Friday, May 16, 2008

အနက်ရောင်သတို့သမီး


ကော်ဖီစိမ်ထားတဲ့ညနေခင်းကို
အနက်ရောင် ဒေါင့်မြင့်တစ်ရံနဲ့
နင်းခြေလို့ ဆတ်ကော့လက်ကော့
ခြေထောက်တစ်စုံနဲ့
လျှောက်လှမ်းလာခဲ့တယ်။
သူမဆီမှာ မှင်ပြည့် နေတဲ့
မျက်ဝန်းတစ်စုံရှိတယ်။
သူမဆီမှာ ခက်ထန်တဲ့
အပြုံးတွေရှိတယ်။
သူမဆီမှာ သိမ်မွှေ့နူးညံ့တဲ့
မာနတွေ့ရှိတယ်။
သူမဆီမှာ နှင်းဆီပန်းနဲ့အလွန်တူတဲ့
နှုတ်ခမ်းတစ်စုံရှိတယ်။
သူမဆီမှာ မျက်ရည်မကျတတ်တဲ့
မျက်ဝန်းတစ်စုံရှိတယ်။
သူမကိုယ်ပေါ်မှာ အရာအားလုံး
ရင်ဆိုင်မယ်ဆိုတဲ့ အနက်ရောင်
ဝတ်စုံတစ်ခုလည်းရှိသေး။
သူမဘယ်သူကိုမှလည်းမကြောက်ဘူး။
မကြောက်လည်း မကြောက်တတ်ဘူး။
ခပ်မှိန်မှိန်အလင်းဖျော့နေတဲ့
ညနေခင်းတွေကိုလည်းတစ်ယောက်ထဲ
လျှောက်လှမ်းနေဆဲ....။။။။။။။

1 comment:

နွေမုန်တိုင်း said...

ဘယ်ထိလျှောက်နေအုန်းမှာလဲကွ သိပ်မလျှောက်နဲ့နော် ရှေ့မှာ လှည့်ကင်းရှိတယ် :)