဲ့ လှည့်စားမှုကိုလည်းလက်မခံနိုင်ပါ။ ဘ၀တွေကတကယ်ဘဲ ခြားကုန်ကြပြီလား။ သူမခု
နေလိပ်ပြာလေး တစ်ကောင်သာဖြစ်မယ်ဆိုလျှင် ချစ်သူ၏ ဘယ်ဘက်ရင်ဘတ်ပေါ်တွင် ခဏလောက်မှေး
စက်နေမိပါလိမ့်မည်။ သူမဘယ်တုန်းကမှမတွေးခဲ့မိသည့် ဝေးရမယ်ဆိုသည့်အကြောင်း။ အခုတော့တကယ်
ပင်ဝေးရတော့ပါမည်။ သူမနှင့်သူ့အကြားမှာ ခုလို အဖြစ်ဆိုးမျိုးနဲ့ဝေးရမည်ဟုလည်း မထင်မိပါ။ ခုနေသူမ
အသက်ရှင်လျှက်ရှိမည်ဆိုလျှင် ဘုရားဆီကိုအပြေးအလွှားသွားပြီး ချစ်တဲ့သူနှင့်အသက်ရှည်စွာနေရပါလို၏
ဆိုပြီးဆုတောင်းမိလိမ့်မည်။ သူမချစ်တဲ့ သူ့ကိုလည်းဒဏ်ရာမပေးလိုပါ။
“နွေးကိုမေ့လိုက်ပါတော့ကိုရယ်....။ နွေးလေ ကို့ဆီတသက်လုံးပြန်လာနိုင်မှာမဟုတ်တော့ဘူး။ နွေးကို
မေ့လိုက်ပါတော့နော်။”
တဖွဲဖွဲစီးဆင်းနေသည့်မိုးများက အားမရနိုင် ပိုလို့ဖြင့်သည်းလာသည်။ သူမနှင့်သူ၏ မျက်ရည်များလည်းသည်

မိုးနှင့်အတူစီးဆင်းနေသည်။ ရက်စက်လှတဲ့ ကံတရားက ဘယ်အညှိုးနဲ့များ သေကွဲခွဲခဲ့ရသည်ကိုသူမနားမလည်
နိုင်။ သူမရင်ဘတ်ထဲတွင်လည်း သူ့ကိုပြောဖို့ စကားလုံးများပြည့်နှက်နေသည်။
“နွေးရက်စက်တယ်...။ နွေးအရမ်းရက်စက်တယ်ကွာ”
မိုးရေထဲအော်နေသော ချစ်သူကိုလည်းဖြေသိမ့်ပေးဖို့ သူမ မစွမ်းနိုင်တော့ပါ။ အရင်ကလို စိတ်ညစ်တဲ့အခါ
ကူညီနားထောင်ပေးတတ်တဲ့ သူ့ဆီသို့လည်းယခုအခါ သူမရဲ့ နားမလည်နိုင်တဲ့စကားတွေကိုလည်းထစ်ချုန်း
နေ သောကောင်းကင်ကြီးကို ဘာသာပြန်ခိုင်းရမည်လား။ သူမရဲ့ဝိဥာဉ်သည် ချစ်သူသိအောင်မည်သို့ပြော
ပြအံမည်နည်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သူမ ကျနော့ဆီသို့ဖုန်းမဆက်အကြောင်းမကြားသည်မှာ ဘာလိုလိုနှင့် ၁လနီးပါးပင်ရှိပါသည်။ သူမကျနော့ကို
တကယ်ဘဲမေ့သွားခဲ့ပြီလား။ ဒါမှမဟုတ် တခြားတယောက်ဘဲတွေ့လို့များကျနော့ကိုခွဲသွားတာလား ကျနော်
မသိပင်။ သေချာတာကတော့ ကျနော့ရဲ့အတိတ်က ပုံရိပ်များတွင်သူမ စိုးမိုးခဲ့သည်မှာ အသေချာပင်။ ကျနော်
သူမကိုချစ်သည်။ တကယ်ပင်ချစ်ခဲ့သည်။ သူမရဲ့ ချိုသာတဲ့အပြုံးတွေကို ကျနော်ပြန်လိုချင်နေမိသည်။ သူမနဲ့
အတူရိုက်ခဲ့ဓါတ်ပုံတွေ၊ သူမကြိုက်တတ်တဲ့(သူမကိုယ်တိုင်ရွေးပေးခဲ့တဲ့)အဖြူရောင်ရှပ် အကျီ င်္တွေ၊ ကာတွန်း
ကြိုက်သည့်သူမ စိတ်ပါလျှင် ဟိုခြစ်ဒီခြစ် လျှောက်ခြစ်သွားသည့် အခန်းနံရံပေါ်ရှိကာတွန်းပုံလေးတွေကျနော့
အတွက်တော့ အမှတ်တရများစွာကိုပေးခဲ့တဲ့ သူတစ်ယောက်ပင်ဖြစ်သည်။ အခုတော့လည်း အခန်းမှောင်မှောင်
တစ်ခုတွင် သူမပေးခဲ့တဲ့အမှတ်တရများစွာဖြင့် ကျနော်တယောက်ထဲခပ်ပေပေ ထိုင်နေမိသည်။ ဖြတ်ခနဲဖြစ်ခနဲ
သူမကျနော့ ဘေးတွင်ရှိသည်ဟု ခံစားမိသည်။ တခါတလေ ကျနော့ကိုတနေရာရာမှလှမ်းပြုံးပြနေသည်ဟုခံစား
မိသည်။
ရုတ်တရက် မြည်လာသောဖုန်းကြောင့် သူ၏အတွေးတစပြတ်တောက်သွားသည်။
“ဟဲလို... ဟုတ်ကဲ့ပြောပါ”
“ဟာဟေ့ကောင် ငါပါညီညီပါ”
“အော် ညီညီမတွေ့ရတောင်အတော်ကြာပြီနော်။ ဘာဖြစ်လို့ဖုန်းဆက်တာလည်း”
သူနှင့်ညီညီမတွေ့ရသည်မှာ ညီညီရွာသို့အလည်သွားထဲကဖြစ်သည်။ ညီညီသည် သူမနှင့်သူ၏အခင်ဆုံး
သူငယ်ချင်းဖြစ်သည်။ သူနှင့်သူမ တတွဲတွဲတွေ့တိုင်း လိုက်ပြီးစတတ်နောက်တတ်သည့်ပုံရိပ်များသည် သူ၏
မျက်လုံးထဲ ခုထိပင်မပျောက်ပျယ်သေးပါ။
“ဟိုလေ...ဒီနေ့နွေးရဲ့တလပြည့်မလား။ အဲဒါ ငါတို့သူငယ်ချင်းတွေစုပြီးပန်းစည်းသွားပေးမလို့။ အဲဒါမင်းပါ
လိုက်မလားလို့ ဖုန်းဆက်ကြည့်တာ”
“ဘာ...နွေးအတွက်တလပြည့်ပန်းစည်း။ ဘာတွေလာပြောနေတာလည်း။ မင်းရူးနေလား..”
သူ၏ အိပ်စက်နေသောရင်ခုန်သံများရုတ်တရက်ကျယ်လောင်လာသလိုခံစားရသည်။ သူမ၏ပုံရိပ်များသည်လည်း
အတွေးထဲတွင် ဖရိုဖရဲ။
“ဟုတ်တယ်..သူငယ်ချင်းမင်းမသိဘူးလား။ နွေး ဆုံးတာဒီနေ့တစ်လပြည်လေ။ အဲဒါငါတို့အားလုံး ပန်းစည်း
သွားပေးမလို့”
“ဟာ...မဖြစ်နိုင်တာ။ နွေး..နွေးမသေသေးပါဘူး။ ငါ့ကိုတခါတလေတောင်လာလာပြုံးပြသေးတယ်။ သူမသေဘူး”
“မင်းမှတ်မိမှာပါ။အဲဒီနေ့ကမိုးတွေသည်းနေတယ်လေ။ လွန်ခဲ့တဲ့လက ဒီလိုနေ့မျိုးမှာမင်းနွေးကိုချိန်းတယ်လေ
အဲမှာ..........”
ဆက်ပြောနေသည့်စကားများကိုသူဆက်မကြားနိုင်တော့။ သူတွင်ဆက်နားထောင်နိုင်သည့်အားလည်းမရှိတော့။
ခြေထောက်များသည်လည်း မခိုင်တော့ပုံရက်သားလဲကျသွားသည်။ သူရင်ဘတ်ထဲတွင်လည်း အဆက်မပြတ်
ရွာနေသော မိုးများအလား ကြေကွဲမှုများက ရက်တံ့မသွားနိုင်ပါ။ ကြေကွဲမှု၏ နောက်တွင်သူမကိုသူဆုံးရှုံးလိုက်
ရပြီ။ အရူးတစ်ယောက်လိုဆောက်တည်ရာမရသော မျက်လုံးများသည် အခန်းတွင်းအမှတ်တရအားလုံးကိုစူးစိုက်
ကြည့်နေမိသည်။ အရာအားလုံး ကသူ့အားလှောင်ရယ်နေသလိုခံစားရသည်။ ချစ်သူ၏နောက်ဆုံး အချိန်ကိုပင်
ရောက်မသွားနိုင်သည့်သူများ ကမ္ဘာ ပေါ်တွင်ဘယ်နှယောက်ရှိမည်နည်း။ မလွန်ဆန်နိုင်တဲ့ သေချင်းတရားဆို
တဲ့ ခေါင်းစဉ်တခုကပေးလိုက်သည့် ဒဏ်ရာများလည်းသူ၏ ရင်ဘတ်ထဲတွင်အပိုင်းပိုင်းအစစ ဖြင့်ပြည့်နှက်နေ
အဆိုးဆုံးမှာ ကံကြမ္မာရဲ့ထိုးနှက်မှုကိုခံလိုက်ကြရသော သူတို့နှစ်ဦးကြား အပြစ်ရှိမည်ဆိုလျှင် မည်သူ့ကိုအပြစ်
တင်ပါအံ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စားပွဲပေါ်တွင်သူမပေးခဲ့သည် ကဗျာစာရွက်များလည်းပြန့်ကျဲလို့ သူပေးခဲ့သည့်ကဗျာတပုဒ်ကိုဘဲရွတ်ဆိုနေမိ
သည်။
ချစ်သူ ဘယ်လောက်ဘဲခွဲခွဲ
မခွဲကြေးနော်။
ကောင်းကင်ကပြို
မြေကကျွံသွားရင်တောင်
ချစ်သူအနားက တဖ၀ါးမှမခွာဘူး။
ရက်စက်တတ်တဲ့သူတွေ
ရက်စက်ကြစမ်း။
သေချင်းတရားဆိုတဲ့
အရာကြီးကတို့နှစ်ယောက်ကြား
ခြားသွားပါစေ
ချစ်သူရဲ့လက်မောင်း
တင်းတင်းဆုတ်ထားမယ်
ယုံထား....
သူမပေးခဲ့သောကဗျာလေးသည်။ သူတို့၂ယောက်၏ နမိတ်ကိုပင်ဖော်ပြနေသည်လားတော့သူ မပြောတတ်ပါ။
သူမပေးခဲ့သော ကဗျာများထဲတွင် သူမထိုကဗျာလေးကိုခဏခဏရွတ်ပြတတ်သည့် မျက်နှာချိုချိုလေးကိုအမှတ်
ရနေမိသည်။ ပျက်စီးနေသော ကောင်ကင်ပြိုကြီးတွင် မိုးတိမ်၏အက်ကြောင်းများသည်အရာထင်နေမည်လား။သူ
မတွေးတတ်ပါ။ ကောင်းကင်ပေါ်မှရုတ်တရက်တိုက်ခိုက်လာတဲ့ လေပြေညှင်းလေးကသူ၏ပါးတဖက်ကိုနမ်းရွေ့
နှုတ်ဆက်သွားသည်လား သူခံစားမိ၏။