Saturday, April 26, 2008

ပျော်ရွှင်မှုရှာခြင်း


ကောင်းကင်ကြီးကအုံးမှိုင်းနေပြီ။ ငှက်ကလေးတွေက ခေါင်မိုးအောက်မှာမိုးခိုလို့။ ယိုင်နေတဲ့ခြေလှမ်းတွေ
တည့်မတ်အောင် မနည်းကြိုးစားနေရတယ်။ ကောင်းကင်ကြီးရဲ့ ရွာချမှုကတော့ ငါ့ရင်ဘတ်ထဲက ခံစားချက်
တွေအတိုင်း အရှိန်အဟုန်တွေနဲ့ သည်းနေလိုက်တာများ။ မိုးရေထဲမှာ ဖိနပ်မပါ ခြေဗလာနဲ့လမ်းလျှောက်နေ
မိတယ်။ ရာသီဥတုနဲ့အပြိုင် ဆိုးဝါးနေတဲ့ဘ၀ဆိုတဲ့ပြက္ခဒိန် စာရွက်ကိုလည်း ဆွဲဆုတ်လိုက်ချင်ပြီ။ အရင်က
ဆိုကော်ဖီ ခါးခါးလေးတွေကို သိပ်မုန်းတဲ့ငါ ခုတော့ ကော်ဖီဆိုခါးတာမှကောင်းတယ်လို့ထင်နေမိတယ်။ ခုချိန်
ထိငါ့ကိုငါ ဘာကောင်လည်းဆိုတာခုထိမသိသေးဘူး။ သေချာတာတစ်ခုကတော့ ငါ့ရဲ့အသက်ရှင်ရပ်တည်မှု
က အချိန်ဇယားဆိုတဲ့ ပျင်းစရာကောင်းတဲ့ ဇယားကွက်ကြီးထဲမှာ လည်ပတ်နေတာဘဲ။ ငါ့မှာပျော်ရွှင်ချင်းဆို
တာလည်း ကင်းမဲ့နေတယ်။ ငါ့ရင်ဘတ်ထဲကို နေရာယူ ထားတဲ့ သူတွေ ကလည်း အဝေးကြီးဆုံးမှာ။ ပျော်ရွှင်
မှုတွေရဖို့အတွက် ငါဟာတစ်ခါပြန်သေရမှာလား။ ငါနားမလည်ဘူး။ ယမမင်းကို တံခါးသွားခေါက်ဖို့ကလည်း
တစ်ချို့ကပြောတယ် အချိန်မတန်သေးဘူးတဲ့။ ကဲ...ပြောကြပါဦး ငါ့ကို မျက်စိဒေါင့်ထောက် ကြည့်နေကြတဲ့
ပတ်ဝန်းကျင်ဆိုတဲ့ အရာကြီး။ မင်းတို့ရော ငါ့ကိုပျော်ရွှင်မှုဆိုတာ ပေးနိုင်လို့လား။ ငါ့အဖြစ်က မိုးရွာမှ အော်
တတ်တဲ့ ဖားတစ်ကောင်အတိုင်ဘဲ။ ငါဆိုတဲ့ ကောင်ကလည်း မိုးရည်စက်တွေကို ချစ်လို့အော်နေတာမဟုတ်
ဘူး။ တိမ်ထူနေတာ ထိုင်မကြည့်နေတတ်လို့အော်နေတာ။ ဘယ်လူကရော ကိုရဲ့ပျော်ရွှင်မှုတွေကိုအရည်ပျော်
ခံနိုင်ကြမှာလဲ။ သူများတွေပြောနေကြတာတော့ ကြားဖူးသား “တစ်ချက်ပြုံးရင် အသက်တစ်ရက်ပိုရှည်တယ်”
တဲ့ ငါကရော အမုန်းတွေပြည့်နေတဲ့ကမ္ဘာကြီးမှာ ဘယ်နှချက်ပြုံးနိုင်မှာမို့လို့လည်း။ ရက်စက်တတ်တဲ့ကံကို
လည်းမုန်းတယ်။ ငါ့ရဲ့အနာဂတ်ရိုက်ချိုးခဲ့တဲ့ ဘ၀ရဲ့လှည့်ကွက်တွေကိုလည်းမုန်းတယ်။ ရှင်းရှင်းပြောမယ်
အားလုံးကို မုန်းတယ်ကွာ။ ငါ့ကိုငါလည်းမုန်းတယ်။ ဖြစ်နိုင်ရင် တစ်ခါပြန်သေလိုက်ချင်တယ်။ ငါ့မျက်ရည်စက်
တွေရေငတ်နေတဲ့ သူတွေသောက်သုံးပါ။ ငါ့အကြင်နာတွေ မေတ္တာငတ်နေတဲ့သူတွေလာယူလှည့်ပါ။ ငါ့နွေးထွေး
မှုတွေ အေးစက်နေတဲ့ရင်ဘတ်တွေ လာသုံးဆောင်ပါ။ လောကကြီးကို ငါလုပ်ပေးနိုင်တာတွေပါ။
နေပါဦး ဒါနဲ့ပျော်ရွှင်မှုဆိုတာဘာလည်း။ ပျော်ရွှင်မှုတွေရှိဖို့တစ်ခေါက်ပြန်သေရဦးမှာလား။ ဒါမှမဟုတ်
ပျော်ရွှင်မှုတံခါးကို တာဝတိံသာ ၂ထပ်မှာတံခါးသွားခေါက်ရမှာလား။။။။။

What is that!!

ဘာတွေများထူးခြားသွားလို့လည်း ကြည့်ပေးကြပါဦး။

Wednesday, April 23, 2008

သူ့အတွက်


တစ်ချို့က ဆူးများတဲ့လမ်းကိုမှ
ရွေးလျှောက်ချင်ကြတယ်။
တစ်ချို့က ငှက်ကလေးတွေလို
သီချင်းဆိုကြည့်ကြတယ်။
တစ်ချို့က နေ၀င်ချိန်ညနေစောင်းကို
ကဗျာတစ်ပုဒ်အဖြစ်အသွင်ပြောင်းပစ်ကြတယ်။
တစ်ချို့က မျက်ရည်တွေကို
အပြုံးတွေနဲ့လဲလည်ပစ်ကြတယ်။
တစ်ချို့က ရင်ဘတ်ထဲကသွေးကိုဖောက်ထုတ်ပြီး
ချစ်သူ့ လက်ဆောင်အဖြစ်ပေးကြတယ်။
တချို့က ရင်ခုန်သံတွေတွေစတေးပြီး
နှလုံးသားတစ်စုံကို ကျောက်တုံးတစ်ခုလိုအသက်သွင်းကြတယ်။
တစ်ချို့က အဖြူရောင်ကို
အနက်ရောင်ဆိုးပစ်ကြတယ်။
တစ်ချို့က ......
တစ်ချို့က......
တစ်ချို့က..........
တချို့က......
ကျနော် ကတာ့ သူ့အတွက်
အပြုံးတွေကိုအမြဲဆက်သတဲ့
ဂျိုကာတစ်ယောက်ဘဲဖြစ်ပေးချင်တယ်။


Saturday, April 19, 2008

E ဋိ

၁။ ယဉ်ကျေးသူ..... အီးမပေါက်ခင်ခွင့်ပြုပါဟုပြောပြီး။အီးပေါက်ပြီသောအခါ ဆောရီးလို့ပြောတတ်သူ။
၂။ မရိုးသားသူ....... ကိုယ်ကအီးပေါက်သော်လည်းဝန်းမခံဘဲလွှဲချတတ်သူ။
၃။ မိုက်မဲသူ...... အီးပေါက်ချင်သော်လည်း မပေါက်ဘဲအတင်းအောင့်ထားသူ။
၎။ ဗဟုသုတကြွယ်ဝသူ....... ဘယ်အချိန်ဘယ်နေရာတွင်အီးပေါက်ရမှန်းသိသူ။
၅။ ဒုက္ခရောက်နေသူ......... အီးအလွန်ပေါက်ချင်ပါသော်လည်း အီးပေါက်ရန်ကြိုးစား၍မရသူ။
၆။ လျှို့ဝှက်တတ်သူ......... လက်သည်မပေါ်အောင်(သို့) ကို့လက်ချက်မှန်းမသိအောင်ပေါက်တတ်သူ။
၇။ ၀ါးကြွားသူ........ အီးပေါက်နိုင်ခြင်းနှင့်ပတ်သက်၍အလွန်ဂုဏ်ယူတတ်သူ။

၈။ နှိပ်စက်သူ....... လူများသောနေရာတို့တွင်ရွေးပြီး အီးပေါက်တတ်သူ။
၉။ သိပ္ပံပညာရှင်...... အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညမ်းမှာစိုးရိမ်သူ။
၁၀။ ရှက်တတ်သူ...... အီးပေါက်ပြီးမျက်နှာတစ်ခုလုံးနီရဲလာသူ။
၁၁။ အကြံပိုင်သူ..... အီးပေါက်သော်လည်း သူ၏အီးပေါက်သံကိုမကြားအောင်အကျယ်ကြီးဖြင့်အော်ရယ်သူ။
၁၂။ အလွန်တုံးပြီးအသုံးမကျသူ...... အီးပေါက်လိုက်တာ ငါ့ကိုယ်ထဲကလေတွေလျှော့သွားပြီလို့ထင်ပြီး။
Balance ဖြစ်အောင်အသက်ကိုပြင်းပြင်း ရှုသွင်းမှဟုဆို၍အသက်ကိုပြင်းပြင်းရှုသွင်းသူ။
၁၃။ ကပ်စေးနဲသူ..... အီးကိုကုန်အောင်မပေါက်သူ။
၁၄။ အတ္တကြီးသူ..... ငါ့အီးတော်တော်မွှေးပါလားဟုယုံကြည်သူ။
၁၅။ အပေါင်းအဖော်မက်သူ...... သူတစ်ပါးတို့အီးပေါက်ခြင်းကိုနှစ်သက်သူ။
၁၆။ သီးသန့်ဆန်သူ....... ဆိတ်ကွယ်ရာသို့သွားပြီးမှ အီးပေါက်သူ။
၁၇။ ရေကိုချစ်သူ........ ရေချိုးကြွေဇလုံကြီးထဲတွင် ရေချိုးသန့်စင်ရင်းအီးပေါက်သူ။
၁၈။ အားကစားသမား........ ပင်ပင်ပန်းပန်းအင်အားမစိုက်ရဘဲ အီးပေါက်နိုင်သူ။
၁၉။ ရိုးသားသူ...... အီးပေါက်ကြောင်းဝန်ခံသူ။
၂၀။ အသိဥာဏ်ရှိသူ........ အသံကြားရုံဖြင့် ဘယ်သူအီးပေါက်တယ်ဆိုတာ ဖော်ထုတ်နိုင်သူ။
၂၁။ ကံဆိုးသူ........ အီးပေါက်ရန်ကြိုးစားရာမှ ချီးထွက်သွားသူ။

ကိုယ်ဘယ်လိုလူစားမျိုးဆိုတာ စဉ်းစားကြည့်ရအောင်။ ကျနော်ကတော့ အကြံပိုင်သူဖြစ်ပြီး တစ်ခါတစ်လေ
လျှို့ဝှက်သူဖြစ်သွားတတ်ပါတယ်။ အားလုံးဘဲ E ဋိနဲ့ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေရဲ့ အကျင့်ကိုသိနိုင်ပါတယ်။

Tuesday, April 15, 2008

တမ်းတမိခြင်း


အလွမ်းတွေပြည့်ကျပ်လို့
ကယောင်ချောက်ခြားကောင်ကင်ကြီး
တစ်ခါတစ်ရံသူဟာ
အော်ငိုတတ်တယ်။
တစ်ခါတစ်ရံသူဟာ
ပြုံးပြုံးလေးအမြဲနေတတ်တယ်။
တစ်ခါတစ်ရံသူဟာ
အလွမ်းတွေပြည့်နှက်နေတတ်တယ်။
တစ်ခါတစ်ရံသူဟာ
တစ်နေရာကိုငေးမောနေတတ်တယ်။
ခံစားချက်ဆိုတဲ့ မိုးတိမ်တွေကလည်း
တစ်ခါတစ်ရံကင်းမဲ့နေတတ်တယ်။
သူ့ကိုယ်သူလည်း နားမလည်နိုင်ဘူး
ခုချိန်ထိ ဘာတွေဖြစ်နေမှန်းဆိုတာ။
သူတစ်ယောက်ယောက်ကို
မျှော်နေတာတော့သေချာတယ်။
အလင်းပျောက်လို့ အမှောင်ရောက်လာတဲ့
အချိန်တွေဆိုရင် လွမ်းလွမ်းဆွေးဆွေး
ငေးမောနေမိတယ်။
သူ့ဘ၀မှာ အတ္တဆိုတာလည်းမရှိဘူး။
အရာအားလုံးပေးဆပ်ခြင်းလို့
သတ်မှတ်ထားတယ်။
သူဟာခုချိန်ထိစောင့်နေဆဲပေါ့....
အေးမြမှုတွေအမြဲလိုလိုပေးတဲ့
လရိပ်ကလေးတစ်ခုကိုပေါ့...။။။။

Les't Dance!





ကျနော်အရမ်းအားကျမိတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့နံမည်က ひとりでできるもん
(hi to ri de de ki ru mon) ဖြစ်ပါတယ်။ သူရဲ့ အကတွေကိုအမြဲ ကျနော်ကြည့်ဖြစ်
တယ်။ အားလုံးဘဲ ခံစားကြည့်ကြပါ။

Saturday, April 12, 2008

သင်္ကြန်ပိုး

ဘာလိုလိုနဲ့သင်္ကြန်တောင်ရောက်ပြီနော်။ ပျင်းတယ်ဗျာ။ ဒီမှာကတော့ နေရာထိုင်ရတာ တော်တော်လေးကိုပျင်း
ဖို့ကောင်းတယ်။ အရမ်းသတိရတယ်ဗျာ။ ကျနော်တို့ဒီမှာက 27 မှလုပ်မှာ။ နောက်ကျတာပေါ့နော်။ ကျနော်က
မသိဘူး။ 13 ရက်ထင်လို့ ပျော်နေတာ။ မေကြီးပြန်ပြောမှဘဲသိတယ်။ စိတ်ပျက်တယ်ဗျာ။ ခုလောက်ဆိုအားလုံး
ကဲနေလောက်ပြီပေါ့။ ပျော်စရာကြီးဗျာ။ အရင်ကလို ရေခဲရေနဲ့ မသိမသာပက်ပြီး၊ အိုးမဲအနေကနေလိုက်သုတ်
ချင်လိုက်တာဗျာ။ လမ်းတစ်လမ်းနဲ့တစ်လမ်း စတီးပြွတ်ကိုယ်စီနဲ့ စစ်တိုက်ချင်သေးတယ်။ ခုတော့ထိုင်ပြီးအိမ်
မက်မက်နေရုံကလွဲလို့ဘာမှမတတ်နိုင်ဘူး။ ကိုယ့်ကိုကိုယ်ရေပြန်လောင်းရုံကလွဲပြီးဘာမှ တတ်နိုင်မှာမ ဟုတ်
ဘူး။ အရင်ကဆို မဏ္ဍာပ်အမြဲထိုင်နေတဲ့ကျနော်။ ဒီနေ့လည်းသင်္ကြန်ပိုးကိုမျိုချပြီး အိမ်မှာဘဲထိုင်နေရဦးမှာဘဲ။
ခုလာမဲ့ 27 ရက်Tokyo ရဲ့ (Oo gii)သင်္ကြန်ပွဲမှာရှိမှာဘဲ။ အားလုံးဘဲတွေ့ရင်ခေါ်ပါနော်။ ခုလောလောဆယ်အိမ
မှာဘဲရှိ နေမှာပါ...။။။။။

Wednesday, April 9, 2008

ကျောင်းတက်ပွဲ



နေ့ကကျောင်းတက်ရတယ်။ကျနော်ရဲ့စိတ်တွေ အရမ်းလှုပ်ရှားနေမိတယ်။ ကျောင်းက သိပ်မဝေးပေ
မယ့် မနက်ပိုင်းမိုးရွာနေတာမို့ TAXI နဲ့ဘဲသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီနေ့မှ ဘယ်လို ဖြစ်တာ
လည်းမသိဘူး TAXI ကလည်းတစ်စီးမှမရှိဘူး။ ကားငှားတာနဲ့တင် ၉နာရီထိုးသွားတယ်။ စိတ်ပျက်ဖို့
တစ်ကယ် ကောင်းတယ်ဗျာ။ တော်ပြီမငှားတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီး လမ်းလျှောက်သွားလိုက်တယ်။
ထီးကလည်း ဒီလောက်ဆောင်းထားတာ တောင်မိုးကလည်း မလုံဘူး။ ကျနော့ရဲ့ကုတ်အကျီ င်္မှာရေစိုသွား
သေးတယ်။ မိုးရဲ့ရက်စက်ချက်ဗျာ။သူများကျောင်းတက်ပွဲမှ ရွာရတယ်လို့။လမ်းလျှောက်သွားရတယ်ဆို
တော့နည်းနည်းတော့ရင်ခုန်ဖို့ကောင်းတာပေါ့။ လမ်းတလျှောက်ကျနော်ထက် အတန်းကြီးတဲ့စင်နီယာ
တွေတွေ့ရတယ်။ လူက ကျောင်းနဲ့နီးလေလေရင်ခုန်လာလေလေဘဲ။ ကျောင်းထဲဝင်တော့နံပတ်နဲ့ခုံ
နံပတ်တွေရေးထားတာတွေ့ရတယ်။ အခန်းပေါင်း 6 ခန်းထိရှိတယ်။ အခန်းထဲကို စင်နီယာတစ်ယောက်
ကလိုက်ပို့ပေးတယ်။ မျက်နှာကတည်နေပေမယ့် စိတ်ထဲမှာတော့အတော်လေးလှုပ်ရှားနေမိတယ်။အခန်း
ထဲ အားလုံးကိုကြည့်တော့ မျက်နှာစိမ်းတွေချည်းဘဲ။ 3ယောက်လောက်ကတော့အရင်ကျောင်းကလူတွေ
ဘဲ။ ခဏနေတော့ နှင်းမရောက်လာတယ်။ တော်သေးတာပေါ့ ကျနော်တို့2 ယောက်အခန်းချင်းတူလို့။
ဒီနှစ်ကတော့ အတန်းပိုင်ကဆရာကျတယ်။ အရင်နှစ်တွေကဆရာမတွေချည်းဘဲကျတာ။ ခဏကြာတော့
အားကစားခန်း ကိုသွားရတယ်။ အားကစားအခန်းထဲမှာ စင်နီယာတွေအများကြီးဘဲ။ နောက်ပြီး ဆရာ
တွေဆရာမ တွေနဲ့မိတ်ဆက်ပေးတယ်။ အခန်းထဲမှာစာရွက်တွေလည်းဝေတယ်။ ပြီးတော့ကျောင်းဆင်း
ပေးတယ်။ ပျော်စရာတော့ကောင်းပါတယ်။ ကျောင်းဆင်းတော့ဓါတ်ပုံတွေလည်း ရိုက်ကြတယ်။နက်ဖြန်
တွေမှာ ဘယ်လိုလာမလည်းတော့မသိဘူး။ အဆင်ပြေပါစေလို့တော့ဆုတောင်းရမှာဘဲ။

Sunday, April 6, 2008

ရှင်သန်နေဆဲ


ငါမုန်းတယ်
ဒါပေမယ့် ငါချစ်တတ်တယ်။
ငါခေါင်းငုံ့နေတယ်
ဒါပေမယ့် ငါအရှုံးမပေးဘူး။
ငါပြုံးနေတယ်
ဒါပေမယ့် ငါကြေကွဲနေတယ်။
ငါဆိုးနေတယ်
ဒါပေမယ့် ငါဟာလောကရဲ့တစ်နေရာမှာ
လိမ္မာနေခဲ့တယ်။
ငါလက်မြှောက်နေတယ်
ဒါပေမယ့် ငါဒူးမထောက်ဘူး။
ငါငိုနေတယ်
ဒါပေမယ့် မျက်ရည်မကျဘူး။
တစ်ကယ်တော့ငါဟာ
လောကဓံ ရဲ့ပစ်မှတ်တွေကို
ရှောင်တိမ်းရင်း အသက်ရှင်နေတဲ့
လူတစ်ယောက်ပါ.....။။။။။

Saturday, April 5, 2008

နှလုံးသားတစ်ခု၏မှတ်တမ်း


နှလုံးသားတစ်ခုရဲ့ရိုက်ခတ်သံကြောင့်
ကြေမွနေတဲ့ စိတ်ဓါတ်တွေ
ပြန်လည်မာကြောလာခဲ့ပြီ။
မင်းကိုစတွေ့တဲ့နေ့က
ငါရဲ့နှလုံးခုန်သံတွေ
NON STOP လှုပ်ရှားနေခဲ့တာ
DJ တောင်အရှုံးပေးရလောက်တယ်။
မင်းရဲ့ နှင်းဆီပွင့်တစ်ခုလို
သေသပ်လှပတဲ့
နှုတ်ခမ်းလေးကြောင့်
ငါ့ရဲ့စိတ်ဓါတ်တွေ ယိုင်လဲလို့
ငေးမိတာ ချော်လည်းမတတ်ပါဘဲ။
မင်းရဲ့ အပြုံးလေးတစ်ခုက
လမင်းကြီးတောင် အရှုံးပေးရတယ်။
မင်းရဲ့ စကားသံလေးတွေက
ငြိမ်သက်နေတဲ့ ငါ့ရဲ့
HEART တည့်တည့်ကို
လာရောက်ထိမှန်ခဲ့တာ အသေချာဘဲ။
ယုံပါကွာ...အပိုမဟုတ်ဘူး
မင်းမြင်နိုင်မယ်ဆိုရင် ငါ့ရဲ့မျက်လုံးထဲမှာ
စကားလုံးတွေကို လာဖတ်ပေးလှည့်ပါ.....။။။။။။။

Tuesday, April 1, 2008

ကြယ်များ၏ခြေလှမ်း

မဲနယ်ရောင် ဆိုးထားတဲ့
အမှောင်ထုကို ဖြိုခွင်းရင်း
သူနဲ့ကျနော်
လမ်းလျှောက်လာခဲ့တယ်။
ကောင်းကင်ကြီးကို
မော့ကြည့်တော့
လမင်းရဲ့အဖော်တွေ
ဆင်းသက်လို့။
သူတို့တွေကိုကြည့်ရင်း
သူ့ကိုကျနော်မေးမိတယ်။
“ကြယ်လေးတွေက ဘယ်ကိုသွားကြတာလည်းဟင်”
သူက
“ကြယ်လေးတွေကသူ့ချစ်သူဆီသွားကြတာ”တဲ့
ကျနော်က
”တစ်ကယ်လို့အဖေအမေသို့မဟုတ်ချစ်တဲ့လူမရှိတဲ့ကြယ်လေးတွေဆိုရင်ရော”
သူက
“တစ်ယောက်ထဲ လေလွင့်နေမှာပေါ့”
ကျနော်ကြယ်လေးတွေကို
ငေးကြည့်ရင်းအတွေးများစွာနဲ့...။။။။။။

ဗိုင်းရပ်ဝင်ခြင်း

စိတ်ပျက်တယ်ဗျာ။ ကွန်ပြူတာဗိုင်းရပ်ဝင်သွားလို့ ကဗျာတွေစာတွေတောင်မရေးရဘူး။
အခု ၀တ္တုဆက်ရေးနေတယ်။ ခဏလောက်တော့စောင့်ပေးကြပါနော်။