Friday, July 18, 2008

ငါတို့ရဲ့နယ်မြေ

ကြိုးပျက်နေတဲ့ အမှောင်ထုကို

သွေးစက်လက် လက်တစ်ဖက်နဲ့

နာရီလက်တံတွေကို

လှည့်နေခဲ့ရင်တောင်

ရင်ဘတ်မဲ့တဲ့

တစ္ဆေတစ်စုက

လှောင်ရယ်နေဆဲ။

ထစ်ချုန်းနေတဲ့

2008 ရဲ့ပြက္ခဒိန်ကလည်း

ပေါက်ပြဲလို့။

ငိုသံတွေနဲ့သီချင်းဆို

သွေးစွန်းနေတဲ့ ညနေခင်းတွေနဲ့

ကန့်သတ်နယ်မြေလားဘဲ။

ဒီလိုနဲ့အလင်းတွေကို

ဝါးမြိုနေဆဲ......

ဒီလိုနဲ့ငိုသံတွေက

ကျယ်လောင်နေဆဲ.....

ဒီလိုနဲ့.....


1 comment:

လင်းဦး(စိတ်ပညာ) said...

၂၀၀၈ ပြက္ခဒိန်တွေလည်း ပေါက်ပြဲလို့... ကောင်းပါတယ်.. အိုကီဆုရဲ့။ အတွေးတွေးက လတ်ဆတ်လှချည်လား။ :)