Thursday, May 29, 2008

လွင့်သွားခဲ့သော


စိတ်ပျက်ခဲ့တဲ့နေရက်တွေ
ရေတွက်ကြည့်လိုက်တော့
364ရက်တဲ့။
“အလိုလေးမနည်းမနောပါလား”
ရေရွတ်လိုက်မိတယ်။
ကျေနပ်စရာမကောင်းတဲ့ဘ၀မှာ
သစ်ရွက်ခြောက်လိုဘဲ
တစ်စဆီလွင့်ခဲ့တဲ့စိတ်တွေ
“ထုတ်တယ်၊သွင်းတယ်”နဲ့
စိတ်ငြိမ်အောင်ဘုရားရှေ့မှာ
တရားထိုင်မိတယ်။
မရပါလား......
စိတ်လေခဲ့တဲ့နေရက်တွေ
ပိုများလာသလိုတောင်ခံစားရသေး။
ဒီလိုနဲ့တစ်ညတာအိပ်စက်ခဲ့ရတယ်....
မနက်မိုးလင်းလို့
ကျောင်းဘက်ကိုခြေလှမ်းတွေစခဲ့တယ်။
မြင်ရပြန်ပြီ အပေါ်ယံအပြုံးတွေ
မကောင်းတတ်လို့ခေါင်းညွှတ်ပြီးနှုတ်ဆက်ခဲ့တယ်...
ငါစိတ်တွေမပါခဲ့ဘူး...
ခြေလှမ်းတွေတိုင်းမှာ
အတ္တတွေပါသလို
လှုပ်ရှားမှုတိုင်းမှာလည်း
မယုံကြည်မှုတွေပါနေတယ်...
ရပ်စမ်း!!
ဟင် မရပ်ပါလားဒီခြေလှမ်းတွေ
ရပ်စမ်း!
ဟာ ပိုလို့တောင်လှမ်းနေပါလား...
မရပ်နိုင်တဲ့ခြေလှမ်းတွေနဲ့အတူ
ကျနော်ဟာလျှောက်လှမ်းနေဆဲ.....

No comments: