Friday, March 7, 2008

ပုံရိပ်ပြောင်းခဲ့သောနိဒါန်း

ကောင်းကင်က မုန်းလို့
မှုန်တိုင်းတွေ ထန်ရင်တောင်
အပြုံးမဲ့တဲ့ ငါ့ဘ၀နဲ့
လောကဓံကို ဆေးလိြု့ပစ်ချင်တယ်။
ခက်ခဲကြမ်းတမ်းတဲ့
ဘ၀ခရီး ဆိုတာကြီးကိုလည်း
တိမ်တိုက်တွေခုတုန်းလုပ်ပြီး
ကျော်ဖြတ်လိုက်ချင်တယ်။
လောကရဲ့ ပြဿနာတွေကိုလည်း
sar shi mi (အသားစိမ်း။ ဂျပန်အစားအသောက်)
စားသလို နှာခေါင်းပိတ်ပြီး
ဇွတ်မျိုချလိုက်ချင်တယ်။
ဒုက္ခတွေ လွင့်စင်လာရင်လည်း
ကာရံမဲ့ကဗျာ စာရွက်ပြာပြာလေးတွေနဲ့
ဆီးကာထားချင်တယ်။
ဒါပေမယ့် အရာအားလုံးက
ဖြစ်ချင်မှ ဖြစ်တာ။
လက်တွေ့ဘ၀နဲ့ကွဲလွဲနေတဲ့
င့ါပုံရိပ်ကို အရင်ဆုံးပြောင်းလဲ
ရလိမ့်မယ်....။။။။

2 comments:

ပီကေ said...

ပြဿနာတိုင်းသာ နှာခေါင်းပိတ်ပြီး ဇွတ် မျိုချနေရရင် လူတော့ ဖောလာတော့မှာပဲနော်။ ;P

Synchro 305 ~ said...

ကောင်းကင်က မုန်းလို့
မှုန်တိုင်းတွေ ထန်ရင်တောင်
အပြုံးမဲ့တဲ့ ငါ့ဘ၀နဲ့
လောကဓံကို ဆေးလိြု့ပစ်ချင်တယ်။


ဒါလေးရေးထားတာ မိုက်တယ်
ခံစားလို့ ရတယ် :)