အသိမရှိတဲ့ ဦးနှောက်
ခံစားချက်မဲ့နေတဲ့ရင်ဘတ်
ပျက်စီး ယို့ယွင်းနေတဲ့ခန္တာကိုယ်နဲ့
မင်းကို ချစ်ခဲ့တယ်။
ဖြူစင် ရိုးသားတဲ့နှလုံးသားတစ်စုံနဲ့
မျက်စိမှိတ်ချစ်ခဲ့တာပါ။
မိုးတိမ်တွေကအော်ညည်းနေတယ်။
ပင်လယ်လှိုင်းတွေက ခက်ထန်နေတယ်။
မိုးပေါ်က ကြယ်တွေမြေကြီးပေါ်
ဆင်းသက်နေတယ်။
အေး....ဒါတွေက ငါ့အချစ်ရဲ့သက်သေဘဲ။
မင်းခံစားတတ်မယ်ဆိုရင်တော့
နည်းနည်းလောက်ခံစားပေးပါ။
စိမ်းကားနေတဲ့ အကြည့်တွေရင်ဆိုင်ပြီး
မင်းကို ကြည့်နေခဲ့တာဘယ်ကောင်လည်း။
မင်းရဲ့အကြိမ်ကြိမ် ဆူပူကြိမ်းမောင်းမှုတွေ
ကြားမှာ ခေါင်းငုံခံခဲ့တာ ဘယ်ကောင်လည်း။
မင်းရက်စက်ခဲ့သမျှ ကြိတ်ပြီးငိုခဲ့ရတာ
ဘယ်ကောင်လည်း။
မင်းပြန်စဉ်းစားပါ ခံစားတတ်တဲ့
ရင်ဘတ်တစ်စုံရှိမယ်ဆိုရင်ပေါ့။ ။
မှတ်ချက်။ ။ကဗျာကနည်းနည်းတော့ဒေါသပါနေတယ်ဗျာ။စိတ်တိုနေတဲ့အချိန်ရေးတာမို့လို့ သည်းခံပြီးဖတ်ပေးကြပါနော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment