ချစ်သူ...တစ်ကယ်လို့မင်းဟာ
ဟိုးဝေးဝေးက အဖော်မဲ့နေတဲ့
ကောင်းကင်ကြီးတစ်ခု ဖြစ်ခဲ့မယ်ဆိုရင်
ငါဟာမင်းအတွက် တိမ်တိုက်လေးတစ်ခု
ဖြစ်ပေးချင်တယ်။
ချစ်သူ...တစ်ကယ်လို့ မင်းဟာ
အဖော်မဲ့နေတဲ့ ပင်လယ်ကြီးတစ်စင်းဖြစ်ခဲ့မယ်ဆိုရင်
ငါဟာမင်းအတွက် ကမ်းစပ်လေးတစ်ခု
ဖြစ်ပေးချင်တယ်။
ချစ်သူ...တစ်ကယ်လို့မင်းရဲ့
ခြေထောက်နုနုလေးတွေ ကြမ်းတမ်းလာတဲ့အခါ
ငါဟာမင်းအတွက် နူးညံ့မှုတွေပေးနိုင်တဲ့
ဖိနပ်လေးတစ်ရံ ဖြစ်ပေးချင်တယ်။
ချစ်သူ...ရာသီဥတွေ ဆိုးဝါးပြီးမိုးတွေရွာလာတဲ့အခါ
ငါဟာမင်းအတွက် အရာအားလုံးကိုရင်ဆိုင်မဲ့
အနီရောင်ထီးလေးတစ်လက် ဖြစ်ပေးချင်တယ်။
ချစ်သူ...တစ်လောကလုံးက မင်းကိုအပြစ်မြင်ပြီး
မင်းရဲ့ ခံစားချက်တွေနားမထောင်တဲ့အခါ
ငါဟာမင်းအတွက် မင်းခံစားချက်တွေနားထောင်ပေးမယ့်
ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ဖြစ်ပေးချင်တယ်။
ချစ်သူ...လောကကြီးမှာ မင်းနားမလည်နိုင်တဲ့
စကားလုံးတွေ ရှိတဲ့အခါ
ငါဟာမင်းအတွက် တန်ဖိုးရှိစေမယ့်
အဘိဓာန် တစ်အုပ်ဖြစ်ပေးချင်တယ်။
ချစ်သူ... ဒါပေမယ့်ငါ့အချစ်တဲ့အချစ်မှာ
မျှော်လင့်ခြင်းမဲ့တဲ့ ပေးဆပ်ခြင်းသက်သက်ဆိုတာ
မင်းလက်ခံပေးပါ...။ ။
Subscribe to:
Post Comments (Atom)
3 comments:
အချစ်စစ်သာ မှန်ရင် မပိုင်ဆိုင်ရလဲ ဘာမှ မဖြစ်ပါဘူး။ အချစ်ဆီက ပြန်ရချင်မှ ရပေမယ့် ကိုယ်က ပေးဆပ်ချင်နေသူတစ်ယောက်ရဲ့ အချစ်မျိုးဟာ သူ့တန်ဖိုးနဲ့ သူရှိနေတာပါပဲ။ အိုကိရဲ့ ချစ်သူသို့ က ဗျာလေးက တကယ်ထိမိတယ်ဝေ့...။ ကောင်းတယ်။ ရဲဘော် ဆက်လုပ်..။ :)
ညီမလေး အရွယ်က ငယ်ပါသေးတယ်
ကဗျာလေးတော့ကောင်းတယ်
ကဗျာထဲကလို့တော့ ဘ၀ကိုမရူးသွပ်နဲ့ ဦး
အဟိဟိ ချစ်လို့စတာ :P
ပျော်ရွှင်ပါစေ
ချစ်သူတဲ့....
မိုက်တယ်....
လွတ်လပ်တယ်...
ပေါ့ပါးတယ်.....
ကောင်းတယ်....
ညီဆုရေ.....
Post a Comment