Thursday, June 17, 2010
HELLO MY BUDDYS :)
ကိုပြောင်းလဲသွားတာ....ဆုလည်း အရင်ကလို ကလေးလေးတယောက်မဟုတ်တော့ဘူး...
အရာအားလုံးကို တဖြည်းဖြည်းနားလည်လာတယ်... စိတ်လည်းခဏခဏညစ်တတ်လာပြီ...
နောက်လဆို ဆု16ပြည့်ပီ....အရင်ကလို....ယောကျာင်္းဆန်တဲ့လူတယောက်မဟုတ်တော့ဘူး..
ကြောင်တောင်တောင် ကိစ္စတွေလည်း မလုပ်တော့ဘူး...
ဆုအရမ်းချစ်တဲ့ သူငယ်ချင်းတွေ
လည်းဆုအနားကတယောက်ပီးတယောက် ခွဲသွားကြပြီ...တယောက်ထဲဖြစ်နေတော့ဒီblogလေး
ကိုပြန်ရေးချင်စိတ်ဖြစ်သွားတယ်...နောက်ပီး Music နဲ့ Fashion ပေါင်းထားတဲ့ blog အဖြစ်
ပြောင်းပီး ရေးကြည့်ချင်လာတယ်...အချိန်ကလည်းရဦးမှဘဲ..နောက်ပီး...စိတ်ကလည်းပါဦးမှ
ဘဲ...ဆုလည်း ပြန်ပီးတော့ထပ်ပီး ကြိုးစားကြည့်ပါမယ်.. ဆုBlog ကိုဆက်မရေးဖြစ်တော့တဲ့
နောက် လာခဲ့တဲ့ buddys တွေကိုလည်း အားနာမိပါတယ်..
Sunday, November 9, 2008
စားသုံးခြင်းများ
ပထမblog မရေးတော့ဘူးစိတ်ကူးထားတာ tag ထားတဲ့အမတွေကလည်းရှိ ပြီးတော့ အားလုံးကိုသတိရလာ
တာနဲ့ ပြန်ရေးဖြစ်သွားတာ။ အားလုံးနေကောင်းကြတယ်ဟုတ်။ စာတွေနဲ့အလုပ်ရှုပ်နေတာနဲ့ online
လောက်ဘဲတက်ဖြစ်တာ။ အားလုံးကိုတော့သတိရနေပါတယ်။ လောလောဆယ်တော့သီချင်းတွေရေး
ဖြစ်ဖို့ကများမယ်ထင်တယ်။ ပြောရင်းနဲ့လိုရင်းတောင်မရောက်တော့ဘူး။ မမီက အစားအသောက်တဲ့ရေးပြီး
နော်။ကျနော်အမြဲစားတဲ့ အစားအသောက်က ပီကေ :P အဲဒါအစားအသောက်လို့ခေါ်လားတော့မသိဘူး။
ကျနော်က မနက် 7:30 ထရတယ်လေ ကျောင်းတက်ရမှာမို့။ 7:30 ထတယ်။ 5 မိနစ်လို့ အဖွားကိုလက်
ငါးချောင်းထောင်ပြပြီး 35 ထိပြန်အိပ်တယ်။ ပြီးတော့ နာရီကို မျက်လုံးသေးသေးလေးနဲ့ဖွင့်ကြည့်လိုက်
တယ့်အချိန် လက်တံအရှည်ကြီးက 35 အတိဖြစ်နေတဲ့အချိန် မျက်လုံးပြူးမျက်စံပြူးနဲ့ထပြီး ရေချိုးခန်း
ထဲဝင်လိုက်တယ်။ ကျနော်ရေချိုးခန်းကထွက်လာပြီး ကျောင်းယူနီဖောင်းလဲပြီးတဲ့အချိန် အဖွားက
breakfast အဆင်သင့်ပြင်ထားပြီးသား ဖြစ်နေတယ်။ အလှပြင်ရင်းနဲ့ အဖွားခွံ့ကျွေးတဲ့ breakfast ကို
စားတယ်။ ပြီးတော့ ဖိနပ်စီးရင်းပီကေကို ပါးစပ်ထဲပစ်ထည့်လိုက်တယ်။ လမ်းလျှောက်ရင်း ipot နား
ထောင်ရင်း ပီကေ၀ါးရတာ အရသာဘဲ :) အဲ... ဘာလိုလိုနဲ့ကျောင်းနားတောင်ရောက်နေပြီ။ ပီကေကို
မြန်မြန်ထွေးပစ်ရတယ်။ ပီးတော့ ipot ကို အိပ်ထဲထည့် ဟမ်းဖုန်းကို ပိတ်။ ကုတ်အင်္ကျီ ကိုထပ်ဝတ်။
တယောက်ထဲ ကျောင်းနားမှာအလုပ်ကိုရှုပ်နေတော့တာဘဲ :P ပြီးရင်ကျောင်းမှာက ထမင်းကျွေးတယ်
လေ တခါလာလည်း mi so shi ru တခါလာလည်း mi so shi ru အဲဒါနဲ့ဘဲ 2 ပါးသွားရတာ သိပ်
တော့မမိုက်ဘူးဗျ။ ဒီလိုဘဲပေါ့လေ ကိုယ့်နိုင်ငံမဟုတ်တော့ ကျိတ်မှိတ်စားပေါ့။ ဟုတ်တယ်လေ မစားရင်
ကိုယ်ဘဲငတ်မှာ။ အငတ်တော့မခံနိုင်ပေါင် ။ ကျနော်က အစားသာဂျီးများတာ လိုက်ပွဲကတော့ဘာယူ
သလဲမမေးနဲ့ ဟီးး :P ဂျပန်ကျောင်းမှာ စားရတဲ့ထမင်းဆိုတာ က ဗျာ.. ထမင်းရယ်၊ဟင်းရည်တခွက်
ရယ်၊နွားနို့တပုလင်းရယ်၊ နောက် sarata လို့ခေါ်တဲ့ အသီးအရွက်သုတ်ရယ် ငါးတကောင်ရယ် အဲလို
ပုံမျိုး။ ဒီကိုရောက်ခါစကတော့ sarata အရမ်းမုန်းတာ အမြဲတမ်းချန်ချန်ထားတယ်။ ကိုယ့်နိုင်ငံကအရ
သာလောက်မှမကောင်းဘဲကိုး ;) မြန်မာနိုင်ငံမှာဆို ချင်ငံစပ် သိတယ်ဟုတ်။ ဒီမှာတော့ဗျာ ပေါ့ရင်ပေါ့
မပေါ့ရင် ငံပြာရည်ကိုဒီအတိုင်းလောင်းထားလားမှတ်ရတယ်။ ဒီရောက်ခါစကပါ ခုတော့နေသားကျ
သွားပြီး။ သိတယ်ဟုတ် ငတ်မယ့်ကိန်းကိုးး။ ကျနော့ရဲ့နေ့တိုင်းအစားအသောက်ကတော့ ဒါပါဘဲဗျာ။
မမီရေ ရေးပြီးပြီးနော်.. :)
Saturday, August 16, 2008
ဘ၀ခြား
ထိုင်နေသောသူ။ သူမအရမ်းကြိုက်သည်ဆိုသည့် အဖြူရောင်လက်တိုရှပ်အကျီ င်္ကိုဝတ်ဆင်ထားပြီး ဂုတ်တွင်
သူ၏ ပျော့ပျောင်းသော ဆံပင်လေးများမဆိုသလောက်ဝဲနေသည်။ သူမလာရာ လမ်းအတိုင်းမျှော်နေသည့်
မျက်နှာလေးက ဘယ်လောက်တောင်ချစ်စရာကောင်းလည်း။ သူမကြည့်နေရင်းနဲ့ပင် ရင်ခုန်လာသည်။
“ဟိတ်...စောင့်နေရတာတော်တော်ကြာသွားပြီထင်တယ်။ ဆောရီးကွာ”
သူမ၏ အမေးကိုသူမဖြေပါ။ သူမအနားရောက်နေသည်ကို သတိထားမိပုံလည်းမပေါ်။ သူငိုနေသည်။ ဟုတ်ပါ
သည်မျက်ရည်များ ကျနေသည်။
“ဘာလို့ငိုနေတာလည်း။ မငိုနဲ့လေခု အနားရောက်နေပြီဘဲ ဟင်”
သူ့ကို မျက်ရည်သုတ်ပေးသည့်သူမလက်များကို သူမ မယုံနိုင်လောက်အောင်ပင်။
“ဟင်... ငါ ငါ..။ မဖြစ်နိုင်တာ”
သူမ၏ စိတ်များဆောက်တည်မရဖြစ်နေမိသည်။ သူများ၏ ခြေလှမ်းများကလည်း ပြည်လမ်းဆီကိုရောက်နှင့်
နေပြီ။
“ဟာ...ဘာတွေလည်း။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ငါဘာလို့သေရမှာလည်း”
သူမ၏ အသက်မဲ့နေသော ခန္တာကိုယ်က သူမကိုပြန်လည်ခြောက်လှန့်နေသလိုဘဲ။ သူမစိတ်တွေ ဂယောက်
ဂယက်နှင့်သူဆီသို့ပြေးသွားမိသည်။
“ကို နွေးမသေသေးပါဘူးနော်။ ကို နွေးပြောတဲ့စကားတွေ ကြားရတယ်မလား။ ကို...ကို ကျေးဇူးပြုပြီးကြား
ပေးပါ”
ကောင်းကင်မှ မိုးချိန်းသံကြားရသည်။ ဓါတ်ကြိုးပေါ်တွင်ဝဲနေသော ခိုများလည်းသူ့အသိုက်သူပြန်သွားကြ
သည်။ မိုးစက်တွေက ချစ်သူရဲ့ပုခုံးထက် ကိုတဖြည်းဖြည်းလိမ့်ဆင်းနေတယ်။ သူမတကယ်ဘဲမယုံကြည်
နိုင်ပါ။ ကံတရားရဲ့ လှည့်စားမှုကိုလည်းလက်မခံနိုင်ပါ။ ဘ၀တွေကတကယ်ဘဲ ခြားကုန်ကြပြီလား။ သူမခု
နေလိပ်ပြာလေး တစ်ကောင်သာဖြစ်မယ်ဆိုလျှင် ချစ်သူ၏ ဘယ်ဘက်ရင်ဘတ်ပေါ်တွင် ခဏလောက်မှေး
စက်နေမိပါလိမ့်မည်။ သူမဘယ်တုန်းကမှမတွေးခဲ့မိသည့် ဝေးရမယ်ဆိုသည့်အကြောင်း။ အခုတော့တကယ်
ပင်ဝေးရတော့ပါမည်။ သူမနှင့်သူ့အကြားမှာ ခုလို အဖြစ်ဆိုးမျိုးနဲ့ဝေးရမည်ဟုလည်း မထင်မိပါ။ ခုနေသူမ
အသက်ရှင်လျှက်ရှိမည်ဆိုလျှင် ဘုရားဆီကိုအပြေးအလွှားသွားပြီး ချစ်တဲ့သူနှင့်အသက်ရှည်စွာနေရပါလို၏
ဆိုပြီးဆုတောင်းမိလိမ့်မည်။ သူမချစ်တဲ့ သူ့ကိုလည်းဒဏ်ရာမပေးလိုပါ။
“နွေးကိုမေ့လိုက်ပါတော့ကိုရယ်....။ နွေးလေ ကို့ဆီတသက်လုံးပြန်လာနိုင်မှာမဟုတ်တော့ဘူး။ နွေးကို
မေ့လိုက်ပါတော့နော်။”
တဖွဲဖွဲစီးဆင်းနေသည့်မိုးများက အားမရနိုင် ပိုလို့ဖြင့်သည်းလာသည်။ သူမနှင့်သူ၏ မျက်ရည်များလည်းသည်
မိုးနှင့်အတူစီးဆင်းနေသည်။ ရက်စက်လှတဲ့ ကံတရားက ဘယ်အညှိုးနဲ့များ သေကွဲခွဲခဲ့ရသည်ကိုသူမနားမလည်
နိုင်။ သူမရင်ဘတ်ထဲတွင်လည်း သူ့ကိုပြောဖို့ စကားလုံးများပြည့်နှက်နေသည်။
“နွေးရက်စက်တယ်...။ နွေးအရမ်းရက်စက်တယ်ကွာ”
မိုးရေထဲအော်နေသော ချစ်သူကိုလည်းဖြေသိမ့်ပေးဖို့ သူမ မစွမ်းနိုင်တော့ပါ။ အရင်ကလို စိတ်ညစ်တဲ့အခါ
ကူညီနားထောင်ပေးတတ်တဲ့ သူ့ဆီသို့လည်းယခုအခါ သူမရဲ့ နားမလည်နိုင်တဲ့စကားတွေကိုလည်းထစ်ချုန်း
နေ သောကောင်းကင်ကြီးကို ဘာသာပြန်ခိုင်းရမည်လား။ သူမရဲ့ဝိဥာဉ်သည် ချစ်သူသိအောင်မည်သို့ပြော
ပြအံမည်နည်း။
Thursday, July 24, 2008
Sunday, July 20, 2008
ကျနော့ရဲ့ပျင်းခြောက်ခြောက်မွေးနေ့ပွဲ
ကျနော့ရဲ့မွေးနေ့ပွဲကို စတင်တော့မှာကြောင့်ခုံနေရာယူပေးကြပါ....
အမတွေအတွက်
မှတ်ချက်။ ။(အပြန်ကျ ဖိနပ်များသတိထားပါရန် အထူးသတိပေးအပ်ပါသည်) ပုံ-Oks
Friday, July 18, 2008
ငါတို့ရဲ့နယ်မြေ
သွေးစက်လက် လက်တစ်ဖက်နဲ့
နာရီလက်တံတွေကို
လှည့်နေခဲ့ရင်တောင်
ရင်ဘတ်မဲ့တဲ့
တစ္ဆေတစ်စုက
လှောင်ရယ်နေဆဲ။
ထစ်ချုန်းနေတဲ့
2008 ရဲ့ပြက္ခဒိန်ကလည်း
ပေါက်ပြဲလို့။
ငိုသံတွေနဲ့သီချင်းဆို
သွေးစွန်းနေတဲ့ ညနေခင်းတွေနဲ့
ကန့်သတ်နယ်မြေလားဘဲ။
ဒီလိုနဲ့အလင်းတွေကို
ဝါးမြိုနေဆဲ......
ဒီလိုနဲ့ငိုသံတွေက
ကျယ်လောင်နေဆဲ.....
ဒီလိုနဲ့.....
Wednesday, July 2, 2008
လှေတစင်း
ဖြူစင်တဲ့ရင်ခုန်သံတစ်ချို့ကိုမင်းပြုစား။
မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
အသက်ရှင်။
2008 ရဲ့အချိန်ကာလတွေက
ရထားတစ်ဆင်းလိုခုတ်မောင်းသွားခဲ့တယ်။
ဒီလိုနဲ့ဘဲ....
တိမ်တိုက်တွေကလည်းရွေ့လျှား
မနက်နဲ့ညတစ်က
ကြိုးပြတ်နေတဲ့ သံစဉ်တစ်ပုဒ်လိုလည်ပတ်။
ဂီတာသံတွေလည်း အရင်ကမသာယာတော့ဘူး
နာရီတွေက ခြောက်တိခြောက်ခြား
ကမ္ဘာခြားနေတဲ့ မင်းနဲ့ငါ
အသက်ရှုသံခြင်း တူခဲ့ရင်လည်း
လွမ်းနေပေး။
အဝေးက ခြေသံလေးကြားခဲ့ရင်လည်း
လွမ်းနေပေး။
တိတ်ဆိတ်တဲ့ အမှောင်ညထဲမှာကြယ်ကြွေခဲ့ရင်လည်း
လွမ်းနေပေး။
မှိန်နေတဲ့ အလွမ်းတွေကို
အိမ်မက်အနမ်းတစ်ခုနဲ့ဆေးချယ်ကြစို့။
Okisu