Friday, June 27, 2008

ပထမမြောက်ရိုမီယို


စမ်းရေနဲ့တူတဲ့သူ့အပြုံး။
ယုန်လေးတစ်ကောင်နဲ့တူတဲ့ သူ့အကြည့်။
jack နဲ့တူတဲ့သူ့အချစ်။
အိမ်မက်ထဲက angel တစ်ယောက်လိုဘဲ။
မသဲကွဲတဲ့ ပုံပြင်တစ်ခုလို
မရေရာမသေချာတဲ့ လမ်းတစ်လျှောက်
ငါ့အတွက်တော့ဘာမှမလိုဘူး။
ဘ၀ကိုခပ်ရွဲ့ရွဲ့လျှောက်လှမ်းလိုက်မယ်
ငါမျှော်လင့်တာ မင်းဘဲ။
ငါက rose ဆိုမင်းက jack
ငါက ဂျူးလီယက်ဆို
မင်းက ရှိတ်စပီးယား ပြဇတ်ထဲက
နတ်သားတစ်ပါးပေါ့။
ဒါပေမယ့် နောက်ဆုံးအလွမ်းတွေနဲ့
ဇတ်မသိမ်းချင်ဘူး။
ဖြစ်နိုင်ရင် မင်းကိုတစ်ခုခွင့်တောင်းချင်တယ်
ဖြစ်နိုင်ရင်ပေါ့ မင်းအပြုံးတွေ
သော့ခတ်ပြီးသိမ်းထားပရစေ...။။။။

No comments: