မ နေ့ကကျောင်းတက်ရတယ်။ကျနော်ရဲ့စိတ်တွေ အရမ်းလှုပ်ရှားနေမိတယ်။ ကျောင်းက သိပ်မဝေးပေ
မယ့် မနက်ပိုင်းမိုးရွာနေတာမို့ TAXI နဲ့ဘဲသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီနေ့မှ ဘယ်လို ဖြစ်တာ
လည်းမသိဘူး TAXI ကလည်းတစ်စီးမှမရှိဘူး။ ကားငှားတာနဲ့တင် ၉နာရီထိုးသွားတယ်။ စိတ်ပျက်ဖို့
တစ်ကယ် ကောင်းတယ်ဗျာ။ တော်ပြီမငှားတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီး လမ်းလျှောက်သွားလိုက်တယ်။
ထီးကလည်း ဒီလောက်ဆောင်းထားတာ တောင်မိုးကလည်း မလုံဘူး။ ကျနော့ရဲ့ကုတ်အကျီ င်္မှာရေစိုသွား
သေးတယ်။ မိုးရဲ့ရက်စက်ချက်ဗျာ။သူများကျောင်းတက်ပွဲမှ ရွာရတယ်လို့။လမ်းလျှောက်သွားရတယ်ဆို
တော့နည်းနည်းတော့ရင်ခုန်ဖို့ကောင်းတာပေါ့။ လမ်းတလျှောက်ကျနော်ထက် အတန်းကြီးတဲ့စင်နီယာ
တွေတွေ့ရတယ်။ လူက ကျောင်းနဲ့နီးလေလေရင်ခုန်လာလေလေဘဲ။ ကျောင်းထဲဝင်တော့နံပတ်နဲ့ခုံ
နံပတ်တွေရေးထားတာတွေ့ရတယ်။ အခန်းပေါင်း 6 ခန်းထိရှိတယ်။ အခန်းထဲကို စင်နီယာတစ်ယောက်
ကလိုက်ပို့ပေးတယ်။ မျက်နှာကတည်နေပေမယ့် စိတ်ထဲမှာတော့အတော်လေးလှုပ်ရှားနေမိတယ်။အခန်း
ထဲ အားလုံးကိုကြည့်တော့ မျက်နှာစိမ်းတွေချည်းဘဲ။ 3ယောက်လောက်ကတော့အရင်ကျောင်းကလူတွေ
ဘဲ။ ခဏနေတော့ နှင်းမရောက်လာတယ်။ တော်သေးတာပေါ့ ကျနော်တို့2 ယောက်အခန်းချင်းတူလို့။
ဒီနှစ်ကတော့ အတန်းပိုင်ကဆရာကျတယ်။ အရင်နှစ်တွေကဆရာမတွေချည်းဘဲကျတာ။ ခဏကြာတော့
အားကစားခန်း ကိုသွားရတယ်။ အားကစားအခန်းထဲမှာ စင်နီယာတွေအများကြီးဘဲ။ နောက်ပြီး ဆရာ
တွေဆရာမ တွေနဲ့မိတ်ဆက်ပေးတယ်။ အခန်းထဲမှာစာရွက်တွေလည်းဝေတယ်။ ပြီးတော့ကျောင်းဆင်း
ပေးတယ်။ ပျော်စရာတော့ကောင်းပါတယ်။ ကျောင်းဆင်းတော့ဓါတ်ပုံတွေလည်း ရိုက်ကြတယ်။နက်ဖြန်
တွေမှာ ဘယ်လိုလာမလည်းတော့မသိဘူး။ အဆင်ပြေပါစေလို့တော့ဆုတောင်းရမှာဘဲ။
6 comments:
မနက်ဖြန်မပာုတ်ဘူး တသက်လုံး ငါ.ဘီဂျေး ကြီး အဆင်ပြေပါစေကွာ.....
....
ကျောင်းတက်ပွဲ ဆိုပြီး ဘာမှလည်းမကျွေးဘူး ။ ပီားပီား
ဆိုင်သလားမ ဆိုင်လားတော.မသိဘူး ဗိုက်ဆာနေလို. ဘီဂျေး ရေ...
လူကလေးရေ...
Taxi လိုတယ်ဆိုရင် ဇောင်းဆီ ဖုန်းဆက်လိုက်ပါလား လာကြိုမှာပေါ့... :)
ကျောင်းတက်နေရပြီပေါ့။ ပျောက်သွားလိုက်တာ။ ဘလော့လိပ်စာပြောင်းသွားပြီကိုး
ကျောင်းတွေပြန်ဖွင့်နေပြီပေါ့လေ...ညလေးအိုကီ
အဆင် ပြေပါစေ :)
အိုခိလေး...အတန်းသစ်မှာ
အတန်းလစ်နိုင်ပါစေ.......
ဟုတ်ဘူး..စာတွေဟစ်နိုင်ပါစေ........
Post a Comment